What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 22 August 2019 14:01

သူနာပြုအကူ ကိုးလသင်တန်း မကြာမီဖွင့်မည်

သူနာပြုအကူ ကိုးလသင်တန်းကို ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် တို့ရှိ ဆေးရုံများတွင် သင်တန်း တတ်ရောက်နိုင်ရန် နိုင်ငံပိုင် သတင်းစာတွင် ကြေညာသွားမယ်လို့ သိရပါတယ်။

အဆိုပါ သူနာပြုအကူ ကိုးလသင်တန်းတွင် သူနာပြုအကူ မွေးထုတ်ရန် သင်တန်းပေးခြင်းကို ကနဦးအနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်တို့ရှိ ဆေးရုံများတွင် ပြုလုပ်ရန် စီစဉ်ထားပြီး သင်တန်းပို့ချမည့် ဆေးရုံအရေအတွက် တိုးလာနိုင်ကြောင်း ဒေါက်တာမြင့်ထွေး ၏ ပြောကြာချက်အရ သိရပါတယ်။

 

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက " ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် တို့တင်မဟုတ်ပါဘူး။ နယ်က လာတတ်လို့ရတယ်။ သေချာလုပ်မယ်။ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင် သေချာလုပ်ခိုင်းတာ " ဟု နေပြည်တော် လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

အဆိုပါ သူနာပြုအကူ ကိုးလသင်တန်းကို ပထမ အသုတ်အနေဖြင့် ဆေးရုံ ၁ ရုံကို သင်တန်းသူ ၁၀၀ ခန့် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒေါက်တာ မြင့်ထွေးက “ သူနာပြုအကူတွေကို နိုင်ငံက လိုတာ အရမ်းများတယ်။ ပထမ အပတ်က စမ်းသပ်တဲ့ အနေနဲ့ လူဦးရေ အကန့်အသတ်နဲ့ ခေါ်တာဖြစ်ပြီး ။ ဒုတိယ အနေနဲ့ တပြည်လုံး ခေါ်မှာ ဖြစ်ပါ တယ်” လို့ ပြောကြားချက်အရ သိရပါတယ်။

 

ထိုသင်တန်းကို တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်မှာ ဖြစ်ပြီးတော့ သင်တန်းကာလ ကိုးလကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းကို မကြာမီ နိုင်ငံပိုင် သတင်း စာမှတစ်ဆင့် ကြေညာမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

 

ယခု သင်တန်းကို တက်ရောက်ပြီးပါက သက်ဆိုင်ရာ ဆေးရုံများတွင် အလုပ်ခန့်သွားမည် ဖြစ်ပြီး အမြဲတမ်းဝန်ထမ်း အဖြစ် ဖြစ်နိုင်သည့် အခွင်အလမ်းများလည်း ရှိကြောင်း သိရပါတယ်။ 

 

၂၀၀၃ ၊ ၂၀၀၄ ခုနှစ်ခန့်က မြန်မာနိုင်ငံတွက် သူနာပြုအကူ သင်တန်းများ ပြည်သူဆေးရုံကြီးများတွင် သင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာ ရပ်တန့်ခဲ့သဖြင့် ယခုအခါ ပြန်လည် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Written By Aung Win (Health Products Directory)

Read times Last modified on Thursday, 22 August 2019 17:58
Rate this item
(1 Vote)