What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 January 2017 11:21

ခေါင်းကိုက်တာ ချက်ချင်းသက်သာလိုလျှင်

ခေါင်းကိုက်တာ ချက်ချင်းသက်သာလိုလျှင် Google.com

ခေါင်းတစ်ခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက်ပါက မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေ့ ရပါလိမ့်မည်။

အမေရိက သုတေသီများရဲ့ လေ့လာချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော်ရွှင် လန်းဆန်းစေပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက် နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက် ပတ်ပတ်လည်ရှိ ကြွက်သားနှင့် သွေးကြောများကျုံ့ခြင်းကို လျော့ပါးသွားစေတာကြောင့်လို့ တွေ့ ရှိခဲ့ကြပါတယ်။

ခေါင်းကိုက်တာ ပျောက်ချင်ရင်

မကြာခဏ ခေါင်းကိုက်တတ်နေပြီဆိုရင် ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓာတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်သော သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

- တရေးတမော အိပ်လိုက်ပါ။

အချိန်အကြာကြီး မအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါး လာနိုင်ပါတယ်။

- အသက်ပြင်းပြင်းရှူပါ။ 
အသက်ဝအောင် ရှူသွင်းပြီး ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။

- ညင်သာစွာ နှိပ်ပေးပါ။

နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။

- မွှေးပျံ့တဲ့ ရနံ့တွေကို ရှူရှိုက်ပါ။

မွှေးပျံ့တဲ့ ရနံ့တွေကို ရှူရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဓာတ်ကိုလည်း ကြည်လင်တက်ကြွစေပါတယ်။

လာဗင်ဒါပန်း၊ ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာ စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

Source: May Dim’s Note Book

Read times Last modified on Tuesday, 31 January 2017 11:30
Rate this item
(2 votes)