What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 January 2018 14:52

Probiotics ရရှိခြင်း၏ ကောင်းကျိုးများ

Probiotics ရရှိခြင်း၏ ကောင်းကျိုးများ google.com

ခန္ဓာကိုယ်တွင် Probiotics ကိုလိုအပ်ရခြင်းမှာ-

(၁) အစာကြေညက်ခြင်းစွမ်းရည်ကို တိုးမြှင့်ပေးပြီး ဝမ်းမှန်စေသည်။

(၂) အူမတွင်း ပိုးမွှားများပြန်လည်ဖြည့်တင်းပေးရန် ရောင်းရမ်းမှုကို ထိန်းချုပ်ပေးသည်။

(၃) မှိုရောဂါ ကူးစက်ဖြစ်ပွားမှုပမာဏကို လျော့ စေသည်။

(၄)ှဗီတာမင်များအား စုပေါင်းညှိုနိုင်းဆောင်ရွက်မှုစွမ်းရည်ကို တိုးမြှင့်ပေးသည်။

(B12 နှင့် K အပါအဝင်ဖြစ်သည်)

(၅) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်သို့ ချခြင်းနှင့် ထိန်းသိမ်းခြင်းတို့တွင် ကူညီပေးသည်။

(၆) မလိုလားအပ်သော ဘတ်တီးရီးယားတို့ကို တိုက်ထုတ်ရန် ဘတ်တီးရီးယားဆန့်ကျင်သည့် ဒြပ်ပေါင်းအား ထုတ်လုပ်ပေးသည်။

(၇) စိုးရိမ်ကြောင့်ကြမှု ကိုထိန်းချုပ်ရန် အူအတွင်း၌ရှိသော အာရုံကြောများ၏ စိတ်လှုပ်ရှားစေတတ်ခြင်းကို လျော့ချပေးသည်။

(၈) များစွာသော ပုံမှန်အစာခြေလမ်းကြောင်း မူမမှန်ဖြစ်ခြင်းများကို သက်သာစေသည်။

အကျိုးကျေးဇူးတွေ အနေနဲ့တော့……..

(၁) ပဋိဇီဝဆေး အကျိုးဆက်ကြောင့် ဝမ်းလျောခြင်းကို ကာကွယ်ကုသပေးသည်။

(၂) ကျန်းမာကောင်းမွန်သော ကိုလက်စထရောကို အားပေးသည်။

(၃) စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုတို့ကို ကင်းဝေးစေသည်။

(၄) ဝမ်းဗိုက် နာခြင်း၊ အောင့်ခြင်း( အူသိမ်အူမ ကသိကအောက်ရောဂါ လက္ခဏာများ) တို့ကို သက်သာစေသည်။

(၅) ကိုယ်ခံအားစနစ်၏ လုပ်ငန်းတာဝန်ကို ကြံကြံခံ ကာကွယ်ပေးသည်။

(၆) ကိုယ်တွင်းပြည်တည်နာဖြစ်ခြင်းကို အမြစ်ဖြတ်သုတ်သင်သည်။

(၇) ဆီးချိုရောဂါ မဖြစ်အောင် တားဆီးပေးသည်။

(၈) ဒိုင်ဝါတီခရူလာ ရောဂါ( အူတွင်း၌ အိတ်ငယ်ကလေးများဖြစ်ပေါ်ခြင်းနှင့် ၎င်းတို့ရောင်ရမ်းခြင်း (သို့) သွေးယိုခြင်း) ကို ထိန်းချုပ်ပေးသည်။

(၉) ပိုနေသော ဝမ်းဗိုက်အဆီကို လျှော့ကျစေသည်။

Probiotics ပါဝင်သော အစားအစာများမှာ-

(၁) Kefir   (အချဉ်ဖောက်ထားသော နွားနို့)

(၂) Sauerkraut (ဂေါ်ဖီထုပ်ချဉ်)

(၃) Kombucha (အချဉ်ဖောက် လက်ဖက်)

(၄) အုန်းနို့ ကဖီးရာ

(၅) Kvass (အချဉ်ဖောက်ထားသော နှံစားပင် အရော)

(၆) ဒိန်ချဉ်

(၇) Natto (အချဉ်ဖောက် ပဲပိစပ်)

(၈) ချိစ့်အကြမ်း (အပူပေး၍ ပိုးမသတ်ထားသော နိ့ဖြင့်ပြုလုပ်ထားသော ချိစ့်)

(၉) ပန်းသီး ရှာလကာရှည်

(၁၀) သံလွင်သီး ဆားရည်စိမ်

(၁၁) Tempeh (တိုဖူးချဉ်)

(၁၂) Miso soup

(၁၃) ကင်ချီ

(၁၄) အော်ဂဲနစ် ချောကလက်ညို

Read: Probiotic ပါဝင်သော water kefir ပြုလုပ်နည်း

Read times
Rate this item
(0 votes)