What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 May 2018 15:17

ကိုယ်ဝန်ဆောင်များ ဆိုဒါသောက်ခြင်း(အချိုရည်အားလုံး) က သန္ဓေသား၏ ဦးနှောက်ကို ထိခိုက်စေနိုင်

ကိုယ်ဝန်ဆောင်များ ဆိုဒါသောက်ခြင်း(အချိုရည်အားလုံး) က သန္ဓေသား၏ ဦးနှောက်ကို ထိခိုက်စေနိုင် google.com

မိခင်လောင်းတစ်ယောက်အနေနဲ့ မွေးဖွားလာမည့်မိမိရင်သွေးကို ထူးချွန်ထက်မြတ်တဲ့ ကလေးငယ်တစ်ယောက် အဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ အချိုရည်များ အားလုံးကိုရှောင်ကြဉ်သင့်ပါတယ်။

သုတေသနပြုလုပ်ချက်အသစ်တစ်ရပ်အရ ကိုယ်ဝန်ဆောင်စဉ်မှာ ဆိုဒါနှင့် အချိုရည် သောက်သုံးမှုနည်းပါး တဲ့မိခင်များ၏ ကလေးများဟာ ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန်လာသည်ကို တွေ့ရပါတယ်။

လေ့လာမှုတွေရဲ့အဖြေအရ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အချိုဓာတ်အလွန်အကျွံစားသုံးတဲ့ မိခင်များ (အထူးသဖြင့် အချိုရည်များကို အများအပြားသောက်သုံးသူ) မိခင်များမှ မွေးဖွားလာသည့် ကလေးငယ်များသည် သာမာန်ကလေးများထက် စကားပြောဆိုနိုင်မှုစွမ်းရည်၊ အပြုအမူပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများ၊ မှတ်ဥာဏ်နှင့် သင်ယူမှုအပိုင်းများတွင် သိသိသာသာ အားနည်းနေတာကို တွေ့ရပါတယ်။

Related image

အမျိုးသမီးများနှင့်ကလေးများတွင် အချိုဓာတ်ကို တစ်နေ့လျှင် ကယ်လိုရီ ၁၀၀(၂၅ ဂရမ်) သာလိုအပ် ကြောင်းဆရာဝန်များက ပြောထားပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆော င်စဉ်ကာလအတောအတွင်း နှင့်မွေးဖွားပြီးပါကလည်း ကလေးကို အချိုဓာတ်များ အလွန်အကဲမကျွေးသင့်ပါဘူး။

Source: YCDC

Read: နှစ်စဉ်သေဆုံးမှု အများဆုံးရောဂါ (၁၀) မျိုး

နှစ်စဉ်သေဆုံးမှု အများဆုံးရောဂါ (၁၀) မျိုး

Read times Last modified on Wednesday, 16 May 2018 17:14
Rate this item
(0 votes)