What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 October 2019 15:46

သန္႔ရွင္းသပ္ရပ္တဲ႔ အိမ္ေလးက ေပးစြမ္းတဲ႔ အက်ိဳးေက်းဇူး (၇) ခ်က္

အိမ္ေလးဆိုရင္ သန႔္ရွင္းသပ္ရပ္ေနမွႀကိဳက္တယ္ဆိုတာက ႀကီးက်ယ္တာမဟုတ္ပါဘူး။ ဒါက လူတိုင္းမွာျဖစ္သင့္တဲ့ စိတ္ဆႏၵတစ္ခုပါေနာ္။ 

ၾကမ္းျပင္ေလးဆိုေျပာင္ေနမွ၊ မွန္ေလးဆိုၾကည္ေနမွ၊ စင္ေလးေတြဆို ဖုန္ကင္းေနမွဆိုတာက လိုအပ္တဲ့ အိမ္သန႔္ရွင္းမႈေတြထဲက အေျခခံက်တဲ့အေၾကာင္းအရာပါေနာ္။ မနက္ခင္းလင္းလာရင္ မ်က္ႏွာသစ္၊ ကိုယ္လက္သန႔္စင္ၿပီးတာနဲ႔ လုပ္မိတာက ေနအိမ္ေလးသန႔္စင္ဖို႔ဆိုရင္ေတာ့ ကိုယ္တိုင္ေရာ မိသားစုအတြက္ပါ ေကာင္းက်ိဳးမ်ားတဲ့ အလုပ္ေလးတစ္ခုကို လုပ္မိေနတာပါ။

 

ေနအိမ္ေလးကို ပုံမွန္သန႔္ရွင္းသပ္ရပ္ေနေအာင္ ထားတာက အခုလိုအက်ိဳးေက်းဇူးေလးေတြကို ရရွိေစႏိုင္ပါတယ္။ 

ဓာတ္မတည့္မႈျဖစ္ႏိုင္ေျခနည္းေစတယ္

အိမ္ကို ပုံမွန္သန႔္ရွင္းေနတဲ့အတြက္ ဖုန္မႈန႔္နဲ႔ ဓာတ္မတည့္မႈ ျဖစ္ေစႏိုင္တဲ့အရာေတြကို သန႔္စင္ၿပီးသားျဖစ္ေနမွာပါ။ တံျမက္စည္းလွည္းတာ၊ ဖုန္စုပ္တာေတြမွာ ဓာတ္မတည့္မႈျဖစ္ေစႏိုင္တဲ့ အရာေတြကို ဖယ္ရွားသန႔္စင္ၿပီးျဖစ္တာေၾကာင့္ အေအးမိ၊ တုပ္ေကြးအႏၲရာယ္ေတြကေနလည္း ကာကြယ္ၿပီးသားျဖစ္ေစမွာပါ။ အသက္ရႈလမ္းေၾကာင္းျပႆနာ၊ ပန္းနာရင္က်ပ္ေရာဂါေတြလည္း ကင္းေဝးေစပါတယ္။

 

ေရာဂါကင္းတယ္

ေန႔တိုင္း ေရအိမ္၊ ေရခ်ိဳးခန္းကစလို႔ မီးဖိုခန္း၊ အိပ္ခန္း၊ ဧည့္ခန္းပါမက်န္ သန႔္စင္ထားမႈေၾကာင့္ ခႏၶာကိုယ္ကို ထိခို္က္ေစႏိုင္တဲ့ မ်က္စိနဲ႔ မျမင္ရတဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ၿပီးသားျဖစ္ပါတယ္။ ေလထဲကေနတဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါပိုးေတြကိုပါ တိုက္ဖ်က္ၿပီးသားျဖစ္လို႔ က်န္းမာၿပီးေရာဂါကင္းေစမွာပါ။

 

မႈိေပါက္ဖြားမႈေလ်ာ့နည္းေစႏိုင္တယ္

ပူေႏြးစိုစြတ္မႈေတြေၾကာင့္ ေကာေဇာ၊ ခန္းဆီးလိုက္ကာေတြ၊ အိပ္ရာခင္းေတြမွာ မႈိပိုးေတြေပါက္ဖြားေနႏိုင္ပါတယ္။ ဒီမႈိပိုးေတြက အေရျပားက်န္းမာေရးကို ထိခိုက္ေစႏိုင္သလို အသက္ရႈလမ္းေၾကာင္းျပႆနာေတြ၊အေအးမိတုပ္ေကြးျပႆနာေတြ၊ ဓာတ္မတည့္မႈေတြနဲ႔ အျခားေသာက်န္းမာေရးျပႆနာေတြျဖစ္ႏိုင္ပါတယ္။

 

ပိုးမႊားႏွိမ္းနင္းေရးလုပ္ငန္းေပါင္း ၁၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ။

Image result for pest control services

 

ထိခိုက္ဒဏ္ရာရႏိုင္ေျခနည္းေစတယ္

သပ္ရပ္တဲ့ေနအိမ္မွာ မ်က္စိမွိတ္ၿပီးပဲသြားသြား၊ အေမွာင္ထဲမွာပဲေလွ်ာက္ေလွ်ာက္ ထိခိုက္မိႏိုင္ေျခကနည္းပါတယ္။ လူႀကီးေတြ၊ ကေလးငယ္ေတြရွိေနတဲ့ ေနအိမ္ေတြမွာဆိုရင္ သန႔္ရွင္းသပ္ရပ္မႈက မျဖစ္မေနဂ႐ုစိုက္ရမယ့္အခ်က္ပါ။ ထိခိုက္မႈနည္းတာက ခႏၶာကိုယ္က်န္းမာေစဖို႔ အေရးပါတဲ့ အခ်က္တစ္ခုလဲ ျဖစ္တယ္။

 

စိတ္ဖိစီးမႈနည္းေစတယ္

အိမ္ေလးသပ္ရပ္သန႔္ရွင္းေနတာက မလိုလားအပ္ဘဲျဖစ္တဲ့ စိတ္ဖိစီးမႈေတြကို သက္သာေစႏိုင္ပါတယ္။ အိမ္ေလးက သပ္ရပ္ေနေတာ့ ပစၥည္းတစ္ခုခုလိုခ်င္ၿပီဆိုရင္လည္း အလြယ္တကူရွာလို႔ရေတာ့ ပစၥည္းရွာရတာေၾကာင့္ရလာတဲ့ စိတ္ဖိစီးမႈကင္းေစပါတယ္။

မီးဖိုေခ်ာင္ကေနစလို႔ အိပ္ခန္းနဲ႔ ဧည့္ခန္းပါမက်န္သန႔္ရွင္းေနမႈက စိတ္ဖိစီးမႈကင္းၿပီး ကိုယ့္ကိုယ္ကိုယုံၾကည္မႈတိုးေစမွာပါ။

 

ပိုးမႊားေတြအႏၲရာယ္ကေန ကာကြယ္ႏိုင္တယ္

ေနအိမ္ကိုဖ်က္ဆီးၿပီး က်န္းမာေရးကို အေႏွာင့္အယွက္ေပးတဲ့ ပိုးမႊားေတြကို ပုံမွန္သန႔္စင္ေပးတာက ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာကိုပါ က်န္းမာေစႏိုင္ပါတယ္။

 

အဝမလြန္ေအာင္ကာကြယ္ေပးႏိုင္တယ္

ဖုန္မႈန႔္ေတြ သန႔္စင္ေနေအာင္ဖန္တီးမႈက သင့္ကို ဝိတ္မတက္ေအာင္ကာကြယ္လိုက္သလိုပါပဲ။ ဖုန္ကင္းစင္တဲ့ ပတ္ဝန္းက်င္က အဆီမတက္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

 

Source Mizzima

(Unicode)

======

သန့်ရှင်းသပ်ရပ်တဲ့ အိမ်လေးက ပေးစွမ်းတဲ့ အကျိုးကျေးဇူး (၇) ချက်

 

အိမ်လေးဆိုရင် သန့်ရှင်းသပ်ရပ်နေမှကြိုက်တယ်ဆိုတာက ကြီးကျယ်တာမဟုတ်ပါဘူး။ ဒါက လူတိုင်းမှာဖြစ်သင့်တဲ့ စိတ်ဆန္ဒတစ်ခုပါနော်။ ကြမ်းပြင်လေးဆိုပြောင်နေမှ၊ မှန်လေးဆိုကြည်နေမှ၊ စင်လေးတွေဆို ဖုန်ကင်းနေမှဆိုတာက လိုအပ်တဲ့ အိမ်သန့်ရှင်းမှုတွေထဲက အခြေခံကျတဲ့အကြောင်းအရာပါနော်။ မနက်ခင်းလင်းလာရင် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးတာနဲ့ လုပ်မိတာက နေအိမ်လေးသန့်စင်ဖို့ဆိုရင်တော့ ကိုယ်တိုင်ရော မိသားစုအတွက်ပါ ကောင်းကျိုးများတဲ့ အလုပ်လေးတစ်ခုကို လုပ်မိနေတာပါ။

 

နေအိမ်လေးကို ပုံမှန်သန့်ရှင်းသပ်ရပ်နေအောင် ထားတာက အခုလိုအကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။

 

ဓာတ်မတည့်မှုဖြစ်နိုင်ခြေနည်းစေတယ်

အိမ်ကို ပုံမှန်သန့်ရှင်းနေတဲ့အတွက် ဖုန်မှုန့်နဲ့ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေကို သန့်စင်ပြီးသားဖြစ်နေမှာပါ။ တံမြက်စည်းလှည်းတာ၊ ဖုန်စုပ်တာတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပြီးဖြစ်တာကြောင့် အအေးမိ၊ တုပ်ကွေးအန္တရာယ်တွေကနေလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ အသက်ရှုလမ်းကြောင်းပြဿနာ၊ ပန်းနာရင်ကျပ်ရောဂါတွေလည်း ကင်းဝေးစေပါတယ်။

 

ရောဂါကင်းတယ်

နေ့တိုင်း ရေအိမ်၊ ရေချိုးခန်းကစလို့ မီးဖိုခန်း၊ အိပ်ခန်း၊ ဧည့်ခန်းပါမကျန် သန့်စင်ထားမှုကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပြီးသားဖြစ်ပါတယ်။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကိုပါ တိုက်ဖျက်ပြီးသားဖြစ်လို့ ကျန်းမာပြီးရောဂါကင်းစေမှာပါ။

 

မှိုပေါက်ဖွားမှုလျော့နည်းစေနိုင်တယ်

ပူနွေးစိုစွတ်မှုတွေကြောင့် ကောဇော၊ ခန်းဆီးလိုက်ကာတွေ၊ အိပ်ရာခင်းတွေမှာ မှိုပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။ ဒီမှိုပိုးတွေက အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်သလို အသက်ရှုလမ်းကြောင်းပြဿနာတွေ၊အအေးမိတုပ်ကွေးပြဿနာတွေ၊ ဓာတ်မတည့်မှုတွေနဲ့ အခြားသောကျန်းမာရေးပြဿနာတွေဖြစ်နိုင်ပါတယ်။

 

ပိုးမွှားနှိမ်းနင်းရေးလုပ်ငန်းပေါင်း ၁၀ ကျော်ကို ကြည့်ရန် နှိပ်ပါ။

Image result for pest control services

 

ထိခိုက်ဒဏ်ရာရနိုင်ခြေနည်းစေတယ်

သပ်ရပ်တဲ့နေအိမ်မှာ မျက်စိမှိတ်ပြီးပဲသွားသွား၊ အမှောင်ထဲမှာပဲလျှောက်လျှောက် ထိခိုက်မိနိုင်ခြေကနည်းပါတယ်။ လူကြီးတွေ၊ ကလေးငယ်တွေရှိနေတဲ့ နေအိမ်တွေမှာဆိုရင် သန့်ရှင်းသပ်ရပ်မှုက မဖြစ်မနေဂရုစိုက်ရမယ့်အချက်ပါ။ ထိခိုက်မှုနည်းတာက ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုလဲ ဖြစ်တယ်။

 

စိတ်ဖိစီးမှုနည်းစေတယ်

အိမ်လေးသပ်ရပ်သန့်ရှင်းနေတာက မလိုလားအပ်ဘဲဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ပါတယ်။ အိမ်လေးက သပ်ရပ်နေတော့ ပစ္စည်းတစ်ခုခုလိုချင်ပြီဆိုရင်လည်း အလွယ်တကူရှာလို့ရတော့ ပစ္စည်းရှာရတာကြောင့်ရလာတဲ့ စိတ်ဖိစီးမှုကင်းစေပါတယ်။ မီးဖိုချောင်ကနေစလို့ အိပ်ခန်းနဲ့ ဧည့်ခန်းပါမကျန်သန့်ရှင်းနေမှုက စိတ်ဖိစီးမှုကင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေမှာပါ။ 

 

ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်နိုင်တယ်

နေအိမ်ကိုဖျက်ဆီးပြီး ကျန်းမာရေးကို အနှောင့်အယှက်ပေးတဲ့ ပိုးမွှားတွေကို ပုံမှန်သန့်စင်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။

 

အဝမလွန်အောင်ကာကွယ်ပေးနိုင်တယ်

ဖုန်မှုန့်တွေ သန့်စင်နေအောင်ဖန်တီးမှုက သင့်ကို ဝိတ်မတက်အောင်ကာကွယ်လိုက်သလိုပါပဲ။ ဖုန်ကင်းစင်တဲ့ ပတ်ဝန်းကျင်က အဆီမတက်အောင်ကာကွယ်ပေးနိုင်ပါတယ်။

Read times Last modified on Tuesday, 08 October 2019 16:03
Rate this item
(1 Vote)