What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 July 2017 10:31

ကိုယ်ဝန်ဆောင်ချိန် သကြားစားသုံးမှုကြောင့် မွေးလာသောကလေး ဓာတ်မတည့်မှုနှင့် ပန်းနာရောဂါ ဖြစ်ပွားနိုင်

ကိုယ်ဝန်ဆောင်ချိန် သကြားစားသုံးမှုကြောင့် မွေးလာသောကလေး ဓာတ်မတည့်မှုနှင့် ပန်းနာရောဂါ ဖြစ်ပွားနိုင် google.com

ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်၏ သကြားစားသုံးမှုနှင့် မွေး လာသော ကလေးတွင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနိုင်သည့် အန္တ ရာယ်မြင့်မားခြင်းသည် ဆက်နွှယ်မှုရှိကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ယခင်လေ့လာမှုများက သကြားဓာတ်ပါဝင်သော အချိုရည်  သောက်သုံးမှုမြင့်မားခြင်းနှင့် ကလေးများ အသက်(၁၁) နှစ်အရွယ်တွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပေါ်ခြင်းကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြသည်။

လန်ဒန်မြို့ ကွင်းမယ်ရီတက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုတွင် မိခင်နှင့် ကလေး ၁၈,၀၀၀ ခန့် ပါဝင်ပြီး ဗြိတိန်နိုင်ငံ တစ်ဝန်းလုံး၌ လေ့လာခဲ့ခြင်းဖြစ်သည်။

READ - ကိုယ်ဝန်ဆောင်ချိန် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်း

ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်၏ သကြားစားသုံးမှုကြောင့် မွေး လာသော ကလေးတွင် ဓာတ်မတည့်မှုများနှင့် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများကပြောသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် သကြားစားသုံးမှုမြင့်မားသော အမျိုး သမီးများနှင့် သကြားအနည်းငယ်သာ စားသုံးသော အမျိုးသမီးများ ကို နှိုင်းယှဉ်ရာ၌ သကြားစားသုံးမှုများသော အမျိုးသမီးများ၏ သား သမီးများသည် ဓာတ်မတည့်မှုဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း မြင့်မားပြီး ဓာတ်မတည့်မှုကြောင့်ဖြစ်သော ပန်းနာရောဂါ ဖြစ်ပွားနိုင်ခြေ ရာ နှုန်းပြည့်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

သားသမီးများတွင် ဓာတ်မတည့်မှုများနှင့် ပန်းနာရင်ကျပ်ဖြစ် ပွားမှုကို ရှောင်ကြဉ်ရေး ကိုယ်ဝန်ဆောင်ချိန်၌ အမျိုးသမီးများအနေ ဖြင့် သကြားအများအပြား စားသုံးမှုကို ရှောင်ရှားသင့်ကြောင်း သု တေသီများက ပြောသည်။

ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားပါက နှလုံးထိခိုက်မှုဖြစ်နိုင်သည့် အန္တရာယ်မြင့်မား လာနိုင်သည်။         

READ - ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော အပြုအမူ (၃) ရပ်

              

Source: 7 day daily

Read times
Rate this item
(1 Vote)