What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Wednesday, 31 January 2018 12:42
ဆေးလိပ်ကြောင့် အဆုတ်ညစ်ညမ်းမှုကို ပြန်လည်သန့်စင်ပေးနိုင်သောနည်း
ဆေးလိပ်ကြောင့် အဆုတ်ညစ်ညမ်းမှုကို ပြန်လည်သန့်စင်ပေးနိုင်သောနည်း google.com
မူရင်းပိုစ်တင်သူကို credit ပေးပါတယ်။
Read: အဆုတ်မှာ ပြဿနာရှိနေပြီဆိုတာကို ပြတဲ့လက္ခဏာများ
Unicode version
စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။
သို့သော်လည်း ဆေးလိပ်ထဲ တွင်ပါဝင်သော နီကိုတင်းဓာတ်ပစ္စည်းကြောင့် စိတ်ဖိစီးမှုကို ပြေပျောက်စေခြင်း၊ စိတ်ရွင်လန်း တတ်ကြွစေခြင်း နှင့် စိတ်ခံစားချက်ကိုသက်တောင့်သက်သာဖြစ်စေခြင်းစသည့်ခံစားမှုတွေ ကြောင့် လူတော်တော်များများ စွဲလန်းနေကြခြင်းဖြစ်ပါတယ်။
အဆိပ်ပျော့တစ်မျိုးဖြစ်တဲ့ နီကိုတင်းဓာတ်ကြောင့် ဖြတ်ရခက်ပါတယ်။ ဆေးလိပ်သောက်သူ တော်တော်များများဟာ မိမိကိုယ်တိုင်လည်းရောဂါရသလို သူတို့သောက်တဲ့ ဆေးလိပ်ငွေ့ကို ရှုမိတဲ့သူတွေမှာ လည်းရောဂါရစေနိုင်ပါတယ်။
သုတေသနတခုအရ ဆေးလိပ်သောက်သုံးသူ ၃.၄ ဦးမှာ ဆေးလိပ်မသောက်သုံးသူ ရ.၄ ဦးထိ ရောဂါဖြစ်စေနိုင်ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ မြန်မာနိင်ငံမှာဆိုရင် အသက် ၁၄ နှစ်အထက်က စပြီး ဆေးလိပ်သောက်သုံးသူတွေ ရှိနေပါတယ်။
ဆေးလိပ်ကို အသက် ၁၈ နှစ် ပြည့်မှသောက်တာ အကောင်းဆုံးပါပဲ။ မြန်မာနိုင်ငံမှာ ကလေးတွေ ဆေးလိပ်သောက်သုံးမှုများပြားလာရခြင်း အကြောင်းအမျိုးမျိုးရှိပါတယ်။
(၁) ဆေးလိပ်သောက်ခြင်းကို စတိုင်ကျတယ်လို့ မှားယွင်းစွာယူဆခြင်း၊
(၂) လူကြီးများက ဆေးလိပ်ဝယ်ခိုင်းခြင်း၊ ဆေးလိပ်မီးညှိခိုင်းခြင်း၊
(၃) လူငယ်သဘာဝ စမ်းသပ်လိုခြင်း၊
(၄) ဆိုင်များကလည်း ရောင်းရပြီးရော အသက်မပြည့်သေးလည်း ရောင်းချနေခြင်း၊
စသည်တို့တွေကြောင့် လူငယ်တော်တော်များများ ဆေးလိပ်စွဲရခြင်းဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ခြင်းကို သိရှိပြီးဆေးလိပ်ဖြတ်လိုသူများ (သို့) ဆေးလိပ်သောက်ထားလို့ မိမိအဆုတ်ကို သန့်စင်ပေးချင် တယ်ဆိုရင်တော့ ဆေးနည်းလေးတခုပေးချင်ပါတယ်။
ဆေးနည်းက လွယ်ပါတယ်။ အိမ်တွင်းပစ္စည်းလေးတွေနဲ့ပဲ လုပ်လိုရတာပါ။
ရှောက်ချိုသီးယို ၊ လိမ္မော်သီးယို၊ ကျွဲကောသီးယို၊ သံပရာယိုတခုခုကို ရေနွေးခပ်နွေးနွေးဖြင့် ရောစပ်၍ တစ်နေ့ကို ဖန်ခွက် ၂ ခွက်လောက်ပုံမှန်သောက်ပေးပါက အဆုတ်အတွင်းမှ အဆိပ်အတောက်များ၊ အညစ်အကြေးများပါ ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
Read times
Rate this item
(0 votes)