What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 17 May 2019 16:33

သံဓာတ္ခ်ိဳ႕တဲ့ျခင္း လကၡဏာ (၉) ရပ္

သံဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္ ခႏၶာကိုယ္ရွိ တစ္႐ႈးမ်ားဆီသို႔ အဆုတ္မွေအာက္စီဂ်င္ သယ္ေဆာင္ေပးေသာ ပ႐ိုတိန္းဓာတ္ျဖစ္တဲ့ ေဟမိုဂလိုဘင္ထုတ္လုပ္မႈပမာဏ မလံုေလာက္ျဖစ္လာပါတယ္။

ဒါေၾကာင့္ ေမာပန္းအားအင္ကုန္ခမ္းျခင္း၊ စြမ္းအင္မရွိျခင္း၊ အသက္႐ႈရခက္ခဲျခင္း၊ ရင္ဘတ္နာက်င္ျခင္း၊ ႏွလံုးခုန္ႏႈန္း မူမမွန္ျခင္းတို႔ ႀကံဳေတြ႕ရႏိုင္ပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့ျခင္း ရွိ၊ မရွိ ၊ မိမိက်န္းမာေရးအေျခအေနကို ၉ ရပ္တို႔ နဲ႔ စမ္းစစ္ႏိုင္ပါတယ္။

 

အလြန္အမင္းေမာပန္းျခင္း

ခႏၶာကိုယ္သံဓာတ္ကို အသံုးျပဳၿပီး ေသြးကလာပ္စည္းဆဲလ္မ်ားထဲရွိ ေအာက္စီဂ်င္ကို သယ္ယူေပးတဲ့ ေသြးနီဓာတ္တစ္မ်ိဳးကို ထုတ္လုပ္ေပးပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့လာတဲ့အခါမွာ က်န္းမာသန္စြမ္းတဲ့ ေသြးဆဲလ္ေတြ အလံုအေလာက္မရွိေတာ့ဘဲ အလြန္အမင္း ေမာပန္းႏြမ္းနယ္လာပါေတာ့တယ္။

 

အာ႐ံုစူးစိုက္မရျခင္း

သံဓာတ္ခ်ိဳ႕တဲ့လာတဲ့အခါ အာ႐ံုခံအဂၤါအဖြဲ႕အစည္းေတြ ခ်ိဳ႕ယြင္းသြားတာေၾကာင့္ ပံုမွန္လုပ္ေနက် အလုပ္ေတြမွာေတာင္ စိတ္အာ႐ံုစူးစိုက္မရေတာ့ဘဲ တက္တက္ၾကြၾကြမရွိ စြမ္းေဆာင္ရည္ေတြ တျဖည္း ျဖည္း က်ဆင္းလာပါတယ္။

 

စိတ္၀င္စားမႈမရွိျခင္း

သံဓာတ္ခ်ိဳ႕တဲ့လာတာေၾကာင့္ အာ႐ံုခံအဖြဲ႕အစည္းေတြကို ထိခိုက္ေစ႐ံုမွ်သာမက စိတ္ႏွလံုး ေနာက္က်ိလာကာ မိမိရဲ႕မိသားစု၊ မိတ္ေဆြ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ေတြအေပၚမွာ ယခင္လို စိတ္၀င္ စားမႈမရွိေတာ့ဘဲ တစ္ေယာက္တည္း ဖာသိဖာသာေနလိုစိတ္ျပင္းျပေနတတ္ပါတယ္။

 

အသက္႐ႈၾကပ္ျခင္း

ေသြးထဲမွာသံဓာတ္လံုေလာက္မႈမရွိတဲ့အခါ ခႏၶာကိုယ္ကေအာက္စီဂ်င္ကို အလြန္အမင္း ေတာင္းတလာၿပီး အသက္႐ႈမ၀မြန္းၾကပ္မႈေတြ ျဖစ္လာပါတယ္။ ပံုမွန္အားကစား ေလ့က်င့္ခန္း လုပ္တဲ့ အခါေတြ ပံုမွန္လမ္းေလွ်ာက္တဲ့အခါေတြမွာ သိသိသာသာအသက္႐ႈမ၀ျခင္းဟာ သံဓာတ္ခ်ိဳ႕တဲ့ေနတဲ့ လကၡဏာေတြပဲျဖစ္ပါတယ္။

အသားအေရျဖဴဖတ္ျဖဴေရာ္ျဖစ္ျခင္း

ႏႈတ္ခမ္းသား၊ လက္ဖ၀ါး၊ ေအာက္မ်က္ခမ္းအတြင္းသားေတြမွာ ယခင္နဲ႔မတူ ျဖဴစုတ္လာျခင္း၊ လက္ဖ၀ါး၊ ေျခဖ၀ါးေတြေအးစက္ကာမ်က္ႏွာနဲ႔အသားအေရေတြ ျဖဴဖတ္ျဖဴေရာ္ျဖစ္လာျခင္းကလည္းေသြးနီ ဥ ပမာဏေတြက်ဆင္းလာတာေၾကာင့္ ေသြးမေလွ်ာက္ႏိုင္ေတာ့ပါဘူး။

 

ၾကြက္သားေတြနာက်င္ျခင္း

ခႏၶာကို္ယ္ၾကြက္သားေတြမွာ သံဓာတ္ေတြအားနည္းလာတာေၾကာင့္ ၾကြက္သားေတြေပ်ာ့အိေလ်ာ့ရဲ လာၿပီး ေတာ္႐ံုတန္႐ံုဖိတြန္းမိတာကိုေတာင္ အထိမခံႏိုင္ေတာ့ဘဲ အသားေတြနာက်င္လာပါတယ္။

 

ေျခသည္း၊ လက္သည္း၊ ကြဲထြက္ျခင္း

ေျခသည္း၊ လက္သည္းအစပ္နားေတြ သူ႕အလုိလိုတစ္စစီကြဲထြက္ျခင္းက သံဓာတ္ခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡတစ္ရပ္ျဖစ္ပါတယ္။ အခ်ိဳ႕သူေတြမွာ လက္သည္းခြံေတြက အေပၚကိုေဖာင္းမေနေတာ့ဘဲ ဇြန္း သ႑ာန္ အတြင္းပိုင္းကို ခ်ိဳင့္ခြက္၀င္ေနၾကပါတယ္။

 

မၾကာခဏဖ်ားနာျခင္း

အသက္႐ႈလမ္းေၾကာင္းမွတစ္ဆင့္ အလြယ္တကူ ကူးစက္ႏိုင္တဲ့ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုး စေသာ ရာသီဖ်ားေတြကို မၾကာခဏကူးစက္ခံရျခင္း၊ ခါတိုင္းနဲ႔မတူ ေတာ္႐ံုတန္႐ံုအေအးခံ႐ံုမွ်ႏွင့္ ႏွာေခါင္းပိတ္ျခင္းတို႔ကလည္း သံဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ပါပဲ။

 

ပန္းေရာင္(သို႔မဟုတ္) အနီေရာင္ဆီးသြားျခင္း

အနီေရာင္ျခယ္စေတာ္ဘယ္ရီသီးေတြ၊ beet root (ေခၚ)သၾကား၊ မုန္လာဥ(ေခၚ) ေသြးနီ ေရာင္အရည္ရႊမ္းတဲ့ မုန္လာဥနီအလံုးေတြကိုမစားျဖစ္ဘဲ ဆီးအေရာင္ကသူ႕အလုိလိုေျပာင္းသြားျခင္းက သံဓာတ္ခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡဏာျဖစ္ပါတယ္။

 

ေပါက္ေပါက္

{Unicode}

=======

သံဓာတ်ချို့တဲ့ခြင်း လက္ခဏာ (၉) ရပ်


သံဓာတ်ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်ရှိ တစ်ရှုးများဆီသို့ အဆုတ်မှအောက်စီဂျင် သယ်ဆောင်ပေးသော ပရိုတိန်းဓာတ်ဖြစ်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုပမာဏ မလုံလောက်ဖြစ်လာပါတယ်။ ဒါကြောင့် မောပန်းအားအင်ကုန်ခမ်းခြင်း၊ စွမ်းအင်မရှိခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်း ရှိ၊ မရှိ ၊ မိမိကျန်းမာရေးအခြေအနေကို ၉ ရပ်တို့ နဲ့ စမ်းစစ်နိုင်ပါတယ်။

 

အလွန်အမင်းမောပန်းခြင်း

ခန္ဓာကိုယ်သံဓာတ်ကို အသုံးပြုပြီး သွေးကလာပ်စည်းဆဲလ်များထဲရှိ အောက်စီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့လာတဲ့အခါမှာ ကျန်းမာသန်စွမ်းတဲ့ သွေးဆဲလ်တွေ အလုံအလောက်မရှိတော့ဘဲ အလွန်အမင်း မောပန်းနွမ်းနယ်လာပါတော့တယ်။

 

အာရုံစူးစိုက်မရခြင်း

သံဓာတ်ချို့တဲ့လာတဲ့အခါ အာရုံခံအင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် ပုံမှန်လုပ်နေကျ အလုပ်တွေမှာတောင် စိတ်အာရုံစူးစိုက်မရတော့ဘဲ တက်တက်ကြွကြွမရှိ စွမ်းဆောင်ရည်တွေ တဖြည်း ဖြည်း ကျဆင်းလာပါတယ်။

 

စိတ်ဝင်စားမှုမရှိခြင်း

သံဓာတ်ချို့တဲ့လာတာကြောင့် အာရုံခံအဖွဲ့အစည်းတွေကို ထိခိုက်စေရုံမျှသာမက စိတ်နှလုံး နောက်ကျိလာကာ မိမိရဲ့မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ယခင်လို စိတ်ဝင် စားမှုမရှိတော့ဘဲ တစ်ယောက်တည်း ဖာသိဖာသာနေလိုစိတ်ပြင်းပြနေတတ်ပါတယ်။

 

အသက်ရှုကြပ်ခြင်း

သွေးထဲမှာသံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်ကအောက်စီဂျင်ကို အလွန်အမင်း တောင်းတလာပြီး အသက်ရှုမဝမွန်းကြပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန်အားကစား လေ့ကျင့်ခန်း လုပ်တဲ့ အခါတွေ ပုံမှန်လမ်းလျှောက်တဲ့အခါတွေမှာ သိသိသာသာအသက်ရှုမဝခြင်းဟာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။


အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း

နှုတ်ခမ်းသား၊ လက်ဖဝါး၊ အောက်မျက်ခမ်းအတွင်းသားတွေမှာ ယခင်နဲ့မတူ ဖြူစုတ်လာခြင်း၊ လက်ဖဝါး၊ ခြေဖဝါးတွေအေးစက်ကာမျက်နှာနဲ့အသားအရေတွေ ဖြူဖတ်ဖြူရော်ဖြစ်လာခြင်းကလည်းသွေးနီ ဥ ပမာဏတွေကျဆင်းလာတာကြောင့် သွေးမလျှောက်နိုင်တော့ပါဘူး။

 

ကြွက်သားတွေနာကျင်ခြင်း

ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်တွေအားနည်းလာတာကြောင့် ကြွက်သားတွေပျော့အိလျော့ရဲ လာပြီး တော်ရုံတန်ရုံဖိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ အသားတွေနာကျင်လာပါတယ်။

 

ခြေသည်း၊ လက်သည်း၊ ကွဲထွက်ခြင်း

ခြေသည်း၊ လက်သည်းအစပ်နားတွေ သူ့အလိုလိုတစ်စစီကွဲထွက်ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခတစ်ရပ်ဖြစ်ပါတယ်။ အချို့သူတွေမှာ လက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ ဇွန်း သဏ္ဍာန် အတွင်းပိုင်းကို ချိုင့်ခွက်ဝင်နေကြပါတယ်။

 

မကြာခဏဖျားနာခြင်း

အသက်ရှုလမ်းကြောင်းမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသော ရာသီဖျားတွေကို မကြာခဏကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံတန်ရုံအအေးခံရုံမျှနှင့် နှာခေါင်းပိတ်ခြင်းတို့ကလည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ပါပဲ။

 

ပန်းရောင်(သို့မဟုတ်) အနီရောင်ဆီးသွားခြင်း

အနီရောင်ခြယ်စတော်ဘယ်ရီသီးတွေ၊ beetroot (ခေါ်)သကြား၊ မုန်လာဥ(ခေါ်) သွေးနီ ရောင်အရည်ရွှမ်းတဲ့ မုန်လာဥနီအလုံးတွေကိုမစားဖြစ်ဘဲ ဆီးအရောင်ကသူ့အလိုလိုပြောင်းသွားခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။

Read times Last modified on Tuesday, 24 December 2019 10:22
Rate this item
(1 Vote)