What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 March 2018 11:22

စိတ်ပင်ပန်းမှုတွေ ပြေလျော့ဖို့အတွက် နည်းလမ်း(၄) ချက်

စိတ်ပင်ပန်းမှုတွေ ပြေလျော့ဖို့အတွက် နည်းလမ်း(၄) ချက် google.com

ခေတ်မီလာတဲ့ ယနေ့ခေတ်ကာလကြီးနဲ့ အမှီလိုက်ပြီးစီးမျောနိုင်ဖို့ ကြိုးစားရတာတွေဟာ မအားလပ်နိုင်အောင်ပါ။

တစ်နေ့တာလုံး အလုပ်တွေ၊ အချိန်ဇယားတွေ၊ ကြောင့် ပင်ပန်းနွမ်းနယ်လာတဲ့ အခါမျိုးတွေ ကို လူတိုင်းခံစားဖူးမှာပါ။

တစ်နေ့တာပင်ပန်းသမျှတွေနဲ့ဖြတ်သန်းရပြီး နောက်တနေ့တွင် တစ်နေ့တာရဲ့လုပ်ငန်းတာဝန်များ ပြန်လည်စတင်နိုင်ဖို့အတွက် အားအင်ပြည့်ဖြိုးစွာပြန်လည်နိုးထဖို့က အရမ်းအရေးကြီးပါတယ်။

အားအင်ပြည့်ဖြိုးပြီး လန်းဆန်းစေဖို့အတွက် နည်းလမ်း (၄)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ခွန်အားပြည့်ဝစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပေးတာက စိတ်ကို သက်သာရာလည်းရသလို၊ လန်းဆန်းတတ်ကြွစေပါတယ်။ လေ့ကျင့်ခန်းလုပ်သူတွေဟာ အခြားသူတွေထက် စိတ်ဓာတ်ကြံခိုင်စေပါတယ်။

(၂) တရားထိုင်ပါ။

တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အေးအေးဆေးဆေးထိုင်ပြီး ဝင်လေထွက်လေ လေးမှတ်ပေးပါ။ မျက်လုံးကို မှိတ်ပြီး ငြိမ်ငြိမ်လေးတရားထိုင်နေတာဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရောပါ အနားရစေမှာပါ။ တရားထိုင်လေ့မရှိဘူးဆိုရင်လည်း တစ်ကြိမ်ကို ငါးမိနစ်စီလောက် ထိုင်ကြည့်ပေးပါ။ မျက်လုံးပြန်ဖွင့်လိုက်တဲ့ အခါ စိတ်ထဲမှာ ငြိမ်းချမ်းနေမှာ အသေအချာပါပဲဗျာ။

(၃) သီချင်းနားထောင်ပေးပါ။

သီချင်းနားထောင်တာကလည်း အကောင်းဆုံးသော စိတ်အပန်းဖြေနည်းပါပဲ။ ကိုယ်အကြိုက်ဆုံးသီချင်းတွေ စုထားပြီး နားထောင်ပါ။ အလုပ်လုပ်နေရင်းဖြစ်ဖြစ် ၊ဂိမ်းကစားနေရင်းဖြစ်ဖြစ်၊ သီချင်းလေးနားထောင်ပေးခြင်းဖြင့် စိတ်ပင်ပန်းမှုများကို တဖက်တလမ်းက ဖြေလျော့ပေးနိုင်ပါတယ်။

(၄) စာအုပ်ဖတ်ပါ။

စိတ်အပန်းပြေစေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုက စာအုပ်ဖတ်ခြင်းပါ။ စာအုပ်ဖတ်တဲ့အခါ စိတ်ခွန်အားရစေမဲ့ စာအုပ်မျိုးတွေကို ရွေးချယ်ဖတ်ရှုသင့်ပါတယ်။ စာအုပ်ထဲမှာ စီးမျောခံစာရတဲ့အရသာဟာ စိတ်အပင်ပန်းဆုံးအချိန်မှာတောင် ပြေလျော့စေတယ်လို့လေ့လာမှုတွေအရသိရပါတယ်။

Source: Kumudra

Read: စိတ်ဖိစီးမှုတွေကြောင့် စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းစတဲ့ စိတ်ဝေဒနာများစွာ ဖြစ်ပွားနိုင်

https://goo.gl/8vitpx

စိတ်ဖိစီးမှုတွေကြောင့် စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းစတဲ့ စိတ်ဝေဒနာများစွာ ဖြစ်ပွားနိုင်

Read times
Rate this item
(0 votes)