What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 13 March 2018 13:56

အဆိပ်သင့်တားမြစ်ပစ္စည်းပါဝင်နေသည့် အလှကုန် ပစ္စည်း (၃) မျိုး

အဆိပ်သင့်တားမြစ်ပစ္စည်းပါဝင်နေသည့် အလှကုန် ပစ္စည်း (၃) မျိုး google.com

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော အလှကုန်များကို

အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျစီစစ် ကွပ်ကဲကြပ်မတ်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ဈေးကွက် အတွင်းစီစစ်ခဲ့ရာ မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အဆိပ်သင့်တားမြစ်ဓာတုပစ္စည်း များပါဝင်နေသော အလှကုန်ပစ္စည်း (၃) မျိုးစစ်ဆေး တွေ့ရှိရပါတယ်။

26993695 1713827228640187 8013668088935368610 n              

အဆိပ်သင့်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ် ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ရိခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီး လာနိုင်ခြင်း၊ အခြား မြောက်များစွာသော ရောဂါများဖြစ်ပွားနိုင်ပါတယ်။

အလှကုန်ပစ္စည်း တင်သွင်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည့်သူ့ကျန်းမာရေး ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Source: FDA

Read times
Rate this item
(0 votes)