What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 February 2018 15:31

ကမာၻ႕ပထမဆံုး လိင္တူခ်စ္သူႏွစ္ဦး၏ ကိုယ္ဝန္

ကမာၻ႕ပထမဆံုး လိင္တူခ်စ္သူႏွစ္ဦး၏ ကိုယ္ဝန္ google.com

ၿဗိတိန္မွ အိုလံပစ္ ဒိုင္ဗင္ကစားသမား Tom Daley ဟာ သူရဲ႕ လိင္တူခင္ပြန္း အေမရိကန္ရုပ္ရွင္ ဒါရိုက္တာ Dustin Lance Black နဲ႕

ရင္ေသြးေလးရေနၿပီလို႕ သူတို႕ရဲ႕ Social media အေကာင့္ ေတြကေန Valentines Day မွာေၾက ညာလိုက္ပါတယ္။

သူတို႕ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလတုန္းက Dartmoor , Devon မွာရွိတဲ့ Bovey Castle Hotel မွာမဂၤလာေဆာင္ခဲ့တာပါ။

Tom Daley Wedding Devon 710x355

“Tom နဲ႕ Dustin ဟာ ၂၀၁၈ခုႏွစ္အတြင္းမွာ ဖြားျမင္မယ့္ သူတို႕ရဲ႕ပထမဆံုးရင္ေသြးေလး အတြက္ အရမ္းစိတ္လႈပ္ရွားေနပါ တယ္” လို႔ သူတို႕ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္တစ္ဦးက ေျပာၾကားပါတယ္။

သူတို႕စံုတြဲပံုနဲ႕ Ultrasound ရိုက္ထားတဲ့ သူတို႕ကေလးပံုေလးကို သူတို႕ရဲ႕ Instagram နဲ႕ Twitter အေကာင့္တို႕မွာ Valentines day မွာတင္ခဲ့ပါတယ္။

ဒါေပမဲ့ သူတို႕ရဲ႕ ကိုယ္ဝန္နဲ႕ပတ္သက္ၿပီးေတာ့ အေသးစိတ္ေဖာ္ျပထားျခင္းေတာ့မရွိပါဘူး။

DWACONaX4AEKw3C

Daley ၏ မိခင္ Dabbie Daley က သူမဒီသတင္းကို ၾကားရတာအရမ္းဝမ္းေျမာက္မိ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Daley ဟာအသက္ ၂၃ ႏွစ္ရွိၿပီျဖစ္ၿပီး သူမွာခ်စ္သူရည္းစားရွိေၾကာင္း ၂၀၁၃ ခုနစ္က youtube မွာ တင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကမွ တရားဝင္ေၾကာ္ျငာခဲ့တာပါ။

သူဟာ လန္ဒန္နဲ႕ Rio de janeiro မွာက်င္းပတဲ့ အိုလံပစ္ပြဲမွာ ေၾကးတံဆိပ္ဆုမ်ား ရရွိခဲ့ၿပီး မႏွစ္က ဘူတာဘက္မွာက်င္းပတဲ့ World Championship ၿပိဳင္ပြဲတြင္ ေရကူးကန္အေပၚ အျမင့္ ၁၀ မီတာဒိုင္ဗင္ျဖင့္ ေရႊတံဆိပ္ဆုကို ၈ႏွစ္တုိင္တုိင္ ရယူနုိင္ခဲ့တာပါ။ အခုလုိ ေရႊတံဆိပ္ဆု ၈ ႏွစ္ဆက္တုိက္ရဖူးတဲ့ ဒုိင္ဗင္သမားဆုိလုိ႔ သူပဲ ရွိပါတယ္။

Black က အသက္ ၄၃ႏွစ္ရွိၿပီး လိင္တူခ်စ္သူမ်ားအတြက္အခြင့္အေရး လႈပ္ရွားသူႏွင့္ႏုိင္ငံေရးသမား Harvey Milk ရဲ႕ ဘဝကို အေျခခံထားသည့္ ရုပ္ရွင္ျဖင့္ အေကာင္းဆံုးဇာတ္ညႊန္းေအာ္စကာဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

သူတို႔လိင္တူခ်စ္သူ ႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လကမွ ဘာစီလိုနာကို ဟန္းနီးမြန္းထြက္ခဲ့တာပါ။

Source: (BBC news) Tom Daley announces baby news with husband

 

Unicode

 

ဗြိတိန်မှ အိုလံပစ် ဒိုင်ဗင်ကစားသမား Tom Daley ဟာ သူရဲ့ လိင်တူခင်ပွန်း အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Dustin Lance Black နဲ့ ရင်သွေးလေးရနေပြီလို့ သူတို့ရဲ့ Social media အကောင့် တွေကနေ Valentines Day မှာကြေ ညာလိုက်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက Dartmoor , Devon မှာရှိတဲ့ Bovey Castle Hotel မှာမင်္ဂလာဆောင်ခဲ့တာပါ။

Tom Daley Wedding Devon 710x355
“Tom နဲ့ Dustin ဟာ ၂၀၁၈ခုနှစ်အတွင်းမှာ ဖွားမြင်မယ့် သူတို့ရဲ့ပထမဆုံးရင်သွေးလေး အတွက် အရမ်းစိတ်လှုပ်ရှားနေပါ တယ်” လို့ သူတို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားပါတယ်။
သူတို့စုံတွဲပုံနဲ့ Ultrasound ရိုက်ထားတဲ့ သူတို့ကလေးပုံလေးကို သူတို့ရဲ့ Instagram နဲ့ Twitter အကောင့်တို့မှာ Valentines day မှာတင်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ဝန်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်ဖော်ပြထားခြင်းတော့မရှိပါဘူး။

DWACONaX4AEKw3C
Daley ၏ မိခင် Dabbie Daley က သူမဒီသတင်းကို ကြားရတာအရမ်းဝမ်းမြောက်မိ ကြောင်း ပြောကြားခဲ့ပါတယ်။
Daley ဟာအသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး သူမှာချစ်သူရည်းစားရှိကြောင်း ၂၀၁၃ ခုနစ်က youtube မှာ တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ တရားဝင်ကြော်ငြာခဲ့တာပါ။
သူဟာ လန်ဒန်နဲ့ Rio de janeiro မှာကျင်းပတဲ့ အိုလံပစ်ပွဲမှာ ကြေးတံဆိပ်ဆုများ ရရှိခဲ့ပြီး မနှစ်က ဘူတာဘက်မှာကျင်းပတဲ့ World Championship ပြိုင်ပွဲတွင် ရေကူးကန်အပေါ် အမြင့် ၁၀ မီတာဒိုင်ဗင်ဖြင့် ရွှေတံဆိပ်ဆုကို ၈နှစ်တိုင်တိုင် ရယူနိုင်ခဲ့တာပါ။ အခုလို ရွှေတံဆိပ်ဆု ၈ နှစ်ဆက်တိုက်ရဖူးတဲ့ ဒိုင်ဗင်သမားဆိုလို့ သူပဲ ရှိပါတယ်။
Black က အသက် ၄၃နှစ်ရှိပြီး လိင်တူချစ်သူများအတွက်အခွင့်အရေး လှုပ်ရှားသူနှင့်နိုင်ငံရေးသမား Harvey Milk ရဲ့ ဘဝကို အခြေခံထားသည့် ရုပ်ရှင်ဖြင့် အကောင်းဆုံးဇာတ်ညွှန်းအော်စကာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
သူတို့လိင်တူချစ်သူ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကမှ ဘာစီလိုနာကို ဟန်းနီးမွန်းထွက်ခဲ့တာပါ။


Source: (BBC news) Tom Daley announces baby news with husband

 

Read times
Rate this item
(0 votes)