What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 09:28

ရေနွေးသောက်သုံးခြင်းရဲ့ အကျိုး

ရေနွေးသောက်သုံးခြင်းက အသားရေ၊ ကြွက်သားများ၊ အဆစ်အမြစ်များ အတွက်ကျန်းမာစေပါတယ်။

ဒါအပြင်ရေနွေးသောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက အစားအာဟာရများကို စုပ်ယူခြင်း နဲ့ ကူးဆက်ပိုးများကို တိုက်ထုတ်နိုင်ပါတယ်။ ဒါကြောင့်တစ်ရက်ကို ရေနွေး ပူပူ (သို့) ရေနွေးနွေးလေးကို အနည်းဆုံး လီတာဝက်ခန့်လောက် မနက်အိပ်ယာနိုးချိန်များတွင် သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကိုကျန်းမာစေပါတယ်။

 

အစာချေစနစ်ကောင်းမွန်ခြင်း

ရေကိုလုံလောက်စွာ မသောက်သုံးသောကြောင့် အစားချေရာတွင် အူမကြီးက အစာနဲ့ အာဟာရ တွင်ပါဝင်သောရေများကို စုပ်ယူရသောကြောင့် ခန္ဓာကိုယ်တွင်လိုအပ်နေသော ရေဓာတ်များခန်းခြောက်စေပါတယ်။ ရေနွေးသောက်ခြင်းက ရေခဲရေ သောက်သုံးခြင်းထက် အစာများကိုချေဖျက်ရာတွင် ပိုမိုလျှင်မြန်စေပြီး ဆီးဝမ်းလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

 

Indigenous Medicine (ပရဆေးဆိုင်ပေါင်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for indigenous medicine

 

ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ လျော့ကျခြင်း

ရေနွေးသောက်ခြင်းက ခန္ဓာကိုယ်ကို အပူချိန်မြင့်တက်စေပြီး ချွေးများထွက်စေပါတယ်။ ချွေးထွက်ခြင်းက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းစေပါတယ်။

 

ကိုယ်အလေးချိန် လျော့ကျစေခြင်း

ရေနွေးသောက်ခြင်က ခန္ဓာကိုယ်တွင်း အာဟာရများနဲ့ အဆီအညစ်အကြေးများကို စုပ်ယူသောကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

 

ကိုယ်လက်ကိုက်ခဲမှု သက်သာစေခြင်း

ရေနွေးက သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ သတိထားရမယ် အပူက ရောင်ရမ်းခြင်းကို ပိုမိုဆိုးဝါးစေတဲ့အတွက်ရောင်းရမ်းသော နေရာများတွင် ရေနွေးပူကပ်ပေးခြင်းများကို ရှောင်ကျဉ်သင့်ပါတယ်။

 

စိတ်ဖိစီးမှုများကို လျော့ကျစေခြင်း

ရေနွေးကြမ်း ၊ လက်ဖက်ရည် ၊ ကော်ဖီများတွင် ကဖိန်းဓာတ်များပါဝင်သောကြောင့် စိတ်ဖိစီးမှု နဲ့ စိုးရိမ်စိတ်များကို လျော့ကျစေပါတယ်။

Written By Health Products Directory


(Zawgyi)

=====


 


 



 



 



 



 



 




Read times
Rate this item
(1 Vote)