What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 July 2018 15:57

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ Google.com

နေ့စဉ်လှုပ်ရှားသွားလာတွေနဲ့ မိမိရဲက လုပ်ဆောင်ချက်တွေဟာ ဘယ်လိုအခြေအနေပေါ်မှာ ရှောက်ရှိနေပြီးလဲ ဆိုတာကို မည်သူသတိမထားတက်ကြပါဘူး။

၎င်းအချက်တွေထဲမှ လူသားတို့ရဲ့ဘဝရှင်သန်ဖို့အတွက် ဆုံဖြတ်စီရင်ပေးတဲ့ ဦးနှောက်နဲ့ ပတ်သက်ပြီးတော့တင်ပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
၁။ မနက်စာ မစားခြင်း

Related image

မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း

Image result for smoking

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့
ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း

Image result for sweet food

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်း
က သကြားဓာတ် က လိုအပ်ပေမယ့် လူလတ်ပိုင်း က စလို့ လူတစ်ယောက်ရဲ့  အချို စားသုံးမှုက ကလေး
တွေနဲ့ သွား မယှဉ်သင့်တော့ ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှု အားကို လျော့စေပြီး ဦးနှောက် လုပ်
ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။

၎။ လေမသန့်ခြင်း

Related image

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်း
ရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

၅။ အအိပ်လွန်ခြင်း

Image result for more sleeping

အိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အ
တွက် ဥာဏ်ထိုင်းစေပါတယ်။

၆။ အိပ်ချိန်နည်းခြင်း

Related image

သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း

Image result for more sleeping

ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း

Related image

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။

၉။ တွေးခေါ်မှုနည်းခြင်း

Image result for ill job

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်း
ပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေတတ်ပါ
တယ်။

၁၀။ စကားနည်းခြင်း

Image result for don't talk

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါ
ဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက်ကို ကောင်းစေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။

Ref: medic-facts

 

Read:ရင်သား ကျန်းမာရေးအကြောင်း သိကောင်းစရာ

ရင်သား ကျန်းမာရေးအကြောင်း သိကောင်းစရာ

Read times Last modified on Friday, 06 July 2018 16:34
Rate this item
(1 Vote)