What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 13 July 2018 14:59

အဖြစ်များလာတဲ့ ကလေးဆီးချို

အဖြစ်များလာတဲ့ ကလေးဆီးချို Google.com

အိပ်စက်ချိန် နည်းလွန်းသော ကလေးငယ်များသည် အမျိုးအ စား-၂ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှု အသစ်တစ်ရပ်ကဖော်ပြသည်။

ညဘက်အိပ်စက်ချိန်နည်းသော ကလေးငယ်များသည် ကိုယ် အလေးချိန်ပိုများလာပြီး ခန္ဓာကိုယ်က အင်ဆူလင် အသုံးမချနိုင်ဖြစ် လာကြောင်း ဗြိတိန်နိုင်ငံရှိ ကလေးငယ် ၄,၅၀၀ ကျော်ကို လေ့လာမှု အတွင်း တွေ့ရှိခဲ့သည်။

အင်ဆူလင်သည် သွေးထဲရှိသကြားဓာတ်ကို ထိန်းညှိပေးသော ဟော်မုန်းဖြစ်သည်။ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ အသုံး မချနိုင်ဖြစ်လာပါက အမျိုးအစား-၂ ဆီးချိုရောဂါ ကနဦးလက္ခဏာ ဖြစ်သည်။

လုံလောက်သော အိပ်စက်ချိန်မရှိခြင်းကြောင့် ကလေးငယ်များ ၏ ကိုယ်အလေးချိန်နှင့် အင်ဆူလင်အသုံးမချနိုင်မှုတို့အပေါ် တိုက် ရိုက်အကျိုးသက်ရောက်စေနိုင်ပြီး အိပ်စက်ခြင်းက ဟော်မုန်းအမျိုး မျိုးထုတ်လွှတ်မှုအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း သုတေသီ များက ပြောသည်။

မိဘများက ကျောင်းနေအရွယ်ကလေးများကို လုံလောက် သော အိပ်စက်မှုရှိအောင် လုပ်ဆောင်ပေးရန် သုတေသီများကအကြံ ပေးထားပြီး အိပ်ရာမဝင်မီ တီဗီနှင့် အီလက်ထရွန်နစ်ပစ္စည်းများ ပိတ်ထားရန် အကြံပေးထားသည်။ ယင်းစမတ်ဖုန်းကဲ့သို့ အီလက်ထရွန်နစ်ပစ္စည်းများတွင်ပါဝင်သော အပြာရောင်မီးအလင်းက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့အပြင် အိပ်ရာဝင်ခါနီးတွင် ကလေးများကို ကဖိန်းကဲ့သို့အရည်များသောက် သုံးမှုကို ထိန်းချုပ်ခြင်းဖြင့်လည်း အိပ်ရေးဝအောင် အထောက်အကူ ဖြစ်စေနိုင်သည်ဟု သုတေသီများက ပြောသည်။

အသက်(၆) နှစ်မှ (၁၃) နှစ်အရွယ် ကလေးများသည် တစ်ည လျှင် ၉ နာရီမှ ၁၁ နာရီအထိ အိပ်စက်သင့်ကြောင်း ပညာရှင်များက လမ်းညွှန်ထားသည်။

ယခုလေ့လာမှုအတွင်း ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်သော ကလေးများ ပိုမိုအပ်စက်လေ့ရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ သို့သော် မိသားစု၏ လူမှုရေး၊ စီးပွားရေးအခြေအနေ

များက ကလေးငယ်၏ လူနေမှုဘဝပုံစံ အလေ့အထများကို ထိခိုက်စေနိုင်သည်။

source: 7daydaily

Read:အစာမကြေ ရင်ပြည့် ရင်ကယ် ချိန်တွင် စားသင့်တဲ့ အစားအစာများ

အစာမကြေ ရင်ပြည့် ရင်ကယ် ချိန်တွင် စားသင့်တဲ့ အစားအစာများ

Read times Last modified on Friday, 13 July 2018 15:12
Rate this item
(0 votes)