What's New




Sunday, 19 November 2023 20:23

အစာအဆိပ်သင့်ပြီး အသက်ဆုံးရှုံးနိုင်သည့် "ထမင်းကြော် ရောဂါလက္ခဏာစု"

အစာအဆိပ်သင့်ပြီး အသက်ဆုံးရှုံးနိုင်သည့် "ထမင်းကြော် ရောဂါလက္ခဏာစု"

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အသက် ၂၀ နှစ်ရှိသူတဦး "ထမင်းကြော် ရောဂါလက္ခဏာစု"“fried rice syndrome” ကြောင့် ၂၀၀၈ ခုနှစ်မှာ အသက်ဆုံးရှုံးသည့်အကြောင်း TikTok မှာ တင်ပြခဲ့ရာ လူအများ စိတ်ဝင်စားမှုရေချိန် မြင့်မားသွားခဲ့သည်။

 

"ထမင်းကြော် ရောဂါလက္ခဏာစု" သည် ဘာစီလပ် စီရီယပ်စ် Bacillus cereus ဘက်တီးရီးယားကြောင့် အစားအစာထဲ အဆိပ်သင့်ခြင်းကို ရည်ညွှန်းပြောဆိုခြင်းသာဖြစ်ပြီး ထမင်းကြော်မှာသာမက အခြားအစားအစာအမျိုးမျိုးတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။

ချက်ပြုတ်ပြီးသား အစားအစာကို အခန်းအပူချိန်တွင် ကြာမြင့်စွာ ထားရှိသည့်အခါ ဖြစ်ပွားနိုင်ခြေ ရှိလာပါသည်။

 

အဆိုပါ အသက် ၂၀ နှစ်အရွယ် ရှိသူသည် ကောလိပ်ကျောင်းသား တဦးဖြစ်ပါသည်။ သူကိုယ်တိုင်ချက်ထားသည့် အီတလီခေါက်ဆွဲ စပက်ဂက်တီ spaghetti ကို ရေခဲသေတ္တာထဲ သိမ်းထားပြီး ၅ ရက် အကြာမှာ ပြန်ထုတ်ယူကာ နွှေးပြီး စားသုံးခဲ့ပါသည်။

၎င်းခေါက်ဆွဲ အစာအဆိပ်သင့်ပြီး အသက်ဆုံးရှုံးသွားခဲ့ပါသည်။

ယခုလို အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားသည်မှာ မှန်သော်လည်း ဖြစ်ခဲပါသည်။ 

အစားအစာကို နည်းလမ်းမှန်ကန်စွာဖြင့် စနစ်တကျ မသိမ်းဆည်းလျှင် Bacillus cereus ဘက်တီးရီးယား‌ကြောင့် အစာအိမ် ထိခိုက်နိုင်ပါသည်။

 

Bacillus cereus သည် ပတ်ဝန်းကျင်တွင် ရှိနေကျ ဘက်တီးရီးယား ဖြစ်ပါသည်။

၎င်းဘက်တီးရီးယားသည် ချက်ပြုတ်ပြီးသား အစားအစာထဲ ရောက်ရှိလာသည့်အခါ ဒုက္ခလှလှ ပေးတတ်ပါသည်။

ဆန်နှင့် ခေါက်ဆွဲကဲ့သို့သော ကစီဓာတ်များသော အစားအစာများသည် မီးလောင်ရာ လေပင့်ပါသည်။

သို့သော် ချက်ပြုတ်ပြီးသား ဟင်းသီးဟင်းရွက်၊ အသားဟင်းလျာတို့တွင်လည်း သက်ရောက်မှု ရှိပါသည်။

အချို့သော ဘက်တီးရီးယားများသည် အဆိပ်အတောက်များကို ထုတ်ပေးနိုင်သည်။ ကြာကြာထားမည့် အစားအစာကို ရေခဲသေတ္တာထဲ ဆောလျင်စွာဖြင့် သိမ်းဆည်းခြင်း မပြုဘဲ အခန်းအပူချိန်တွင် သိမ်းဆည်းထားလျှင် ၎င်းအဆိပ်အတောက်များ ပိုများလာနိုင်ပါသည်။

 

Bacillus cereus ကြောင့် ကျန်းမာရေး ပြဿနာ ကြီးထွားရသည်မှာ အခြားဘက်ထရီများ ထုတ်လုပ်ခြင်း မရှိသည့် spore ဟုခေါ်သည့် မျိုးမှုန်ဆဲလ်တမျိုးကို ထုတ်လုပ်ပါသည်။

‌၎င်းသည် အပူဒဏ် ခံနိုင်ရည် မြင့်မားပါသည်။ 

အစားအစာကို အပူပေးပြီး ပြန်နွှေးလိုက်လျှင် အပူချိန် မြင့်လာသည့်အခါ ဘက်တီးရီးယားများ သေကြေကြရာ၌ Bacillus cereus သည် မသေနိုင်ပါ။ ဆက်လက် ရှင်သန်ပါသည်။ 

Bacillus cereus မှ ထုတ်လုပ်သည့် မျိုးမှုန်ဆဲလ်သည် ငြိမ်နေငုပ်နေသည့် သဘာဝ ရှိပါသည်။ သို့သော် ၎င်းဆဲလ် ထကြွစေသည့် အပူချိန်နှင့် အခြေအနေများ ဖြစ်ပွားပါက စတင်ထကြွပြီး အဆိပ်အတောက်များ ထုတ်လုပ်ပါသည်။ ၎င်း အဆိပ်အတောက်များကြောင့် ကျန်းမာရေး ထိခိုက်ပါသည်။

အဓိကလက္ခဏာမှာ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း အထက်လှန်အောက်လျှော ဖြစ်ပွားပါသည်။

 

အကယ်စင်စစ်  Bacillus cereus ဘက်တီးရီးယား ၂ မျိုးကြောင့် ယခုလို အထက်လှန်အောက်လျှော ဖြစ်ပွားရပါသည်။ တမျိုးကြောင့် အော့အန်ပြီး ကျန်တမျိုးကြောင့် ဝမ်းလျှောပါသည်။

 

ရက်အနည်းငယ်အတွင်း ပြန်ကောင်းသွားနိုင်သော်လည်း မပေါ့ဆသင့်ပါ။ ဆေးကုသမှု ခံယူသင့်ပါသည်။

 

Source cna


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 19 November 2023 20:25
Rate this item
(0 votes)