What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 21 March 2018 16:32

အိပ်မပျော်တဲ့သူများအတွက် နည်းလမ်း (၄)ချက်

အိပ်မပျော်တဲ့သူများအတွက် နည်းလမ်း (၄)ချက် google.com

ညဘက်အိပ်မပျော်ခြင်းဟာ တိုးတတ်နေတဲ့ခေတ်ကြီးကြောင့်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့ တိုးတတ်နေတဲ့လူမှုဘဝတွေဟာ အိပ်မပျော်ခြင်းကို ပို၍တိုးစေပါတယ်။

အိပ်ယာမဝင်ခင် စိတ်သက်တောင့်သက်သာအနားယူရမယ့်အစား အိမ်မှုကိစ္စတွေ၊ ဖုန်းအသုံးပြုခြင်းတွေ ၊ ညနက်တဲ့အထိ တီဗီရှေ့မှာထိုင်နေခြင်း တို့တွေကြောင့် အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။
အောက်ပါအချက်တွေက သင်ရဲ့ အိပ်ချင်စိတ်ကို ဖန်တီးပေးပါလိမ့်မယ်။

တစ်နေ့တာအတွင်း

ညှစ်ဖျစ် လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။

squeeze

“ထိုလေ့ကျင့်ခန်းကို တစ်နေ့လျှင် နာရီဝက်ခန့်ဖြင့် တစ်ပတ်ကို ၂၁၀မိနစ် ကစားပေးခြင်းဖြင့် အမျိုးသမီးတွေမှာ ဖြစ်တတ်သော အိပ်မပျော်ခြင်း၏အကျိုးဆက်များ ဖြစ်သည့် ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိုပေးခြင်း နင့် စိုးရိမ်စိတ် ၊ စိတ်ကျရောဂါ တို့ကို လျော့နည်းသွားစေတယ်” လို့ Pittsburgh ဆေးတက္ကသိုလ်၏ ဒေါက်တာ Chris Kline ကပြောပါတယ်။
“အံသြစရာကောင်းလောက်အောင် ညဘက်စောစောသင်ကို လွယ်ကူစွာ အိပ်ပျော်နိုင်မှာပါ ” လို့ Kline ကပြောပါတယ်။ဒါပေမဲ့ အချိန်နဲ့လုပ်ဖို့တော့လိုပါတယ်။

အိပ်ရာမဝင်ခင် နှစ်နာရီ

မီးရောင်လျော့ပါ။

hd aspect 1470068054 nox 

အိပ်ခါနီးတိုင်း သင်အနီးအနားမှာရှိတဲ့ မီးအိမ်၊ မီးချောင်းများကို ပိတ်ပြီးအိပ်ပေးပါ။
သင်အသုံးပြုတဲ့ မီးအိမ်အမျိုးအစားလည်း အရေးကြီးပါတယ်။

“အဖြူရောင်တောက်တောက်မီးအိမ်များဟာ စတင်အိပ်စက်မှုကို နှောက်ယှက်စေနိုင်တယ်လို့” Columbia ဆေးတက္ကသိုလ်၏ အလင်းနှင့်အသံ ဇီဝဗေဒပါရဂူ ဒေါက်တာ Michael Terman ကပြောပါတယ်။

“ရောင်စဉ်တွေထဲက အပြာရောင်အလင်းဟာလည်း ခင်ဗျားတို့ အိပ်နေစဉ်အတွင်း ထုတ်လွှတ်ပေးနေတဲ့ မီလတိုနင်(melatonin) ဟော်မုန်းကို သင်ရဲ့ခန္ဓာကိုယ်အတွင်းကနေ လျော့ချပေးနေပါတယ်။

မီးအိမ်ဝယ်တော့မယ်ဆိုရင် ပါကင်ဗူးမှာ “soft” or “warm” ပါသော အပူချိန် ၃၀၀၀ Kနဲ့ အောက် ကို ကြည့်ပြီးမှ ဝယ်သင့်တယ်လို့” Terman ကပြောပါတယ်။

မအိပ်ခင်တစ်နာရီ အလို..
မအိပ်ခင်တစ်နာရီအလိုမှ ဖုန်းတွေ၊ တီဗီတွေ၊ ကို ပိတ်ပေးထားသင့်ပါတယ်။ ၎င်းတို့ကလာတဲ့ အပြာရောင်အလင်းတန်းဟာ သင်ဦးနှောက်ကို တတ်ကြွစေခြင်း၊ နှောင့်ယှက်စေခြင်း စသည်တို့ ဖြစ်စေနိုင်ပြီး အိပ်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။

GTY smartphone sleep jef 140804 16x9 992

တကယ်လို့မဖြစ်မနေ ညနက်တဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေ၊ တီဗီတွေအသုံးပြုရမယ်ဆိုရင်တော့ အလင်းလျော့ပြီးမှ သုံးပေးသင့်ပါတယ်။

မအိပ်ခင် နာရီဝက်အလို..


မီးပိတ်လိုက်ပါ။ ဒါမှမဟုတ် အနိမ့်ဆုံး မီးအလင်းထိ လျော့ချလိုက်ပါ။



Read times Last modified on Thursday, 22 March 2018 17:11
Rate this item
(0 votes)