What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 09 April 2018 13:39

မျက်နှာမှ ဝက်ခြံထွက်ရပုံ အဆင့်ဆင့် နှင့် ကာကွယ်နည်းများ

မျက်နှာမှ ဝက်ခြံထွက်ရပုံ အဆင့်ဆင့် နှင့် ကာကွယ်နည်းများ google.com

အစားအသောက်နဲ့ ဝက်ခြံဟာ ဆက်စပ်နေပါတယ်။ အရေပြားကျန်းမာရေးမှာ အစားအသောက်က အရေးပါသလို စားသောက်နေထိုင်ပုံ မမှန်ရင် လည်း ဝက်ခြံထွက်တတ်ပါတယ်။

“Let food be your medicine and let medicine be your food” (အစာလည်း ဆေး၊ ဆေးလည်းအစာ) ဆိုသည့်အတိုင်း အစားအသောက်ဟာ လူတစ်ယောက်ရဲ့ကျန်းမာရေးကို များစွာပြောင်းလဲသွားစေနိုင်သလို အလှအပအတွက်လဲ အလွန်အရေးပါပါတယ်။

အရေပြားမှာ မွေးညှင်းပေါက်က အရေးကြီးပါတယ်။ ချွေးကလင်းနဲ့ မွေးညင်းပေါက်ကလွဲရင် ကျန်တဲ့အရာတွေဟာ အလုံပိတ်တွေပါ။ မွေးညင်းပေါက်မှန်သမျှ လူ့အရေပြားအတွင်းပိုင်း အဆီလွှာရဲ့ အောက်ဘက်ကနေ ထွက်လာပါတယ်။ အဲ့ဒီ မွေးညင်းပေါက် ( Hair Follicles) ဟာ အဆီဂလင်း၊ တွေနဲ့ ဆက်စပ်နေပါတယ်။ အဆီဂလင်းရဲ့တာဝန်က အဆီတစ်မျိုးဖြစ်တဲ့ Seburn ကို ထုတ်ပေးပြီး အရေပြားနဲ့ ဆံပင်ကို အစိုဓာတ်ရအောင် ပံ့ပိုးပေးပါတယ်။

အဆီ ( Seburn) ထဲမှာ Triglycerides ( 40-60%) ၊ Cerides ( 19-26%) ၊ Squalene (11-15%) နဲ့ ကိုလက်စထရော အနည်းငယ်ပါဝင်ပါတယ်။ လက်ဖဝါး၊ ခြေဖဝါး ကလွဲရင် လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မွေးညင်းပေါက်တွေရှိပါတယ်။ အရေပြားပြဿနာအများစုကလည်း မွေးညင်းပေါက်ကစဖြစ်ပါတယ်။ မွေးညင်းပေါက်ပိတ်ဆို့ရင် ဝက်ခြံထွက်လာတယ်။ လူပျိုပေါက်အရွယ်မှာ လူငယ်အများစု ဝက်ခြံထွက်လေ့ရှိပါတယ်။ ဒီအရွယ်မှာ Testosterone နဲ့ Estrogen ထက် Growth Hormone အပြောင်းအလဲကြောင့် ပိုဖြစ်တတ်ကြပါတယ်။အစားအသောက်ကလည်း ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေပြီး အဆီဂလင်းထုတ်လုပ်မှုကို များစေနိုင်ပါတယ်။

လူ့အရေပြားဟာ ခြောက်သွေ့ပျက်စီးလွယ်ပါတယ်။ ပျက်စီးတဲ့ ဆဲလ်သေတွေဟာ တစ်လတစ်ခါ ကွာကျရပြီး ကွာကျတဲ့ ဆဲလ်နေရာမှာ ဆဲလ်အသစ်က ပြန်လည်ဖြစ်ပေါ်လာပါတယ်။ ဆဲလ်သေကွာကျမှု နည်းတာလဲမကောင်းပါဘူး။ ဆဲလ်ဟောင်းတွေက အဆီဂလင်းကို ပိတ်ဆို့၍ ဝက်ခြံထွက်နိုင်ချေများစေပါတယ်။ နောက်တခုက အဆီပြန်တာပါ။ မျက်နှာအဆီပြန်ရင် အရေပြားက စေးကပ်နေလာပြီး ဖုန်နဲ့၊ ပိုးမွှားတွေက မွေးညှင်းပေါက်တွေမှာ ပိတ်ဆို့ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ Propioni -bacteria ဟာ အောက်ဆီဂျင်မရှိတဲ့ အနေအထားမှာ ကောင်းစွာ ပေါက်ဖွားပါတယ်။ ဗက်တီးရီးယား စတင်ပေါက်ဖွားတာနဲ့ အဆီဂလင်းရောင်ပြီး ဝက်ခြံဖုထွက်လာကတာပါ။

အဲ့ဒီအချိန်မှာ အပြင်က Keratin ဆဲလ်သေနဲ့ ပိတ်ဆိုနေတာကြောင့် ဝက်ခြံကို မမြင်နိုင်သေးပါဘူး။ ဒီအဆင့်ကို စထွက်ခါစ မြုံတဲ့အဆင့်လို့ သတ်မှတ်ပါတယ်။ မြုံနေတဲ့ဝက်ခြုံဟာ အပေါ်ယံဆဲလ်သေကွာကျလာမှသာ ပြည်တည်နာဝက်ခြံအိတ်ကို စတင်မြင်တွေ့ရတာပါ။

Keratin ဆိုတာ အရေပြားအပြင်လွှာ Epidermis မှာရှိတဲ့ အမျှင်ဓာတ်ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ Keratinocyte ခေါ်တဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပြီး၊ ဥပမာပြောရရင် ဆံပင်၊ ခြေသည်း၊ လက်သည်း စတာတွေကို Keratin နဲ့ ဖွဲ့စည်းထားပါတယ်။ လက်သည်း၊ခြေသည်းမှာ Keratin ၇၇%၊ ရေ ၁၈% နဲ့ အဆီ ၅ % ပါဝင်ပါတယ်။

လက်သည်းဟာ Keratin အလွှာ ၁၀၀လောက်နဲ့ အထပ်ထပ်ဖွဲ့စည်းထားပြီး ခြေသည်းကတော့ အလွှာပေါင်း ၁၅၀ လောက်နဲ့ အထပ်ထပ်ဖိအုပ်ထားပါတယ်။ ဆံပင်မှာ Keratin 90 % ၊ ရေဓာတ် ၉% ပါဝင်ပြီး ရောင်ခြယ် တစ်ရာခိုင်နှုန်း လောက်ပဲပါဝင်ပါတယ်။ ခြောက်သွေ့တဲ့ဆံသားမှာ ရေဓာတ်ပါဝင်မှု ပိုနည်းပါးပြီး၊ တိရစ္ဆာန်တွေရဲ့ ခြေသည်း၊ လက်သည်းတွေကလဲ Keratin တွေပါဝင်ပါတယ်။ အရေပြားမှာ Keratin တွေက မာကျောမှုမရှိဘဲ ခြေသည်း၊လက်သည်း တွေကတော့ အလွှာအထပ်ထပ် ဖိသိပ်ထပ်ထားတာကြောင့် မာကျောနေတာပါ။ ဒါပေမဲ့ ရေဓာတ်ပါဝင်မှုနည်းတာကြောင့် ပိုမိုထိခိုက်ပျက်စီး လွယ်ပါတယ်။

အရေပြားမှာ Keratin ထုတ်လုပ်မှု အဆမတန်များတာကို Hyperkeratosis လို့ခေါ်ပြီး၊ အပေါ်ယံအရေပြားက တဖြည့်ဖြည်းထူလာမယ်။ ထူလာတဲ့ အရေပြားဟာ အဆီဂလင်းကို သွားရောက်ပိတ်ဆို့ပြီး ဝက်ခြံထွက်လာရပါတယ်။

ကာကွယ်နည်း

ဝက်ခြံကုသရာ မှာ ဗီတာမင်အေက အလွန်အသုံးဝင်ပါတယ်။ Retinoi ( Vitamin A)၊ Carotenoids ( Provitamin A)၊ Retinoids ( Vitamin A Metabolites) တွေကို ဝက်ခြံပျောက်ဆေးအနေနဲ့ သုံးကြပါတယ်။ ဝက်ခြံကုသတဲ့အခါ Minocycline သောက်ဆေးဟာ ဝက်ခြံကို ၆၆ % အထိ လျော့ကျစေနိုင်ပါတယ်။

အဆီဖုဝက်ခြံမှာ ဗီတာမင် အေနဲ့ ဒီက အရေးကြီး ပါတယ်။ သတ္တုဓာတ်ချို့တဲ့မှုကလည်း ဝက်ခြံကို ပိုဆိုးစေပါတယ်။ သွပ်ဓာတ်၊ ကော့ပါး၊ အိုင်အိုဒင်း၊ စတာတွေဟာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင် ပါတယ်။ နေ့စဉ်သွပ်ဓာတ် 30mg သောက်တာဟာ ဝက်ခြံဖြစ်ပွား မှုကို ၅၀ % နီးပါး ကာကွုယ်နိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံထွက်နေစဉ် Zinc 50 mg တစ်ရက်နှစ်ကြိမ်သောက်ရပါတယ်။

ဝက်ခြံပျောက်စေဖို့ အစာအိမ်ထဲမှာ ကောင်းတဲ့ Probiotic ပိုးမွှားလေးတွေရှိဖို့လိုအပ်ပါတယ်။ ဂေါ်ဖီထုပ် နဲ့ ဆားရည်စိပ်သနပ်ထဲမှာ Probiotic တွေပါပါတယ်။ ဆယ်လမွန်ငါးနဲ့ အခွံမာသီးတွေထဲမှာ အိုမီဂါ သရီး ဖက်တီး အက်စစ်တွေပါပါတယ်။ ဝက်ခြံအမာရွက်နဲ့ ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

ဝက်ခြံအတွက် ရှောင်သင့်သော အစားအစာများ

(၁) နွားနို့ကလဲ ဝက်ခြံနဲ့ ဆက်စပ်နေပါတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့ ဓာတ်တစ်မျိုးက ဆဲလ်ကွဲသွားတာနဲ့ မျက်နာအဆီပြန်တာနဲ့ ဝက်ခြံထွက်စေပါတယ်။

(၂) ချောကလက်ကလည်း ဝက်ခြံထွက်စေပါတယ်။ ချောကလက်စားပြီး လေးရက်မြောက်နေ့မှာ ဝက်ခြံဖြစ်နှုန်း ၁၄၀ % တိုးပွားလာပြီး ခုနစ်ရက်မြောက်နေ့မှာ ၁၆၀ ရာခိုင်နှုန်း ထိ တိုးပွားလာတာတွေ့ရတယ်။

(၃) ပြုပြင်ထားတဲ့ အစားအစာတွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေဟာ Insulin ပမာဏကို ရုတ်တရက်မြင့်တတ်စေနိုင်ပါတယ်။ အမျိုးသားဟော်မုန်း အင်ဒရိုဂျင် ပမာဏများလာပြီး ဝက်ခြံထွက်လာတတ်ပါတယ်။

(၄) ကြွက်သားထုထည်တတ်အောင်သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊ whey Protein တွေရှေုာင်သင့်ပါတယ်။ တချို့ကကြက်ဥစားတယ်၊ ကြက်ဥအနှစ်မှာပါတဲ့ ကိုလက်စထရော ကဝက်ခြံကို ပိုဆိုးစေပါတယ်။

(၅) အရက်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်တာကို အားပေးပါတယ်။ နောက်တချက်က ဆီကြော်စာတွေ၊ နဲ့ အာလူးချောင်းကြော်တွေဖြစ်ပါတယ်။

ဝက်ခြံပျောက်ဖို့ အတွက်ဆို အစားအသောက်ကို စနစ်တကျရှောင်ကြဉ်သင့်ပါတယ်။

Source: Dr: Aye Min Htoo

Read: မျက်နှာမှာ တင်းတိပ် ဘာကြောင့် ဖြစ်လာရတာလဲ…

မျက်နှာမှာ တင်းတိပ် ဘာကြောင့် ဖြစ်လာရတာလဲ…

Read times
Rate this item
(0 votes)