What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 October 2019 14:56

Lifebuoy ကက်င္းပေသာ 12th Global Handwashing Day

Unilever ၏ က်န္းမာေရးဆပ္ျပာ အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ Lifebuoy သည္ ယေန႔တြင္ Help A Child Learn Handwashing (ကေလးငယ္မ်ားကို လက္ေဆးျခင္း အသိပညာ ျဖန္႔ေဝစို႔) အခမ္းအနားကို အလံုျမိဳ႕နယ္ ၊ အမွတ္(၄) အေျခခံအထက္တန္းေက်ာင္း၌ ေက်ာင္းသား/သူမ်ား ႏွင့္အတူ က်င္းပခဲ့ပါတယ္။

အဆိုပါ အခမ္းအနားတြင္ ၾကြေရာက္လာေသာ ဧည္သည္ေတာ္မ်ား ႏွင့္ ေက်ာင္းသား/သူမ်ားကို Lifebuoy MC မွ အခမ္းအနား ႏွင့္ မိတ္ဆက္စကားမ်ား ေျပာၾကားခဲ့ျပီး Unilever Myanmar ၏ Marketing Directory (BPC) Myanmar, Cambodia & Laos ျဖစ္သူ Mr.Nipun Talwar မွ အဖြင့္မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Conmiv Performance အစီအစဥ္ ႏွင့္အတူ Lifebuoy Brand Ambassador ခ်စ္သုေဝ မွ အမွာစကား ေျပာၾကားခဲ့ ေက်ာင္းသား/သူမ်ား သိလိုရာေမးခြန္းမ်ားကိုလည္ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

Lifebuoy ေတး ႏွင့္ Ki Ki, Khit Khit ႏွင့္ ထိပ္ထားသခင္တို႔ မွလည္း လက္ေဆးပံုကျပျခင္းမ်ားႏွင့္ စိတ္ဝင္စာဖြယ္ေကာင္းေအာင္ တင္ဆက္ျပသခဲ့ပါတယ္။

ေနာက္ဆံုးတြင္ ေက်ာင္းသား/သူ မ်ားကို လက္ေဆးပါ့မည္ဟု ကတိကဝတ္ျပဳျခင္းမ်ား ျပဳလုပ္ျပီးေနာက္ ကေလးမ်ားကို လက္ေဆးျခင္းအစီအစဥ္မ်ားကို ျပဳလုပ္သြားခဲ့ပါတယ္။

 

ေက်ာင္းသား/သူ မ်ားသည္ မိန္႔ခြန္း စကားမ်ား နားေထာင္ျပီးေနာက္ Lifebuoy ေတးသီခ်င္း ၊ ကကြက္ဆန္းမ်ား ႏွင့္ သန္႔ရွင္းစင္ၾကယ္စြာ ေဆးေၾကာျခင္း၏ အက်ိဳးသက္ေရာက္မႈကို သရုပ္ျပသခဲ့ပါတယ္။ အဆုိပါ သရုပ္ျပသမႈတြင္ မ်က္စိျဖင့္ၾကည့္လွ်င္ သန္႔ရွင္းေသာ္လည္း အမွန္တကယ္ မသန္႔ရွင္းျခင္း ကို သက္ေသျပသည့္အေနျဖင့္ မိမိတို႔၏ လက္ဖဝါးတြင္ ကပ္ညွိေနေသာ ေရာဂါပိုးမႊားမ်ားကို အမွန္တကယ္ ေကာင္းမြန္ေသာ က်န္းမာေရး ဆပ္ျပာ ျဖင့္သာ ဖယ္ရွားႏိုင္သည္ကို လက္ေတြ႕ျပသခဲ့ပါတယ္။

 

Aung Win (Health Products Directory)

 

{Unicode}

======

Lifebuoy ကကျင်းပသော 12th Global Handwashing Day

 

Unilever ၏ ကျန်းမာရေးဆပ်ပြာ အမှတ်တံဆိပ်တစ်ခုဖြစ်သော Lifebuoy သည် ယနေ့တွင် Help A Child Learn Handwashing (ကလေးငယ်များကို လက်ဆေးခြင်း အသိပညာ ဖြန့်ဝေစို့) အခမ်းအနားကို အလုံမြို့နယ် ၊ အမှတ်(၄) အခြေခံအထက်တန်းကျောင်း၌ ကျောင်းသား/သူများ နှင့်အတူ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် ကြွရောက်လာသော ဧည်သည်တော်များ နှင့် ကျောင်းသား/သူများကို Lifebuoy MC မှ အခမ်းအနား နှင့် မိတ်ဆက်စကားများ ပြောကြားခဲ့ပြီး Unilever Myanmar ၏ Marketing Directory (BPC) Myanmar, Cambodia & Laos ဖြစ်သူ Mr.Nipun Talwar မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Conmiv Performance အစီအစဉ် နှင့်အတူ Lifebuoy Brand Ambassador ချစ်သုဝေ မှ အမှာစကား ပြောကြားခဲ့ ကျောင်းသား/သူများ သိလိုရာမေးခွန်းများကိုလည် ပြန်လည်ဖြေကြားခဲ့ပါတယ်။

Lifebuoy တေး နှင့် Ki Ki, Khit Khit နှင့် ထိပ်ထားသခင်တို့ မှလည်း လက်ဆေးပုံကပြခြင်းများနှင့် စိတ်ဝင်စာဖွယ်ကောင်းအောင် တင်ဆက်ပြသခဲ့ပါတယ်။

နောက်ဆုံးတွင် ကျောင်းသား/သူ များကို လက်ဆေးပါ့မည်ဟု ကတိကဝတ်ပြုခြင်းများ ပြုလုပ်ပြီးနောက် ကလေးများကို လက်ဆေးခြင်းအစီအစဉ်များကို ပြုလုပ်သွားခဲ့ပါတယ်။

 

ကျောင်းသား/သူ များသည် မိန့်ခွန်း စကားများ နားထောင်ပြီးနောက် Lifebuoy တေးသီချင်း ၊ ကကွက်ဆန်းများ နှင့် သန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်း၏ အကျိုးသက်ရောက်မှုကို သရုပ်ပြသခဲ့ပါတယ်။ အဆိုပါ သရုပ်ပြသမှုတွင် မျက်စိဖြင့်ကြည့်လျှင် သန့်ရှင်းသော်လည်း အမှန်တကယ် မသန့်ရှင်းခြင်း ကို သက်သေပြသည့်အနေဖြင့် မိမိတို့၏ လက်ဖဝါးတွင် ကပ်ညှိနေသော ရောဂါပိုးမွှားများကို အမှန်တကယ် ကောင်းမွန်သော ကျန်းမာရေး ဆပ်ပြာ ဖြင့်သာ ဖယ်ရှားနိုင်သည်ကို လက်တွေ့ပြသခဲ့ပါတယ်။

Read times Last modified on Wednesday, 23 October 2019 15:26
Rate this item
(1 Vote)


Related Articles