What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 February 2018 11:46

ဝမ္းခ်ဳပ္ျခင္း အေၾကာင္းရင္းမ်ား

ဝမ္းခ်ဳပ္ျခင္း အေၾကာင္းရင္းမ်ား google.com

ဝမ္းခ်ဳပ္ျခင္းဟာ အစာအိမ္ရဲ႕ စနစ္ေတြကို ခက္ခဲေစပါတယ္။အစာအိမ္နာက်င္တာနဲ႕ အူလမ္းေၾကာင္းေတြ ညွစ္အားပိုျပီး နာက်င္တာမ်ိဳးျဖစ္တတ္ပါတယ္။

ပိန္တဲ့သူထက္ ဝတဲ့သူက ပိုမို ေဝဒနာခံစားရျပီး အသားေတြကို ေက်ညက္ေအာင္ ဝါးမစားျခင္းေပၚမွာလဲ မူတည္ေနတာျဖစ္ပါတယ္။ဝက္သား၊သိုးသားနဲ႕ အမဲသားေတြက ဝမ္းကို မမွန္ေစပါဘူး။

ဗိုက္က ဆာေနေပမယ့္ စားလို႕ မဝင္တာရွိပါတယ္။ဒါမ်ိဳးဟာ ပရုိတင္းပမာဏမ်ားလြန္းေသာေၾကာင့္ ျဖစ္ျပီး အသားစားသူေတြမွာ ၾကံဳရတဲ့ ျပႆနာျဖစ္ပါတယ္။ခႏၶာကိုယ္က သၾကားဓာတ္ကို ေလ်ာ့က်လြန္းတာနဲ႕ ေသြးလည္ပတ္မႈ ေႏွာင့္ေႏွးေစျပီး အစာေျခစနစ္ကို အေႏွာင့္အယွက္ေပးတာျဖစ္ပါတယ္။

ဝမ္းခ်ဳပ္သူေတြအမ်ားစုဟာ အားအင္ကုန္ခမ္းလြယ္ျပီး ေမာပန္းႏြမ္းနယ္တာနဲ႕ မ်က္ကြင္းညိဳတာေတြျဖစ္လာတတ္ပါတယ္။ေသြးလည္ပတ္မႈမေကာင္းတဲ့အတြက္ မ်က္ဝန္းနားက ေသြးေၾကာငယ္ေလးေတြဆီ ေသြးမေလ်ွာက္တတ္တဲ့အတြက္ မ်က္ကြင္းညိဳလာတာျဖစ္ပါတယ္။

ဝမ္းခ်ဳပ္သူေတြဟာ ေသြးဖိအားမ်ားျပီး ေသြးတိုးတတ္ပါတယ္။ဒါဆိုရင္ အသားေတြ စားသံုးမႈကို ေရွာင္ၾကဥ္ရမွာျဖစ္ျပီး အသီးအရြက္ေလာက္သာ စားသံုးရမွာျဖစ္ပါတယ္။ဆိုဒီယမ္ပမာဏမ်ားျခင္းက ေသြးကို ပိုတိုးေစျပီး အသီးအႏွံနဲ႕ အရြက္ေတြကသာ အေကာင္းဆံုး အစားအစာျဖစ္ပါတယ္။

ဝမ္းအရမ္းခ်ဳပ္တဲ့သူဟာ အသက္ရႈရခက္သလို အသားအေရကိုလဲ ထိခိုက္လာေစပါတယ္။ အသားအေရေတြမြဲေျခာက္လာၿပီး အစာေျခစနစ္က ခက္ခဲလာတဲ့အတြက္ အသက္ရႈရ ၾကပ္လာတာျဖစ္ပါတယ္။ဒါ့အျပင္ ဝမ္းခ်ဳပ္လြန္းသူဟာ ခႏၶာကိုယ္အနံ႔ဆိုး မ်ားစြာထြက္တတ္တာျဖစ္ပါတယ္။

အသားေတြမွာ natural sugar (Neu5Gc) ဓာတ္ မ်ားစြာပါဝင္ျပီး သင့္ကို ကိုက္ခဲမႈေတြျဖစ္ေပၚေစတာျဖစ္ပါတယ္။သၾကားဓာတ္မ်ားသြားရင္ ျဖစ္တတ္တာမို႕ ေနမေကာင္းတာနဲ႕ ကိုယ္လက္မအီမသာေတြျဖစ္တတ္ျပီး ဝမ္းခ်ဳပ္ျခင္ရဲ႕ ေနာက္ဆက္တြဲေရာဂါေတြျဖစ္ပါတယ္။

ဝမ္းခ်ဳပ္ျခင္းဟာ လူကို ထိုင္းမိႈင္းေစျပီး ေမာပန္းႏြမ္းနယ္ေနတာျဖစ္ပါတယ္။ဒါမ်ိဳးက အလုပ္ကိုလည္း မတြင္က်ယ္သလို က်န္းမာေရးကိုလဲ အေႏွာင့္အယွက္ေပးတတ္ပါတယ္။

ဝမ္းအရမ္းခ်ဳပ္ေနသူဟာ အစားစားခ်င္စိတ္ရွိလို႕ စားလိုက္ရင္ေတာင္ ပ်ိဳ႕အန္တာျဖစ္ျပီး သာမာန္အတိုင္းလဲ ပ်ိဳ႕ခ်င္ အန္ခ်င္စိတ္ျဖစ္ေနတာျဖစ္ပါတယ္။

ဝမ္းခ်ဳပ္တဲ့အတြက္ အစာေဟာင္းေတြဟာ အူလမ္းေၾကာင္းမွာ အျပည့္အဝ ေနရာယူထားတာျဖစ္ပါတယ္။ဒါဟာ ဗိုက္ကို ပိုမိုပူလာေစျပီး ေလးလံလာေစပါတယ္။အစာမေၾကႏိုင္တဲ့ အစားေတြပါထပ္စားမိရင္ ထိုင္ရ ထရတာပါ ခက္ခဲလာတတ္ပါတယ္။

Source: CWS

Read: ဝမ္းခ်ဳပ္ရင္ မလုပ္သင့္တဲ့ အရာ (၅) ခု

 

Unicode

ဝမ်းချုပ်ခြင်းဟာ အစာအိမ်ရဲ့ စနစ်တွေကို ခက်ခဲစေပါတယ်။အစာအိမ်နာကျင်တာနဲ့ အူလမ်းကြောင်းတွေ ညှစ်အားပိုပြီး နာကျင်တာမျိုးဖြစ်တတ်ပါတယ်။ပိန်တဲ့သူထက် ဝတဲ့သူက ပိုမို ဝေဒနာခံစားရပြီး အသားတွေကို ကျေညက်အောင် ဝါးမစားခြင်းပေါ်မှာလဲ မူတည်နေတာဖြစ်ပါတယ်။ဝက်သား၊သိုးသားနဲ့ အမဲသားတွေက ဝမ်းကို မမှန်စေပါဘူး။

ဗိုက်က ဆာနေပေမယ့် စားလို့ မဝင်တာရှိပါတယ်။ဒါမျိုးဟာ ပရိုတင်းပမာဏများလွန်းသောကြောင့် ဖြစ်ပြီး အသားစားသူတွေမှာ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ခန္ဓာကိုယ်က သကြားဓာတ်ကို လျော့ကျလွန်းတာနဲ့ သွေးလည်ပတ်မှု နှောင့်နှေးစေပြီး အစာခြေစနစ်ကို အနှောင့်အယှက်ပေးတာဖြစ်ပါတယ်။

ဝမ်းချုပ်သူတွေအများစုဟာ အားအင်ကုန်ခမ်းလွယ်ပြီး မောပန်းနွမ်းနယ်တာနဲ့ မျက်ကွင်းညိုတာတွေဖြစ်လာတတ်ပါတယ်။သွေးလည်ပတ်မှုမကောင်းတဲ့အတွက် မျက်ဝန်းနားက သွေးကြောငယ်လေးတွေဆီ သွေးမလျှောက်တတ်တဲ့အတွက် မျက်ကွင်းညိုလာတာဖြစ်ပါတယ်။

ဝမ်းချုပ်သူတွေဟာ သွေးဖိအားများပြီး သွေးတိုးတတ်ပါတယ်။ဒါဆိုရင် အသားတွေ စားသုံးမှုကို ရှောင်ကြဉ်ရမှာဖြစ်ပြီး အသီးအရွက်လောက်သာ စားသုံးရမှာဖြစ်ပါတယ်။ဆိုဒီယမ်ပမာဏများခြင်းက သွေးကို ပိုတိုးစေပြီး အသီးအနှံနဲ့ အရွက်တွေကသာ အကောင်းဆုံး အစားအစာဖြစ်ပါတယ်။

ဝမ်းအရမ်းချုပ်တဲ့သူဟာ အသက်ရှုရခက်သလို အသားအရေကိုလဲ ထိခိုက်လာစေပါတယ်။ အသားအရေတွေမွဲခြောက်လာပြီး အစာခြေစနစ်က ခက်ခဲလာတဲ့အတွက် အသက်ရှုရ ကြပ်လာတာဖြစ်ပါတယ်။ဒါ့အပြင် ဝမ်းချုပ်လွန်းသူဟာ ခန္ဓာကိုယ်အနံ့ဆိုး များစွာထွက်တတ်တာဖြစ်ပါတယ်။

အသားတွေမှာ natural sugar (Neu5Gc) ဓာတ် များစွာပါဝင်ပြီး သင့်ကို ကိုက်ခဲမှုတွေဖြစ်ပေါ်စေတာဖြစ်ပါတယ်။သကြားဓာတ်များသွားရင် ဖြစ်တတ်တာမို့ နေမကောင်းတာနဲ့ ကိုယ်လက်မအီမသာတွေဖြစ်တတ်ပြီး ဝမ်းချုပ်ခြင်ရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းဟာ လူကို ထိုင်းမှိုင်းစေပြီး မောပန်းနွမ်းနယ်နေတာဖြစ်ပါတယ်။ဒါမျိုးက အလုပ်ကိုလည်း မတွင်ကျယ်သလို ကျန်းမာရေးကိုလဲ အနှောင့်အယှက်ပေးတတ်ပါတယ်။

ဝမ်းအရမ်းချုပ်နေသူဟာ အစားစားချင်စိတ်ရှိလို့ စားလိုက်ရင်တောင် ပျို့အန်တာဖြစ်ပြီး သာမာန်အတိုင်းလဲ ပျို့ချင် အန်ချင်စိတ်ဖြစ်နေတာဖြစ်ပါတယ်။

ဝမ်းချုပ်တဲ့အတွက် အစာဟောင်းတွေဟာ အူလမ်းကြောင်းမှာ အပြည့်အဝ နေရာယူထားတာဖြစ်ပါတယ်။ဒါဟာ ဗိုက်ကို ပိုမိုပူလာစေပြီး လေးလံလာစေပါတယ်။အစာမကြေနိုင်တဲ့ အစားတွေပါထပ်စားမိရင် ထိုင်ရ ထရတာပါ ခက်ခဲလာတတ်ပါတယ်။

Source: CWS

Read times Last modified on Friday, 09 February 2018 12:50
Rate this item
(0 votes)