What's New




Tuesday, 06 February 2024 17:57

ကမ္ဘာ့အချမ်းသာဆုံး ဆရာဝန် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးလာ

ကမ္ဘာ့အချမ်းသာဆုံး ဆရာဝန် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးလာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဆော်ဒီအာရေဗျမှ ဆရာဝန် Sulaiman Al Habib သည် ၎င်း၏ ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီ၏ ရှယ်ယာများ ဈေးနှုန်း ပြန်လည်မြင့်တက်လာသဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ အချမ်းသာဆုံး သူဌေးများစာရင်းထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ ၎င်း၏  ချမ်းသာကြွယ်ဝမှုသည် ကန်ဒေါ်လာ ၁၂ ဘီလျံနီးပါး ဖြစ်လာသည်။

 

photo_2024-02-06_17-53-41.jpg

 

Sulaiman Al Habib ၏အမည်ဖြင့် ထူထောင်ထားသောကုမ္ပဏီ၏ အစုရှယ်ယာများသည် အောက်တိုဘာလတွင် တစ်နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီးနောက် ၃၀% ပြန်မြင့်တက်လာသည်။

ကုမ္ပဏီ ထူထောင်သူ Al Habib သည် အစုရှယ်ယာ ၄၀% ပိုင်ဆိုင်ထားသဖြင့် ရှယ်ယာ ဈေးနှုန်းများ မြင့်တက်သည့်အလျောက် ချမ်းသာကြွယ်ဝမှု တိုးသွားပြီး အရှေ့အလယ်ပိုင်းဒေသတွင် တော်ဝင်မိသားစုဝင် မဟုတ်သူများအကြား တတိယအချမ်းသာဆုံး သူဌေးအဖြစ်သို့ ရောက်ရှိကြောင်း Bloomberg Billionaires Index တွင် ဖော်ပြထားသည်။ 

 

ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်တွင် လူအများသို့ အစုရှယ်ယာများကို ကနဦး ရောင်းချခဲ့သည်။ ထိုစဉ်တုန်းက ရှယ်ယာဈေးနှုန်း၏ ၆ ဆ သို့ မြင့်တက်နေပြီ ဖြစ်သည်။

ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၂၈ ဘီလီယံ ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီ Dr Sulaiman Al Habib Medical Services Group Co. ကို ၁၉၉၃ ခုနှစ်တွင် ဆေးခန်းတခု ဖွင့်လှစ်ခြင်းဖြင့် စတင်ခဲ့သည်။ ယခုအခါ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနှင့် ဘာရိန်းတို့တွင် စုစုပေါင်း  ဆေးရုံ ၂၂ ရုံနှင့် ဆေးဆိုင် ၂၂ ဆိုင် ဖွင့်လှစ်ထားသည်။ ဆောက်လုပ်ဆဲ ဆေးရုံ ၁၀ ခု ရှိသည်။ 

အယ်လ်ဟာဘစ်သည် ၁၉၇၇ ခုနှစ်တွင် Riyadh's King Saud တက္ကသိုလ်မှ ဆေးပညာနှင့် ခွဲစိတ်မှုဘွဲ့ကို ရရှိခဲ့သည်။

၁၉၈၄ ခုနှစ်တွင် British Royal College of Physicians တွင် ကလေးအထူးကုဘွဲ့ ရယူခဲ့သည်။

 

 သူသည် ဆော်ဒီအာရေဗျနိုင်ငံ ရီယဒ်မြို့ရှိ အစိုးရပိုင် ဆေးရုံ နှစ်ခုတွင် ဆေးဘက်ဆိုင်ရာ အရာရှိချုပ်နှင့် ကလေးအထူးကု အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဘီလီယံနာအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သော ဆရာဝန်  Al Habib သည် ၇၀ နှစ်ကျော် အသက်အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

 

Al Habib သည် Bloomberg အညွှန်းကိန်းတွင် ပဉ္စမမြောက် အချမ်းသာဆုံး သမားတော်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေး စာရင်းဝင်သည့် ဆေးဘက်ဆိုင်ရာ ဆရာဝန် အနည်းငယ်သာ ရှိသည့်အထဲမှ တစ်ဦးဖြစ်ပါသည်။

Source Bloomberg 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 06 February 2024 17:59
Rate this item
(0 votes)