What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 February 2018 17:28

ကိုက်ခဲပျောက်ဆေးထက်စွမ်းတဲ့ ကျန်းမာရေးနည်းလမ်းများ

ကိုက်ခဲပျောက်ဆေးထက်စွမ်းတဲ့ ကျန်းမာရေးနည်းလမ်းများ google.com





(၁) ဇက်ကြောတတ်ခြင်း၊

(၂) ခါးနာခြင်း၊










 ( မှတ်ချက်- နာကျင်ကိုက်ခဲခြင်း ဝေဒနာများ မကြာခဏခံစားနေရပြီဆိုရင်တော့ ဆရာဝန်နှင့် ပြသပြီး    ဆေးကုသမှုခံယူသင့်ပါတယ်။)

Source: Go! Gel

Read:အမျိုးသမီးတိုင်းသိထားသင့်သည့် ရင်သားကင်ဆာလက္ခဏာများ၊

 

Unicode

 

နေ့စဉ်လှုပ်ရှားသွားလာနေရသော ( ၂၁ )ရာစု လူမှုဘဝသစ်တွင် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ စွမ်းဆောင်ရည်များကို ဂရုပြုအလေးထားသင့်ပါတယ်။
အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ခန္ဓာကိုယ်အရိုးအဆစ်များ နာကျင်ခြင်းသာမက တစ်ခါတစ်ရံ မထင်မှတ်ထားသော အကြောင်းများကြောင့် ခန္ဓာကိုယ်ကြွက်သားများ နာကျင်တောင့်တင်းခြင်း၊ အရိုးအဆစ်များ နာကျင်ရောင်းရမ်းခြင်းများကို လည်းခံစားရစေနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ အဖြစ်အများဆုံးသော နာကျင်ကိုက်ခဲမှုများကတော့-
(၁) ဇက်ကြောတတ်ခြင်း၊
(၂) ခါးနာခြင်း၊
(၃) ကြွက်သားများ အပြင်းအထန်နာကျင် ကိုက်ခဲခြင်း ၊ ကြွက်တတ်ခြင်း၊
(၄) ရောဂါကြောင့် အရိုးအဆစ်များ ရောင်ရမ်းနာကျင် ကိုက်ခဲခြင်း၊ (ဥပမာ- လေးဘက်နာရောဂါ၊ ဂေါက်ရောဂါ၊ အရိုးပွရောဂါ)
(၅) ထိခိုက်ဒဏ်ရာကြောင့် အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊
(၆) အာရုံကြောများ ရောင်ရမ်း၍ နာကျင်ကိုက်ခဲခြင်းတို့ အများဆုံးဖြစ်တတ်ပါတယ်။
ဒီလိုအကြောင်းအမျိုးမျိုးကြောင့် နာကျင်ကိုက်ခဲမှုများကို လျော့ပါးသက်သာအောင် အောက်ပါနည်းလေးတွေ ရှိပါတယ်။
(၁) နာကျင်ကိုက်ခဲသော အရိုးအဆစ်များကို အနားပေးပါ၊
(၂ ) နာကျင်၊ ကိုက်ခဲနေသော ကြွက်သားများကို ညင်သာစွာနှိပ်ပေးခြင်း၊ဖြင့်လည်း သက်သာစေနိုင်ပါတယ်။
(၃) နာကျင်ရောင်ရမ်းသော အရိုးအဆစ်များနှင့် ကြွက်သားများကို ရေနွေးအိတ်ကပ်ပေးခြင်းဖြင့်လည်း လျော့ပါးသက်သာစေပါတယ်။
(၄) ဇက်ကြောတတ်ခြင်း၊ ခါးနာခြင်း နှင့် ကျီးပေါင်းတတ်ခြင်း စသည့်ဝေဒနာများကိုတော့ လေ့ကျင့်ခန်းပုံမှန် လုပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
(မှတ်ချက်။ ။ နာကျင်ကိုက်ခဲခြင်း ဝေဒနာများ မကြာခဏခံစားနေရပြီဆိုရင်တော့ ဆရာဝန်နှင့် ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။)
Source: Go! Gel

Read times Last modified on Tuesday, 27 February 2018 17:39
Rate this item
(0 votes)