What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 April 2018 15:07

နားထဲရေဝင်ပြီဆိုရင်…

နားထဲရေဝင်ပြီဆိုရင်… google.com

နားထဲရေဝင်ခြင်းခံစားရလျှင် ခံစားရသူလည်း အနေရခက်လှသည်၊ နားတွင်း နာခြင်း၊ နားအူခြင်းများ ရေဝင်ခြင်းများ ခံစားရတတ်ပါတယ်။

ရေမထုတ်ဘဲထားလျှင် နားစည်ယောင်ခြင်း၊ နားလေးခြင်း ၊ အခြားသော နောက်ဆက်တွဲများ ခံစားရတတ်ပါတယ်။

နားတွင်းမှ ရေထုတ်လိုလျှင်-

(၁) ကမ္ဘာ့ ဆွဲငင်အားကို အသုံးပြုပါ။

ရေဝင်သော နားကို မြေပြင်ရှိရာဘက်သို့ စောင်းချပါ၊ လက်ဖဝါးတစ်ဖက်နှင့် စောင်းထားသော နားအား ပိတ်ပြီး ခဏထားပါ၊ ခဏတာ လေစုတ်သော အာနိသင်က နားထဲဝင်နေသော ရေကိုထွက်စေပါတယ်။

(၂) နားတွင်းလေဖိအားကို အသုံးပြုပါ

ပါးစပ်ကို ပိတ်၍ နှားခေါင်း နှစ်ဖက်လုံးကို လက်နှင့်ပိတ်ပါ။ နှာခေါင်းပိတ်လျှက် အားနှင့် မှုတ်ထုတ်လိုက်ပါ၊ လေဖိအားက နားတွင်းရေများကို အပြင်သို့ထွက်စေပါတယ်။

(၃) အပူသုံး၍ ရေထုတ်ပါ

အဝတ်သန့်တစ်ခုကို ရေနွေးထဲတွင်စိမ်ပါ၊ ပြီးလျှင် ရေညှစ်ချပါ၊ ထို့နောက် ရေဝင်နေသော နားအပေါ်သို့ ထိုအဝတ်စကို စက္ကန့် ၃၀ ထားပါ၊ ဤနည်းအတိုင်း ၄ကြော့ခန့်လုပ်ပါ၊ ရေနွေး၏ အပူက နားအတွင်းပြွန်ကို ပွင့်စေပြီး ရေထွက်လာစေပါတယ်။

(၄)ရေနွေးငွေ့ ရူပါ

ရေဇလုံထဲသို့ ရေနွေးငွေ့ထည့်ပါ၊ ထို့နောက် ရေနွေးငွေ့ရူပါ၊ ရေနွေးငွေ့ရူခြင်းကလည်း နားအတွင်းရှိ ရေများထွက်ကျလာစေနိုင်ပါတယ်။

Source: mydoctor

Read: နွေရာသီတိုင်းခံစားနေရတဲ့ မိတ်ထွက်ခြင်းအကြောင်း

နွေရာသီတိုင်းခံစားနေရတဲ့ မိတ်ထွက်ခြင်းအကြောင်း

Read times
Rate this item
(0 votes)