What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 June 2018 15:41

ကားထဲမှာ ရေဘူးထားခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်

ကားထဲမှာ ရေဘူးထားခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင် Google.com

ကျွန်ုပ်တို့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။ ကျွန်ုပ်တို့ အသက်ရှင်ဖို့အတွက် လိုအပ်ချက်တွေထဲမှ တစ်ခုကတော့ ရေများများသောက်ခြင်းဖြစ်ပါတယ်။

ကားမောင်းနေစဉ်မှာတောင် တစ်ချိန်လုံး ရေဘူးထားတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံး ပြုလုပ်နေတဲ့ အမှားတစ်ခုကတော့ ပူနေတဲ့ကားတွင် ရေဘူးထားခြင်း ဖြစ်ပါတယ်။

ဘာတွေဖြစ်လာနိုင်လဲ

Image result for Bottled Water Stock Photo in car water
ကျွန်ုပ်တို့အတွက် အန္တရာယ်အကြီးဆုံးအရာကတော့ မီးလောင်မှုဖြစ်နိုင်ပါတယ်။ တကယ်တော့ ရေကဖြစ်နိုင်တာမဟုတ်ပေမဲ့ ပလတ်စတစ်ရေဘူးက မီးလောင်စေနိုင်ပါတယ်။ ကားပြတင်းပေါက်ကနေတဆင့် နေရောင်ကျလာတဲ့အခါ ရေဘူးက ချက်ချင်းပဲ အလင်းရောင်နှင့် အပူဖြစ်လာနိုင်ပါတယ်။ နေရောင်ကျရောက်တဲ့ချက်ချင်းပဲ မီးလောင်မှုဖြစ်စေနိုင်လောက်အောင်ကို ပူလာနိုင်ပါတယ်။

အကြောင်းအရင်း

Related image
မတော်တဆမှုဖြစ်ခဲ့တဲ့လူတစ်ယောက်က သူကားရပ်ထားပြီး ထိုင်နေစဉ် ကားထဲမှ အငွေ့များကို သတိထားမိခဲ့ပါတယ်။ သူစစ်ဆေးကြည့်လိုက်တဲ့အခါ ရေဘူးပေါ်ကျရောက်နေတဲ့နေရောင်ခြည်က မီးစလောင်ခဲ့ပါတယ်။ ထိုင်ခုံကတဆင့် စတင်လောင်ကျွမ်းမှုစတင်ဖို့ လုံလောက်တဲ့ အပူဖြစ်ပါတယ်။ ဒါပေမဲ့ ရေဘူးပေါ်တွင် အနည်းငယ်လောင်ကျွမ်းမှုတော့ ကျန်နေခဲ့ပြီး ပျက်စီးမှုအနည်းငယ်တော့ မရှိခဲ့ပါဘူး ဆိုတာကို တင်ပြခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်များက ဘာပြောခဲ့သလဲ

Image result for class book
သိပ္ပံပညာရှင်များရဲ့ အဆိုအရ ပြင်းထန်တဲ့အပူက ပလတ်စတစ်က ရေထဲကို ထုတ်လွှင့်ခဲ့တဲ့ bisphenolလို့ခေါ်တဲ့ အန္တရာယ်ဖြစ်စေသောဓာတုပစ္စည်းကို မြင့်တတ်စေနိုင်ပါတယ်။ ဒါကြောင့် ရေဘူးတစ်ဘူးက အရမ်းပူလာတဲ့အခါ လောင်ကျွမ်းနိုင်မည့် မီးတောက်ဖြစ်လာနိုင်ပါတယ်။

လေ့လာစမ်းသပ်ချက်

Image result for summer water
ကျွမ်းကျင်ပညာရှင်များက ရေဘူးအနည်းငယ်ကို တစ်လလောက် ပူတဲ့နေရာတွင် သိုလှောင်ခဲ့ပါတယ်။ လေးပတ်ကြာတဲ့အခါ ရေဘူးတွေက အပူချိန်၁၅၀ဒီဂရီဝန်းကျင်မှာ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ BPAပမာဏကလဲ ၁၀ကြိမ်ထက်ပိုပြီး မြင့်တတ်နေပါတယ်။

ဘာလုပ်သင့်သလဲ

Related image
နေရောင်ထဲမှာ ရေဘူးကိုထားမည့်အစား သင်နှင့် ယူသွားပြီး ကြောက်လန့်ဖွယ်မီးလောင်မှုမဖြစ်ပွားအောင် ရှောင်ကျဉ်ရပါမယ်။ ရေဘူးကို ယူမသွားနိုင်ရင် နေရောင်ခြည်မကျရောက်နိုင်တဲ့နေရာတွင်ထားကြည့်ပါ။

ကားထဲတွင် ကျန်ခဲ့တဲ့ရေဘူးကို သောက်လို့ရလား

Related image
ကားထဲတွင် ကျန်ခဲ့တဲ့ရေဘူးကို သောက်ဖို့အတွက် ကျန်းမာရေးပညာရှင်များက ထောက်ခံချက်ပေးမထားပါဘူး။ ပလတ်စတစ်ရေဘူးမှာ ပါဝင်တဲ့ BPAကြောင့်ဖြစ်ပါတယ်။ အပူချိန်၇၀ဒီဂရီဆဲလ်စီယပ်မှာ ရေဘူးကိုထားတဲ့အခါ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကားကို နေပူထဲတွင် ရပ်ထားတဲ့အခါ အတွင်းအပူချိန်၇၈ဒီဂရီဆဲလ်စီယပ်အထိ မြင့်တတ်နိုင်ပြီး သင့်ကျန်းမာရေးကိုလဲ ထိခိုက်စေနိုင်ပါတယ်။

source:mingalarbarmorning

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းနှင့်  ကျန်းမာရေး အကျိုးကျေးဇူးများ

Read times Last modified on Thursday, 21 June 2018 16:12
Rate this item
(2 votes)