What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 February 2018 11:40

သိထားသင့္သည့္ သားအိမ္ပိုင္းဆိုင္ရာ က်န္းမာေရးအေမးအေျဖ

သိထားသင့္သည့္ သားအိမ္ပိုင္းဆိုင္ရာ က်န္းမာေရးအေမးအေျဖ google.com

ေမး။ ။ လက္ေမာင္းထဲကို သားဆက္ျခားပစၥည္း ထည့္ထားေပမယ့္ ျပန္ထုတ္ခ်င္တဲ့အခါ ခြဲတာ သံုးႀကိမ္ရွိပါၿပီ။

ဒါေပမဲ့ ဘယ္ေရာက္သြားမွန္းမသိဘူး။ အဲဒါ ျပန္မထုတ္ႏိုင္ရင္ ကေလးမရေတာ့ဘူးလား ဆရာ။

ေျဖ။ ။ လက္ေမာင္းထဲကို သားဆက္ျခားပစၥည္း ထည့္ေပးဖို႔ အေရးႀကီးဆံုးနည္းလမ္းက ကြၽမ္းက်င္တဲ့ ဆရာ၀န္ကိုယ္တိုင္ ထည့္ေပးဖို႔ပဲ ျဖစ္ပါတယ္။ ကြၽမ္းက်င္တဲ့ ဆရာ၀န္ဆိုတာ သူရထားတဲ့ ဘြဲ႕၊ ရာထူး၊ လုပ္သက္ စတာေတြနဲ႔ မဆိုင္ဘူးဆိုတာ သိေစခ်င္ပါတယ္။ ဒီပစၥည္းကို ထည့္ေတာ့မယ္၊ ထုတ္ေတာ့မယ္ဆိုရင္ ဒီပစၥည္း ထည့္နည္း၊ ထုတ္နည္းေတြကို ေသေသခ်ာခ်ာ သင္ေပးတဲ့ သင္တန္းရွိပါတယ္။ အဲဒီသင္တန္း တက္ဖူးၿပီးသား ျဖစ္ရပါမယ္။ အဲဒီသင္တန္းမွာ စာေတြ႕၊ လက္ေတြ႕သင္ရပါတယ္။ အခု ျပႆနာက အဲဒီသင္တန္းေတြလည္း မတက္ထားဘဲ ထည့္ေနရင္ ထည့္လိုက္တဲ့ပစၥည္းက ဘယ္ေရာက္သြားမွန္း မသိဘူး။ ဒီပစၥည္းကို မွန္ေအာင္ထည့္ႏုိင္ရင္ လက္ေမာင္းအေရျပားေအာက္မွာ တန္းတန္းေလး ရွိေနရတယ္။ မ်က္စိနဲ႔ၾကည့္ရင္ မေတြ႕ရဘူး၊ လက္ေလးနဲ႔ လွိမ့္ၾကည့္ရင္ စမ္းလို႔ရေနရမယ္။ ဟိုးအနက္ထဲ သြားထည့္လိုက္ရင္ ၾကြက္သားေတြထဲ ေရာက္သြားၿပီး ဘာမွစမ္းလို႔ မရေတာ့ပါဘူး။ အဲဒါေၾကာင့္ ကြၽမ္းက်င္တဲ့သူဆီမွာပဲ ထည့္သင့္ပါတယ္။ ဒါေတြက အရင္တုန္းက ျဖစ္ခဲ့တာပဲ ျဖစ္မွာပါ။ အခုေနာက္ပိုင္းမွာေတာ့ ဒါမ်ဳိးမျဖစ္ေအာင္ တီထြင္ထားပါတယ္။
--------------------------------------------------------------

ေမး။ ။ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းထည့္ရင္း ကိုယ္၀န္ရွိသြားပါတယ္။ ဒါေပမဲ့ အဲဒီပစၥည္းကို မထုတ္ဘဲ ကိုယ္၀န္ေဆာင္လိုက္တဲ့အခါ ကိုယ္၀န္ေျခာက္လမွာ အဲဒီပစၥည္းက ေရျမႊာအိတ္ကို ထိုးေဖာက္မိသြားပါတယ္။ ေဆး႐ံုကို တက္ေပမယ့္ အဲဒီအေျခအေနမွာ ပစၥည္းကိုလည္း ထုတ္လို႔မရဘဲ ေစာင့္ၾကည့္လို႔ပဲရတယ္လို႔ ဆိုပါတယ္။ ေနာက္ဆံုး ကေလးက အဖတ္မတင္ေတာ့ပါဘူး။ အဲဒါ ကြၽန္မသူငယ္ခ်င္းတစ္ေယာက္ ျဖစ္ခဲ့တာပါ။ အဲဒီလိုျဖစ္ရပ္ေတြ ျဖစ္ႏိုင္ပါေသးသလား ဆရာ။

ေျဖ။ ။ ရွားရွားပါးပါး ျဖစ္ႏိုင္ပါတယ္။ သားအိမ္တြင္း ပစၥည္းေလးထည့္ထားတယ္၊ ကေလးရသြားတယ္။ အဲဒီအေျခအေနမွာ လူနာနဲ႔ ဆရာ၀န္ တိုင္ပင္ရပါတယ္။ ႏွစ္နည္းရွိတယ္။ ဒါေလးကို တန္းလန္းအတိုင္း ထားမလား၊ ဒါမွမဟုတ္ ဆြဲထုတ္လိုက္မလားဆိုၿပီး ႏွစ္နည္းရွိပါတယ္။ ႏွစ္နည္းစလံုးမွာလည္း အေကာင္းအဆိုး ရွိပါတယ္။

ဒီပစၥည္းေလးကို ဒီအတိုင္း တန္းလန္းေလး ထားလိုက္ရင္ ရွိေနတဲ့ပစၥည္းေလးက အခုေမးတဲ့ေမးခြန္းလို ျပႆနာေတြ ေပးႏိုင္ပါတယ္။ ကိုယ္၀န္ရွိသြားတဲ့အတြက္ အဆင္မသင့္ရင္ ပိုး၀င္ႏိုင္တယ္၊ ေရျမႊာေပါက္ႏိုင္တယ္။ ဆြဲထုတ္မယ္ဆိုရင္ေကာ ဘာျဖစ္ႏိုင္သလဲ၊ ဆြဲထုတ္တဲ့အခ်ိန္မွာ အဆင္မသင့္ရင္ ေသြးေတြဆင္းၿပီး ကေလးပ်က္က်ႏိုင္ပါတယ္။ ဒါေပမဲ့ ေကာင္းတဲ့အခ်က္က ဒီပစၥည္းေလး တကယ္ထြက္သြားရင္ေတာ့ ေစာေစာကလို ေနာက္ဆက္တြဲ ဆိုးက်ဳိးေတြ မျဖစ္ႏိုင္ေတာ့ပါဘူး။

အဲဒီႏွစ္ခုကို ေျပာျပရင္ လူနာအမ်ားစုက ဘာကိုေရြးခ်ယ္ေလ့ ရွိသလဲဆိုေတာ့ ထုတ္ပစ္တဲ့နည္းကို ေရြးေလ့ရွိပါတယ္။ ဆရာတို႔ကလည္း ထုတ္လိုက္တာက အခုေလာေလာဆယ္မွာ အႏၲရာယ္ရွိေကာင္းရွိေပမယ့္ ဆက္ထားတဲ့နည္းနဲ႔စာရင္ ေရရွည္မွာ ေကာင္းက်ဳိးရွိတဲ့အတြက္ ထုတ္တာကို ပိုအားေပးေလ့ရွိပါတယ္။ ျပႆနာက တစ္ခါတေလမွာ ထုတ္ဖို႔ ႀကိဳးက ဘယ္ေရာက္သြားမွန္း မသိတာပါပဲ။ အဲဒီလို အျဖစ္အပ်က္ေလးေတြလည္း ႀကံဳဖူးပါတယ္။
ဒါေပမဲ့ ဒီလိုအျဖစ္အပ်က္မ်ဳိးေတြက ရွားပါတယ္။ ဒီပစၥည္းေတြ အမ်ားႀကီးထည့္ထားတဲ့ သူေတြထဲမွာမွ ရွားရွားပါးပါး ျဖစ္တာမ်ဳိးပါ။ အေယာက္ ၁၀၀ ထည့္ရင္ တစ္ေယာက္ေလာက္သာ ကံဆိုးၿပီး ျဖစ္တတ္ပါတယ္။
------------------------------------------------------------

ေမး။ ။ သားအိမ္အတြင္းထဲမွာ ေသြးလံုး၊ အသားလံုး၊ ေရအိတ္တည္တဲ့ သူေတြက ကိုယ္၀န္ရဖို႔ ခဲယဥ္းတယ္ဆိုတာ ဟုတ္ပါသလား။

ေျဖ။ ။ သားအိမ္ဆိုတာ သားသားေလး၊ မီးမီးေလးေနတဲ့ အိမ္ပါ။ သားအိမ္ဆိုတဲ့ အလံုးေလးမွာ အေခါင္းေလးတစ္ခု ရွိပါတယ္။ လူ႔ခႏၶာကိုယ္မွာ အံ့ၾသစရာ အေကာင္းဆံုးအရာက သားအိမ္လို႔ ေျပာရမလိုပါပဲ။ ေသးေသးေလးကေန ကေလးေလး ေနႏိုင္တဲ့အထိ ႀကီးလာပါတယ္။ ႏွစ္ႁမႊာပူး၊ သံုးႁမႊာပူးေတြ ဆိုရင္လည္း သားအိမ္က ဆန္႔ပါတယ္။ ကေလးေမြးၿပီးတဲ့အခ်ိန္မွာ ျပန္က်ဳံ႕သြားပါတယ္။

ဒီသားအိမ္ထဲမွာ ကေလးေလးတစ္ေယာက္ ေကာင္းေကာင္းေနႏိုင္ဖို႔ဆိုရင္ ဘာအေႏွာင့္အယွက္မွ မရွိတာ ေကာင္းတာေပါ့။ သားအိမ္ထဲမွာ အလံုးတစ္လံုးရွိေနရင္ ကေလး၀င္ဖို႔ အဟန္႔အတား ရွိတတ္ပါတယ္။ အဲဒီအေျခအေနမွာ ကေလးရခဲ့ရင္ေတာင္ ကေလးအေနအထား မမွန္တာ၊ ကေလးပ်က္က်တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ သားအိမ္အလံုးရွိတိုင္း ဒီလိုျဖစ္တာေတာ့ မဟုတ္ပါဘူး။ အလံုးက သားအိမ္ရဲ႕ဘယ္ေနရာမွာ ရွိေနတာလဲ ဆိုတဲ့အေပၚမွာလည္း မူတည္ပါတယ္။ သားအိမ္နံရံဘက္အျခမ္းမွာ ရွိေနရင္ ဘာမွ ျပႆနာမရွိပါဘူး။ သားအိမ္ထဲ အလံုးရွိၿပီး ကေလးေမြးလိုက္ရတာေတြကလည္း အမ်ားႀကီးပဲ . . ဒါေၾကာင့္ ေလွနံဓားထစ္ မွတ္လို႔မရပါဘူး။ တစ္ေယာက္ခ်င္း၊ တစ္ေယာက္ခ်င္းေပၚမွာပဲ မူတည္ပါတယ္။

Source: Dr: Soe Lwin

 Unicode


မေး။ ။ လက်မောင်းထဲကို သားဆက်ခြားပစ္စည်း ထည့်ထားပေမယ့် ပြန်ထုတ်ချင်တဲ့အခါ ခွဲတာ သုံးကြိမ်ရှိပါပြီ။ ဒါပေမဲ့ ဘယ်ရောက်သွားမှန်းမသိဘူး။ အဲဒါ ပြန်မထုတ်နိုင်ရင် ကလေးမရတော့ဘူးလား ဆရာ။
ဖြေ။ ။ လက်မောင်းထဲကို သားဆက်ခြားပစ္စည်း ထည့်ပေးဖို့ အရေးကြီးဆုံးနည်းလမ်းက ကျွမ်းကျင်တဲ့ ဆရာဝန်ကိုယ်တိုင် ထည့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်ဆိုတာ သူရထားတဲ့ ဘွဲ့၊ ရာထူး၊ လုပ်သက် စတာတွေနဲ့ မဆိုင်ဘူးဆိုတာ သိစေချင်ပါတယ်။ ဒီပစ္စည်းကို ထည့်တော့မယ်၊ ထုတ်တော့မယ်ဆိုရင် ဒီပစ္စည်း ထည့်နည်း၊ ထုတ်နည်းတွေကို သေသေချာချာ သင်ပေးတဲ့ သင်တန်းရှိပါတယ်။ အဲဒီသင်တန်း တက်ဖူးပြီးသား ဖြစ်ရပါမယ်။ အဲဒီသင်တန်းမှာ စာတွေ့၊ လက်တွေ့သင်ရပါတယ်။ အခု ပြဿနာက အဲဒီသင်တန်းတွေလည်း မတက်ထားဘဲ ထည့်နေရင် ထည့်လိုက်တဲ့ပစ္စည်းက ဘယ်ရောက်သွားမှန်း မသိဘူး။ ဒီပစ္စည်းကို မှန်အောင်ထည့်နိုင်ရင် လက်မောင်းအရေပြားအောက်မှာ တန်းတန်းလေး ရှိနေရတယ်။ မျက်စိနဲ့ကြည့်ရင် မတွေ့ရဘူး၊ လက်လေးနဲ့ လှိမ့်ကြည့်ရင် စမ်းလို့ရနေရမယ်။ ဟိုးအနက်ထဲ သွားထည့်လိုက်ရင် ကြွက်သားတွေထဲ ရောက်သွားပြီး ဘာမှစမ်းလို့ မရတော့ပါဘူး။ အဲဒါကြောင့် ကျွမ်းကျင်တဲ့သူဆီမှာပဲ ထည့်သင့်ပါတယ်။ ဒါတွေက အရင်တုန်းက ဖြစ်ခဲ့တာပဲ ဖြစ်မှာပါ။ အခုနောက်ပိုင်းမှာတော့ ဒါမျိုးမဖြစ်အောင် တီထွင်ထားပါတယ်။
--------------------------------------------------------------
မေး။ ။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းထည့်ရင်း ကိုယ်ဝန်ရှိသွားပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းကို မထုတ်ဘဲ ကိုယ်ဝန်ဆောင်လိုက်တဲ့အခါ ကိုယ်ဝန်ခြောက်လမှာ အဲဒီပစ္စည်းက ရေမြွှာအိတ်ကို ထိုးဖောက်မိသွားပါတယ်။ ဆေးရုံကို တက်ပေမယ့် အဲဒီအခြေအနေမှာ ပစ္စည်းကိုလည်း ထုတ်လို့မရဘဲ စောင့်ကြည့်လို့ပဲရတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ကလေးက အဖတ်မတင်တော့ပါဘူး။ အဲဒါ ကျွန်မသူငယ်ချင်းတစ်ယောက် ဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်ရပ်တွေ ဖြစ်နိုင်ပါသေးသလား ဆရာ။
ဖြေ။ ။ ရှားရှားပါးပါး ဖြစ်နိုင်ပါတယ်။ သားအိမ်တွင်း ပစ္စည်းလေးထည့်ထားတယ်၊ ကလေးရသွားတယ်။ အဲဒီအခြေအနေမှာ လူနာနဲ့ ဆရာဝန် တိုင်ပင်ရပါတယ်။ နှစ်နည်းရှိတယ်။ ဒါလေးကို တန်းလန်းအတိုင်း ထားမလား၊ ဒါမှမဟုတ် ဆွဲထုတ်လိုက်မလားဆိုပြီး နှစ်နည်းရှိပါတယ်။ နှစ်နည်းစလုံးမှာလည်း အကောင်းအဆိုး ရှိပါတယ်။
ဒီပစ္စည်းလေးကို ဒီအတိုင်း တန်းလန်းလေး ထားလိုက်ရင် ရှိနေတဲ့ပစ္စည်းလေးက အခုမေးတဲ့မေးခွန်းလို ပြဿနာတွေ ပေးနိုင်ပါတယ်။ ကိုယ်ဝန်ရှိသွားတဲ့အတွက် အဆင်မသင့်ရင် ပိုးဝင်နိုင်တယ်၊ ရေမြွှာပေါက်နိုင်တယ်။ ဆွဲထုတ်မယ်ဆိုရင်ကော ဘာဖြစ်နိုင်သလဲ၊ ဆွဲထုတ်တဲ့အချိန်မှာ အဆင်မသင့်ရင် သွေးတွေဆင်းပြီး ကလေးပျက်ကျနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်က ဒီပစ္စည်းလေး တကယ်ထွက်သွားရင်တော့ စောစောကလို နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
အဲဒီနှစ်ခုကို ပြောပြရင် လူနာအများစုက ဘာကိုရွေးချယ်လေ့ ရှိသလဲဆိုတော့ ထုတ်ပစ်တဲ့နည်းကို ရွေးလေ့ရှိပါတယ်။ ဆရာတို့ကလည်း ထုတ်လိုက်တာက အခုလောလောဆယ်မှာ အန္တရာယ်ရှိကောင်းရှိပေမယ့် ဆက်ထားတဲ့နည်းနဲ့စာရင် ရေရှည်မှာ ကောင်းကျိုးရှိတဲ့အတွက် ထုတ်တာကို ပိုအားပေးလေ့ရှိပါတယ်။ ပြဿနာက တစ်ခါတလေမှာ ထုတ်ဖို့ ကြိုးက ဘယ်ရောက်သွားမှန်း မသိတာပါပဲ။ အဲဒီလို အဖြစ်အပျက်လေးတွေလည်း ကြုံဖူးပါတယ်။
ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေက ရှားပါတယ်။ ဒီပစ္စည်းတွေ အများကြီးထည့်ထားတဲ့ သူတွေထဲမှာမှ ရှားရှားပါးပါး ဖြစ်တာမျိုးပါ။ အယောက် ၁၀၀ ထည့်ရင် တစ်ယောက်လောက်သာ ကံဆိုးပြီး ဖြစ်တတ်ပါတယ်။
------------------------------------------------------------
မေး။ ။ သားအိမ်အတွင်းထဲမှာ သွေးလုံး၊ အသားလုံး၊ ရေအိတ်တည်တဲ့ သူတွေက ကိုယ်ဝန်ရဖို့ ခဲယဉ်းတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ သားအိမ်ဆိုတာ သားသားလေး၊ မီးမီးလေးနေတဲ့ အိမ်ပါ။ သားအိမ်ဆိုတဲ့ အလုံးလေးမှာ အခေါင်းလေးတစ်ခု ရှိပါတယ်။ လူ့ခန္ဓာကိုယ်မှာ အံ့သြစရာ အကောင်းဆုံးအရာက သားအိမ်လို့ ပြောရမလိုပါပဲ။ သေးသေးလေးကနေ ကလေးလေး နေနိုင်တဲ့အထိ ကြီးလာပါတယ်။ နှစ်မြွှာပူး၊ သုံးမြွှာပူးတွေ ဆိုရင်လည်း သားအိမ်က ဆန့်ပါတယ်။ ကလေးမွေးပြီးတဲ့အချိန်မှာ ပြန်ကျုံ့သွားပါတယ်။
ဒီသားအိမ်ထဲမှာ ကလေးလေးတစ်ယောက် ကောင်းကောင်းနေနိုင်ဖို့ဆိုရင် ဘာအနှောင့်အယှက်မှ မရှိတာ ကောင်းတာပေါ့။ သားအိမ်ထဲမှာ အလုံးတစ်လုံးရှိနေရင် ကလေးဝင်ဖို့ အဟန့်အတား ရှိတတ်ပါတယ်။ အဲဒီအခြေအနေမှာ ကလေးရခဲ့ရင်တောင် ကလေးအနေအထား မမှန်တာ၊ ကလေးပျက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သားအိမ်အလုံးရှိတိုင်း ဒီလိုဖြစ်တာတော့ မဟုတ်ပါဘူး။ အလုံးက သားအိမ်ရဲ့ဘယ်နေရာမှာ ရှိနေတာလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ သားအိမ်နံရံဘက်အခြမ်းမှာ ရှိနေရင် ဘာမှ ပြဿနာမရှိပါဘူး။ သားအိမ်ထဲ အလုံးရှိပြီး ကလေးမွေးလိုက်ရတာတွေကလည်း အများကြီးပဲ . . ဒါကြောင့် လှေနံဓားထစ် မှတ်လို့မရပါဘူး။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းပေါ်မှာပဲ မူတည်ပါတယ်။

Source: Dr: Soe Lwin

Read times Last modified on Tuesday, 06 February 2018 10:10
Rate this item
(0 votes)