What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 March 2019 16:13

နှလုံးရောဂါ စဉ်းစားစရာ အပိုင်းများ

နှလုံးရောဂါ မျိုးစုံရှိတဲ့ အထဲက ဒီ တစ်ခါဆွေးနွေး မှာကတော့ နှလုံးသွေးကြော တွေပိတ်သွားခြင်းကြောင့်ဖြစ်တဲ့ နှလုံးရောဂါ ဖြစ်ပါတယ်။ ခေတ်နဲ့အလိုက် ကမ္ဘာ တစ်ဝှမ်းလုံးမှာ အဖြစ်အများဆုံး ရောဂါဖြစ်နေတာမို့ သေသေချာချာနားလည်ဖို့လို ပါလိမ့်မယ်။

လူတွေအများဆုံး သေကြတဲ့ အကြောင်းလဲဖြစ်နေလို့ လဲဖြစ်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေ မှာဖြစ်ပါတယ်။ နှလုံး သွေးကြောပိတ်ပြီဆိုရင် ကုရိုးကုစဉ် ဆေးပညာကတော့ ဘယ်လောက် ပမာဏ ပိတ်နေသလဲ ၊ ဘယ်နေရာ မှာ ပိတ်နေသလဲ ၊ ဘယ်သွေးကြော ပိတ်နေတာလဲ ဆိုတာပေါ်မှာ မူတည်ပြီး ၊ သောက်ဆေးပေး ချင်ပေးမယ် ၊ stent ထည့်ချင်ထည့်မယ် ၊ by-pass လုပ် ချင် လုပ် မယ် ဖြစ်ပါတယ်။

 

ဒီလိုနဲ့ပဲ နှလုံးသွေးကြောပြန် ပိတ် သူတွေလည်းရှိပါတယ်။ အချို့လူတွေ ကြတော့လဲ ပြန်လည် စစ်ဆေးခြင်း မရှိတာကြောင့် ၊ ပြန်ပိတ်လေသလား ၊ မပိတ်လေ သလားလဲ မသိကြပါ။ အချို့ ကြတော့လဲ ရင်ဘတ် အောင့်ခြင်း ၊ မောပန်းနွမ်းလျနေခြင်း မရှိတာကြောင့် ၊ ဆေးတွေပဲ ဆက်မှီဝဲ နေပြီး ဘဝကို ရှင်သန်ဖြတ်သန်း နေကြတာ ဖြစ်ပါတယ်။

Read More : ကျောက်ကပ် ရောဂါရှိတဲ့သူတွေ အနေနဲ့ ရှောင်ကြဉ်ရမယ့်အရာများ

 

အားလုံးသိကြတဲ့အတိုင်း ၊ အတွေးအခေါ် အသစ်တွေဟာ အမြဲလိုလို ပေါ်ပေါက်လာနေတာမို့ ၊ ဗဟုသုတ အနေ နဲ့ ပဲဖြစ်ဖြစ် လေ့လာကြည့်မယ်ဆိုရင် ဘယ်လိုမှ အရှုံးမရှိနိုင်ဖူး လို့ထင်ပါတယ်။ အရင်ဦးဆုံး နားလည်ရမှာက တော့ နှလုံးသွေးကြော တွေရဲ့ သဘာဝ ဖြစ်ပါတယ်။ သူ တို့တ တွေဟာ အင်္ဂလိပ် အသုံးအနှုံး နဲ့ ဆိုရင် End Arteries များမဟုတ်ကြပါ။

 

End artery ဆိုတာက သွေးကြော တွေဟာ သူ့ ဘေးမှာရှိတဲ့ သွေးကြော တွေနဲ့ ပေါင်းစပ် ရောနှော ခြင်းမရှိပဲ ၊ သူ့ဘာသာသူ သီးသပ် ရှိနေတာ ကို ပြောတာပါ။ နောက်တစ်နည်း ပြောရမယ်ဆိုရင် ပိတ်ဆို့နေတဲ့နေရာ ကို ကျော် ပြီးကြားဖြတ် လမ်းတွေမရှိနိုင်တာ ကို ဆိုလိုပါတယ်။ No collateral circulation.

 

End artery ရှိတဲ့ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း တွေကတော့ အရိုးအရှည်များ ၊ ကျောက်ကပ် ၊ သရက်ရွက် ၊ အဆုပ် ၊ မျက်ကြည်လွှာ စသည်တို့ ဖြစ်ပါတယ်။ သို့ပါသော်လည်း နှလုံးမှာရှိတဲ့ သွေးကြော တွေဟာ end arteries မဟုတ်တာကြောင့်၊ သွေးကြော ပိတ်နေပေမဲ့ ၊ ပိတ် တဲ့ နေရာကိုပတ်ပြီး ၊ သွေးသွားစေမဲ့ collateral circulation တွေရှိနေပါတယ်။

 

နှလုံးသွေး ကြောတွေရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ဒီနေ့အဖို့ သိကြရမဲ့ ၊ ဗဟုသုတလေးက တော့ နှလုံးသွေး ကြောတွေ မှာ ဘေးအကူ သွေးကြောလေး များ လမ်းဖွင့်ပေးနိုင်တယ် ဆိုတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ နှလုံးသွေးကြောတွေ ဟာ end arteries တွေ မဟုတ် လို့ပါပဲ။

 

Source: ဒေါက်တာ ခင်နွယ်ဝင်း

Health Products Directory

Read times Last modified on Tuesday, 10 March 2020 09:00
Rate this item
(1 Vote)