What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 April 2018 14:17

ကိုယ်ဝန်ဆောင်များ သာမာန်ထပ်ပို၍ အန်နေပြီဆိုရင် မီးမီးလေးရှိနေခြင်းကြောင့်ဖြစ်နိုင်

ကိုယ်ဝန်ဆောင်များ သာမာန်ထပ်ပို၍ အန်နေပြီဆိုရင် မီးမီးလေးရှိနေခြင်းကြောင့်ဖြစ်နိုင် google,com

များစွာသော သိပ္ပံနည်းကျလေ့လာချက်တွေအရ သမီးမိန်းခလေးကိုယ်ဝန်ဆောင်ထားရတဲ့ မိခင် ၅၅ % လောက်ဟာ သားယောက်ျားလေးကိုယ်ဝန်ဆောင်သူများထက် ပို၍ပျို့အန်ခြင်း၊ ဗိုက်ကြီးနာစွဲခြင်းကို ပိုခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင် ပျို့အန်ခြင်းဖြစ်ရသော အကြောင်းရင်းမျိုးစုံ ရှိပါတယ်။

(၁) HCG (သို့) အချင်းမှထွက်သော ဟော်မုန်းကြောင့်အန်ခြင်းသည် ကလေးစတင်ဖြစ်ပေါ်လာသည်နှင့် ဟော်မုန်းမြင့်တတ်လာတတ်ပါတယ်။ ကိုယ်ဝန်ပထမ ၃လ တွင် ပို၍အန်တတ်ပြီး ကိုယ်ဝန် ၁၂ ပတ်တွင်သက်သာသွားတတ်ပါတယ်။

(၂) အမျိုးသမီးဟော်မုန်း အီစတိုဂျင်ကြောင့်အန်ခြင်း၊

(၃) အနံအသက်ပြင်းသော အစားအသောက်များကြောင့်အန်ခြင်း၊

(၄) အစာအိမ်တုံ့ပြန်မှု လွန်ကဲခြင်းကြောင့် အန်ခြင်း၊

ပုံမှန်ထက်လွန်လွန်ကဲကဲ ပျို့အန်တတ်သောသူများသည်-

(၁) အမွှာကိုယ်ဝန်ရှိသူများ၊

(၂) ယခင် ကိုယ်ဝန်ဆောင်စဉ်တွင် ပျို့၊အန်ခြင်း ဖြစ်တတ်ထားသူများ၊

(၃) ကိုယ်ဝန်တားဆေးသောက်သုံးစဉ်တွင် မူးဝေ၊ ပျို့အန်တတ်ထားသူများ၊

(၄) ခရီးသွား၍ ကားစီးလျှင် မူးဝေတတ်သူများ၊

(၅) ကိုယ်ဝန်ဆောင်မိခင်၏ မိသားစုတွင် ဗိုက်ကြီးနာစွဲတတ်သော ရာဇဝင်ရှိသူများ၊

(၆) ခေါင်းတခြမ်းကိုက်တတ်သူများ

တို့တွင် ပျို့အန်တတ်ကြပြီး အများစုမှာ သမီးမိန်းခလေးကိုယ်ဝန်ကြောင့် လို့ လေ့လာမှုတော်တ်ာများများတွင် တွေ့ရပါတယ်။

Read: သစ်ကြားသီး၏ ကျန်းမာရေးကောင်းကျိုးများ

သစ်ကြားသီး၏ ကျန်းမာရေးကောင်းကျိုးများ

Read times
Rate this item
(0 votes)