What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 26 April 2018 14:07

မျက်စိကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်သည့်အချက် ( ၆) ချက်

မျက်စိကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်သည့်အချက် ( ၆) ချက် google.com

မျက်စိကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်သည့်အချက် ( ၆) ချက် ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) နေကာမျက်မှန်မပါဘဲ အပြင်ထွက်ခြင်း

Related image

အပြင်သွားသည့်အခါ နေကာမျက်မှန်မပါပဲ အပြင်သွားပါက မျက်ဝန်းတစ်ဝိုက်အရေးအကြောင်းများ ထင်တတ်သလို၊ မျက်အိတ်တွဲကျခြင်း၊ မျက်ကွင်းညို ခြင်းများလည်း ဖြစ်တတ်ပါတယ်။ ထို့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိအတွင်း တိမ်စွဲခြင်း၊တို့ ဖြစ်စေနိုင်ပါတယ်။

(၂) မျက်စိပွတ်ခြင်း

Image result for avoid for health eye

မျက်စိယားလာ၍ ပွတ်ခြင်းကြောင့် မျက်အိတ်တွဲကျခြင်း ဖြစ်စေနိုင်ပြီး မသန့်ရှင်းသော လက်ကြောင့်လည်း မျက်စိထဲပိုးဝင်ပြီး မျက်စိစွံခြင်းနှင့် မျက်စိနီခြင်းတို့ဖြစ်စေနိုင်ပါတယ်။

(၃) မျက်ကပ်မှန်တပ်ရင်း ရေချိုးခေါင်းလျှော်ခြင်း

ရေချိုးချိန်နှင့် ခေါင်းလျှော်ချိန်တွင် မျက်ကပ်မှန်ကို ဖြုတ်ထားရမည်။ မျက်ကပ်မှန်တပ်ပြီး ရေချိုး၊ခေါင်းလျှော် ခြင်းကြောင့် မလိုလားအပ်သော မျက်စိနီမြန်းမှုတွေဖြစ်ကာ အမြင်အာရုံကိုထိခိုက်စေပါတယ်။

(၄) မျက်ကပ်မှန်တပ်ရင်း အိပ်စက်ခြင်း

မျက်ကပ်မှန်တပ်ပြီး အိပ်စက်ခြင်းကြောင့် မျက်စိထဲကူးစက်ပိုးဝင်နိုင်ခြေ ငါးဆ နှင့် ၁၀ ဆကြား မြင့်တတ်စေပါတယ်။

(၅) မျက်ကပ်မှန်ကို သတ်မှတ်ရက်အတိုင်းအသစ်မလဲခြင်း

Related image

မျက်ကပ်မှန်တစ်စုံ၏ သက်တမ်းမှာ အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ သတ်မှတ်ချက်ကို ကျော်လွန်ပြီး မျက်ကပ်မှန်ကို တပ်ဆင်အသုံးပြုခြင်းကြောင့် မျက်စိကျန်းမာရေးကို ထိခိုက်စေမှာပါ။

(၆) မျက်စဉ်းဆေးကို ကိုယ့်သဘောနှင့်ကိုယ် ခတ်ခြင်း

Related image

မျက်စဉ်းဆေး (အထူးသဖြင့် စတီးရှိုက်ပါသည့် မျက်စဉ်းဆေး) ကို ဆရာဝန်၏ ညွန်ကြားချက်မပါဘဲ ကိုယ့်သဘောနှင့် ကိုယ်ခတ်ခြင်း ကြောင့် မျက်စိအမြင်အာရုံထိခိုက်သည် အထိ ဖြစ်စေနိုင်ပါသည်။

Source: YCDC

Read:  နှလုံးကျန်းမာရေးအတွက်အစားအစာ ( ၁၅ ) မျိုး

နှလုံးကျန်းမာရေးအတွက်အစားအစာ ( ၁၅ ) မျိုး

Read times
Rate this item
(0 votes)