What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 January 2018 11:42

ကော်ဖီသောက်ခြင်းကြောင့် အသက်ပိုရှည်လာနိုင်

ကော်ဖီသောက်ခြင်းကြောင့် အသက်ပိုရှည်လာနိုင် google.com

တနေ့ကို ကော်ဖီ ၃ ခွက်မှ ၅ ခွက်သောက်ခြင်းဟာ အသက်ပိုရှည်နိုင်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

နှလုံးရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်စောစော သေစေတဲ့အန္တရာယ်ပါကင်ဆိုနစ်ဇင် Parkinsonism လို့ခေါ်တဲ့ လက်တုန်မျက်နှာသေရောဂါ၊ ဆီးချို သွေးချိုရောဂါတွေကို ဖြစ်နိုင်ခြေ နည်းပါးသွားစေတယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၃၀ ကျော်လောက် လူဦးရေ ၂ သိန်းကျော်ကို လေ့လာသုတေသန ပြုချက်အရ ကော်ဖီသောက်ခြင်းကြောင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုတွေ လျော့ကျ သွားနိုင်ပါတယ်။

ကော်ဖီသောက်လို့ရတဲ့ ကျန်းမာရေးအကျိုးကျေဇူးတွေဟာ ကော်ဖီစေ့ထဲမှာ ပါဝင်တဲ့ဓာတ်မျိုးမျိုးကြောင့် ဖြစ်ပါတယ်။ နာမည်ကျော် Circulation ဂျာနယ်ထဲမှာ ရေးသားခဲ့သူ သုတေသီများ၊ အမေရိကန်ဆေးသုတေသနအဖွဲ့များ တွေ့ရှိချက်အရ တနေ့ကို ကော်ဖီ ၃ ခွက်ကနေ ၅ ခွက်သောက်သူတွေဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ဟားဗတ်ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ဆေးသုတေတီအဖွဲ့ခေါင်းဆောင် မင်းဒင်းရဲ့ပြောကြားချက်အရ ''ကော်ဖီထဲမှာ ပါတဲ့ ဇီဝဓာတ်တွေရဲ့ အကျိုးရှိတဲ့ အာနိသင်တွေကြောင့် အင်ဆူလင်ဓာတ်ဆေးမတိုးခြင်းနဲ့ ခန္တာကိုယ်အနှံ့ တစ်သျှူးတွေ ရောင်ယမ်းခြင်း တွေကို လျော့ကျစေနိုင်ပါတယ်။
ဒါပေမဲ့လို့ နောက်ထပ် ဆေးသုတေသနလုပ်ပြီးတော့ ဘယ်လိုဓာတ်တွေကြောင့် အဲဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးနိုင်တာလည်း ဆိုတာကို ဆက်လက်လေ့လာရပါဦးမယ်တဲ့။


ပါကင်ဆင် ယူကေ Parkinson UK အဖွဲ့ရဲ့ဥက္ကဌ ကလျာဘေးလ်က ပြောတာကတော့ ကော်ဖီကြောင့် ပါကင်ဆင်ရောဂါသက်သာမှုရှိမရှိ ဆေးသုတေသနတွေ ဆက်လက်ပြီးလုပ်ရမယ်လို့ ပြောပါတယ်။

ကော်ဖီနဲ့ အလားတူ လက်ဖက်ရည်ဟာလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူး ရှိတယ်လို့ ဆေးသုတေသနတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

ကော်ဖီနဲ့ လက်ဖက်ရည် ဘာပဲသောက်သောက် သကြား၊ နို့ဆီ၊ အချိုတွေ လွန်လွန်ကဲကဲ ထည့်ပြီး မသောက်ကြဖို့လည်း အရေးကြီးပါတယ်။ 
အချိုဓာတ်တွေ များရင် ကော်ဖီ၊ လက်ဖက်ရည်တွေက ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေ ပျက်ပြယ်သွားနိုင်ပါတယ်။

Source: Heart foundation

Read: နှလုံးသွေးကြောကျဥ်းရောဂါ မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ။

Read times
Rate this item
(0 votes)