What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 November 2019 17:42

အဆစ္ေရာင္ေရာဂါအတြက္ သင့္ေတာ္သည့္ အစားအစာ ၁၀ မ်ဳိး

သင္ဟာ အဆစ္ေရာင္ ေရာဂါရွိတယ္ဆိုရင္ ဒီေရာဂါက ဘယ္ေလာက္စိတ္ညစ္စရာေကာင္းလဲဆိုတာသိမွာပါ။

အဆစ္ေရာင္ေရာဂါမွာ ေျခဆစ္လက္ဆစ္ေတြ နာလာတယ္၊ ေဖာင္းလာတယ္ လႈပ္ရွားရခက္တာမ်ဳိးေတြ ျဖစ္တတ္ပါတယ္။ ဒီေရာဂါက အသက္အရြယ္မေရြး လူမ်ဳိးမေရြး ျဖစ္တတ္ပါတယ္။

 

အဆစ္ေရာင္ေရာဂါေတြ အမ်ဳိးအစား အမ်ားႀကီး ရွိၿပီး အေတြ႔ရမ်ားတာက Osteoarthritis လို႔ ေခၚတဲ့ အရိုးအဆစ္ေတြ အသံုးျပဳတာမ်ားလို႔ ျဖစ္တဲ့ အဆစ္ေရာင္ျခင္းနဲ႔ Rheumatic Arthritis လို႔ေခၚတဲ့ ခုခံအားစနစ္ ကေမာက္ကမျဖစ္ျခင္းေၾကာင့္ရတဲ့ အဆစ္ေရာင္ျခင္းက အေတြ႔ရ အမ်ားဆံုးပါပဲ။ ကံေကာင္းတာက အဆစ္ေရာင္ျခင္းအတြက္ ေရာင္ရမ္းတာနဲ႔ နာက်င္တာကို သက္သာေအာင္ အစားအစာတခ်ဳိ႕က လုပ္ေပးႏိုင္တာပါပဲ။

 

၁။ အဆီမ်ားတဲ့ငါး

အဆီမ်ားတဲ့ ငါးဆိုတာ ဆယ္လ္မြန္၊ မက္ကရယ္၊ ဆာဒင္းတို႔လို အိုမီဂါ ၃ ဖက္တီးအက္စစ္မ်ားတဲ့ ငါးေတြကို ေျပာတာပါ။ ဒီငါးေတြကို တစ္ပတ္မွာ ၄ ခါေလာက္ စားမယ္ဆိုရင္ ၈ ပတ္အတြင္းမွာ ေရာင္ရမ္းတာေတြက သိသိသာသာ သက္သာလာပါတယ္။ ေနာက္ၿပီး ငါးေတြမွာ ဗီတာမင္ ဒီ ပါဝင္တဲ့အတြက္ အရိုးအဆစ္ေတြကို သန္မာလာေအာင္ ကူညီေပးႏိုင္ပါတယ္။

 

၂။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴမွာ က်န္းမာေရးေကာင္းက်ဳိးေတြ အျပည့္ပါပဲ။ ေလ့လာခ်က္ေတြအရ ၾကက္သြန္ျဖဴက ကင္ဆာေရာဂါ ကာကြယ္ေပးႏိုင္တယ္။ ႏွလံုးေရာဂါနဲ႔ သတိေမ့တာကိုလည္း သက္သာေစပါတယ္။ ဒါ့အျပင္ ေရာင္ရမ္းတာကိုလည္း ေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္ ၾကက္သြန္ျဖဴက အဆစ္ေစာင္တာအျပင္ တျခားက်န္းမာေရး အက်ဳိးေက်းဇူးေတြပါ ရေစတာမို႔လို႔ စားေပးသင့္ပါတယ္။

 

၃။ ခ်င္း

ခ်င္းကို အခုဆိုရင္ ဂ်င္းလက္ဖက္ရည္၊ဟင္းခ်ိဳရည္၊ သၾကားလံုး စသျဖင့္ အမ်ဳိးမ်ဳိး စားလာၾကပါၿပီ။ ခ်င္းက အဆစ္ေရာင္ျခင္းရဲ႕ လကၡဏာေတြကို သက္သာေစပါတယ္။ စမ္းသပ္ခ်က္ေတြအရ ခ်င္းစားၿပီး ၆ ပတ္ အတြင္း ၆၃ ရာခိုင္ႏႈန္းေလာက္က ဒူးနာတာ သက္သာလာပါတယ္တဲ့။ ဒါ့ျပင္ ခ်င္းမွာပါတဲ့ ဓာတ္ပစၥည္းေတြက ေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါတယ္။

 

၄။ ပန္းပြင့္စိမ္း

ပန္းပြင့္စိမ္းဟာ က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး ေကာင္းက်ဳိးေပးတဲ့အတြက္ လူသိမ်ားပါတယ္။ ေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါတယ္။

 

၅။ သစ္ၾကားသီး

သစ္ၾကားသီးက အာဟာရရွိၿပီး အဆစ္ေရာင္ျခင္းကို သက္သာေစတဲ့ ဓာတ္ပစၥည္းေတြပါဝင္ပါတယ္။ အိုမီဂါ ၃ ဖက္တီး အက္စစ္ပါဝင္တာေၾကာင့္ အဆစ္ေရာင္ျခင္းအတြက္ အက်ဳိး ရွိပါတယ္။

 

၆။ ဘယ္ရီသီး

ဓာတ္တိုးဆန္႔က်င္ပစၥည္း၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ အမ်ားအျပားပါဝင္တဲ့ ဘယ္ရီသီးဟာ ေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါသတဲ့။ ဘယ္ရီသီးမွာပါတဲ့ ကြာစီတင္ နဲ႔ ရူတင္ က အဆစ္အျမစ္ေတြ ေရာင္တာကို သက္သာေစပါတယ္။ စေတာ္ဘယ္ရီ၊ ဘလူးဘယ္ရီ၊ ဘလက္ဘယ္ရီ စသျဖင့္ ဘယ္ရီမ်ဳိးႏြယ္ဝင္ေတြက အရသာရွိတဲ့အျပင္ အဆစ္ေရာင္ သက္သာေစတာေၾကာင့္ စားသံုးေပးသင့္ပါတယ္။

 

၇။ ဟင္းႏုႏြယ္

အစိမ္းေရာင္အရြက္ဖားဖားနဲ႔ ဟင္းႏုႏြယ္က အာဟာရျပည့္ဝၿပီး အဆစ္ေရာင္တာကို သက္သာေစတဲ့ ဓာတ္ပစၥည္းေတြ အမ်ားႀကီး ပါဝင္ပါတယ္။ ေလ့လာခ်က္ေတြအရ အသီးအရြက္မ်ားမ်ား စားေပးျခင္းက ေရာင္ရမ္းတာကို သက္သာေစပါတယ္တဲ့။ ဟင္းႏုႏြယ္က ေရာင္ရမ္းတာကို သက္သာေစတဲ့အျပင္ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္အတြက္ သင့္ေတာ္ပါတယ္။

 

၈။ စပ်စ္သီး

စပ်စ္သီးမွာ အာဟာရျပည့္ဝစြာ ပါဝင္တဲ့အျပင္ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ ေရာင္ရမ္းတာကို သက္သာေစတဲ့ ဓာတ္ပစၥည္းေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ အဆစ္ေရာင္တဲ့သူေတြ မၾကာမၾကာ စားေပးသင့္ပါတယ္။

 

၉။ သံလြင္ဆီ

သံလြင္ဆီက အဆစ္ေရာင္ေရာဂါအတြက္ နာမည္ႀကီးပါပဲ။ အဆစ္ေရာင္တာ၊ အရိုးႏုေတြ ပ်က္စီးတာ၊ ေရာင္ရမ္းတာေတြကို သက္သာေစပါတယ္။ သံလြင္ဆီနဲ႔ ငါးႀကီးဆီေတြက အဆစ္ေရာင္တာကို ေလ်ာ့က်ေစတဲ့အျပင္ အျခားက်န္းမာေရး ေကာင္းက်ဳိးေတြကိုလည္း ရေစပါတယ္။

 

၁၀။ ခ်ယ္ရီသီး

ခ်ယ္ရီသီးေဖ်ာ္ရည္က ခုေနာက္ပိုင္းမွာ အေတာ္ေခတ္စားလာပါတယ္။ အဓိကကေတာ့ သူ႔မွာပါတဲ့ အာဟာရဓာတ္ေတြ က်န္းမာေရးေကာင္းက်ဳိးေတြနဲ႔ ေရာင္ရမ္းတာေတြ သက္သာေစလို႔ပါပဲ။ သတိထားရမွာက ခ်ယ္ရီသီးေဖ်ာ္ရည္ ေသာက္တဲ့အခါ သၾကားေလ်ာ့ၿပီး သဘာဝအတိုင္းေသာက္ဖို႔ပါပဲ။ ခ်ယ္ရီသီးေဖ်ာ္ရည္က Osteoarthritis မွာ ျဖစ္တဲ့ ေရာင္ရမ္းျခင္းအတြက္ အထူးေကာင္းပါတယ္တဲ့။

 

ဒီေလာက္ဆိုရင္ အဆစ္ေရာင္ျခင္းကို သက္သာေစတဲ့ အစားအေသာက္ေတြကို သိေလာက္ပါၿပီ။ ဒီထက္ပိုေကာင္းတာက ဒီအစားအစာေတြမွာ တျခားက်န္းမာေရးေကာင္းက်ိဳးေတြပါ ရွိေနတာပဲ။ ေဆးဝါးနဲ႔ ကုသတာအျပင္ အာဟာရရွိတဲ့ အစားအစာေတြ ေရာင္ရမ္းျခင္းကို သက္သာေစတဲ့ အစားအစာေတြ စားေပးတာက ေရရွည္မွာပိုၿပီးထိေရာက္မႈရွိပါတယ္။

 

ေဒါက္တာ ထက္ထက္ေဇာ္၀င္း

{Unicode}
======


အဆစ်ရောင်ရောဂါအတွက် သင့်တော်သည့် အစားအစာ ၁၀ မျိုး

သင်ဟာ အဆစ်ရောင် ရောဂါရှိတယ်ဆိုရင် ဒီရောဂါက ဘယ်လောက်စိတ်ညစ်စရာကောင်းလဲဆိုတာသိမှာပါ။ အဆစ်ရောင်ရောဂါမှာ ခြေဆစ်လက်ဆစ်တွေ နာလာတယ်၊ ဖောင်းလာတယ် လှုပ်ရှားရခက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီရောဂါက အသက်အရွယ်မရွေး လူမျိုးမရွေး ဖြစ်တတ်ပါတယ်။

 

အဆစ်ရောင်ရောဂါတွေ အမျိုးအစား အများကြီး ရှိပြီး အတွေ့ရများတာက Osteoarthritis လို့ ခေါ်တဲ့ အရိုးအဆစ်တွေ အသုံးပြုတာများလို့ ဖြစ်တဲ့ အဆစ်ရောင်ခြင်းနဲ့ Rheumatic Arthritis လို့ခေါ်တဲ့ ခုခံအားစနစ် ကမောက်ကမဖြစ်ခြင်းကြောင့်ရတဲ့ အဆစ်ရောင်ခြင်းက အတွေ့ရ အများဆုံးပါပဲ။ ကံကောင်းတာက အဆစ်ရောင်ခြင်းအတွက် ရောင်ရမ်းတာနဲ့ နာကျင်တာကို သက်သာအောင် အစားအစာတချို့က လုပ်ပေးနိုင်တာပါပဲ။

 

၁။ အဆီများတဲ့ငါး

အဆီများတဲ့ ငါးဆိုတာ ဆယ်လ်မွန်၊ မက်ကရယ်၊ ဆာဒင်းတို့လို အိုမီဂါ ၃ ဖက်တီးအက်စစ်များတဲ့ ငါးတွေကို ပြောတာပါ။ ဒီငါးတွေကို တစ်ပတ်မှာ ၄ ခါလောက် စားမယ်ဆိုရင် ၈ ပတ်အတွင်းမှာ ရောင်ရမ်းတာတွေက သိသိသာသာ သက်သာလာပါတယ်။ နောက်ပြီး ငါးတွေမှာ ဗီတာမင် ဒီ ပါဝင်တဲ့အတွက် အရိုးအဆစ်တွေကို သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။

 

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ကျန်းမာရေးကောင်းကျိုးတွေ အပြည့်ပါပဲ။ လေ့လာချက်တွေအရ ကြက်သွန်ဖြူက ကင်ဆာရောဂါ ကာကွယ်ပေးနိုင်တယ်။ နှလုံးရောဂါနဲ့ သတိမေ့တာကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းတာကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူက အဆစ်စောင်တာအပြင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေပါ ရစေတာမို့လို့ စားပေးသင့်ပါတယ်။

 

၃။ ချင်း

ချင်းကို အခုဆိုရင် ဂျင်းလက်ဖက်ရည်၊ဟင်းချိုရည်၊ သကြားလုံး စသဖြင့် အမျိုးမျိုး စားလာကြပါပြီ။ ချင်းက အဆစ်ရောင်ခြင်းရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ စမ်းသပ်ချက်တွေအရ ချင်းစားပြီး ၆ ပတ် အတွင်း ၆၃ ရာခိုင်နှုန်းလောက်က ဒူးနာတာ သက်သာလာပါတယ်တဲ့။ ဒါ့ပြင် ချင်းမှာပါတဲ့ ဓာတ်ပစ္စည်းတွေက ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

 

၄။ ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းဟာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကောင်းကျိုးပေးတဲ့အတွက် လူသိများပါတယ်။ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

 

၅။ သစ်ကြားသီး

သစ်ကြားသီးက အာဟာရရှိပြီး အဆစ်ရောင်ခြင်းကို သက်သာစေတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တာကြောင့် အဆစ်ရောင်ခြင်းအတွက် အကျိုး ရှိပါတယ်။

 

၆။ ဘယ်ရီသီး

ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်တဲ့ ဘယ်ရီသီးဟာ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါသတဲ့။ ဘယ်ရီသီးမှာပါတဲ့ ကွာစီတင် နဲ့ ရူတင် က အဆစ်အမြစ်တွေ ရောင်တာကို သက်သာစေပါတယ်။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ စသဖြင့် ဘယ်ရီမျိုးနွယ်ဝင်တွေက အရသာရှိတဲ့အပြင် အဆစ်ရောင် သက်သာစေတာကြောင့် စားသုံးပေးသင့်ပါတယ်။

 

၇။ ဟင်းနုနွယ်

အစိမ်းရောင်အရွက်ဖားဖားနဲ့ ဟင်းနုနွယ်က အာဟာရပြည့်ဝပြီး အဆစ်ရောင်တာကို သက်သာစေတဲ့ ဓာတ်ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ လေ့လာချက်တွေအရ အသီးအရွက်များများ စားပေးခြင်းက ရောင်ရမ်းတာကို သက်သာစေပါတယ်တဲ့။ ဟင်းနုနွယ်က ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် သင့်တော်ပါတယ်။

 

၈။ စပျစ်သီး

စပျစ်သီးမှာ အာဟာရပြည့်ဝစွာ ပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းတာကို သက်သာစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်တဲ့သူတွေ မကြာမကြာ စားပေးသင့်ပါတယ်။

 

၉။ သံလွင်ဆီ

သံလွင်ဆီက အဆစ်ရောင်ရောဂါအတွက် နာမည်ကြီးပါပဲ။ အဆစ်ရောင်တာ၊ အရိုးနုတွေ ပျက်စီးတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ သံလွင်ဆီနဲ့ ငါးကြီးဆီတွေက အဆစ်ရောင်တာကို လျော့ကျစေတဲ့အပြင် အခြားကျန်းမာရေး ကောင်းကျိုးတွေကိုလည်း ရစေပါတယ်။

 

၁၀။ ချယ်ရီသီး

ချယ်ရီသီးဖျော်ရည်က ခုနောက်ပိုင်းမှာ အတော်ခေတ်စားလာပါတယ်။ အဓိကကတော့ သူ့မှာပါတဲ့ အာဟာရဓာတ်တွေ ကျန်းမာရေးကောင်းကျိုးတွေနဲ့ ရောင်ရမ်းတာတွေ သက်သာစေလို့ပါပဲ။ သတိထားရမှာက ချယ်ရီသီးဖျော်ရည် သောက်တဲ့အခါ သကြားလျော့ပြီး သဘာဝအတိုင်းသောက်ဖို့ပါပဲ။ ချယ်ရီသီးဖျော်ရည်က Osteoarthritis မှာ ဖြစ်တဲ့ ရောင်ရမ်းခြင်းအတွက် အထူးကောင်းပါတယ်တဲ့။

 

ဒီလောက်ဆိုရင် အဆစ်ရောင်ခြင်းကို သက်သာစေတဲ့ အစားအသောက်တွေကို သိလောက်ပါပြီ။ ဒီထက်ပိုကောင်းတာက ဒီအစားအစာတွေမှာ တခြားကျန်းမာရေးကောင်းကျိုးတွေပါ ရှိနေတာပဲ။ ဆေးဝါးနဲ့ ကုသတာအပြင် အာဟာရရှိတဲ့ အစားအစာတွေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစားအစာတွေ စားပေးတာက ရေရှည်မှာပိုပြီးထိရောက်မှုရှိပါတယ်။

Read times Last modified on Thursday, 14 November 2019 10:32
Rate this item
(1 Vote)