What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 April 2018 10:40

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၄)

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၄) google.com

နေရောင်ခြည်လုံလောက်စွာ မရခဲ့ရင်…

နေရောင်နဲ့ အချိန်ကြာကြာထိတွေ့ရင် အရေပြားကင်ဆာဖြစ်နိုင်ချေအခွင့်အလမ်းများနိုင်ပေမယ့် ထိတွေ့မှုနည်းတဲ့နေရာဒေသတွေမှာ နေထိုင်တဲ့ သူတွေကတော့ သားမြတ်၊ အူမကြီး၊ ဆီးကျိတ်နဲ့ အဆုတ်အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေများစွာ ဖြစ်နိုင်ပါတယ်။

Related image

နေရောင်ခြည်ရရှိမှုနည်းသူ တွေဟာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့ multiple selerosis လိုမျိုး ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေများလှပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်ထဲက ဆီရိုတိုနင်ခေါ်တဲ့ ဓာတုပစ္စည်းအ များအပြားထွက်လာဖို့အတွက် ကူညီနိုင်ပါတယ်။ ဆီရိုတိုနင်က စွမ်းအင်ပိုမိုရရှိနိုင်တာ၊ အကောင်းမြင်တာနဲ့ အာရုံစူးစိုက်မှုကောင်းမွန်စေပါတယ်။

အပူဒဏ်မြင့်မားခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုမဖြစ်စေရန်

Image result for heat exhaustion

အပူဒဏ်မြင့်မားတဲ့အတွက် ပင်ပန်းနွမ်းနယ်တာကို ကုသလို့ရနိုင်တဲ့နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ရေငတ်တာ၊ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ချင်မသယ်ချင်အောင် နုံးချည့်အားနည်းတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ချွေးအများကြီးထွက်ပြီး မူးမိုက်တာ၊ ခဏတာ သတိလစ်ခြင်း၊ ကြွက်တတ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ့်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အရိပ်အာဝါသကောင်းကောင်းမှာ နေပါ။ စိတ်ရောကိုယ်ပါ လုံလောက်စွာ အနားယူပါ။ ရေ၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်တွေကို ခန္ဓာကိုယ်အတွက် လုံလောက်စွာသောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေဖို့

Image result for good for health

ငါးများများစားပေးပါ။ အိုမီဂါ ၃ ကြွယ်ဝတဲ့ ပင်လယ်ငါးလိုမျိုး(တူနာငါး၊ ငါးသေတ္တာ ၊ ငါးတန်၊ ဆော်လမွန်ငါး ) တွေစားပေးတာအကောင်းဆုံးပေါ့။ သွေးတွင်းကိုလက်စထရော ကိုကျစေလို့ နှလုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်ပါတယ်။ မြေပဲ၊ နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့တွေတော်သင့်ရုံစားပေးပါ။ အမျှင်ဓာတ်ပါတဲ့ ကညွတ်ကလည်း ကျန်းမာရေးအတွက် အထူးပြောစရာမလိုပါဘူး။

အမျိုးသမီးတိုင်း မိမိရင်သားကို ဂရုစိုက်ခြင်း

Image result for protection for breast

အသက် ၃၅ နှစ်နောက်ပိုင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေပိုများလာပါတယ်။ အဖု၊ အကျိတ်ရှိ၊ မရှိ နှိပ်နယ်ပြီး ကိုယ်တိုင်စစ်ဆေးကြည့်ပါ။ ငယ်ရွယ်သူတွေမှာ ရှိသင့်တဲ့ အရွယ်ထက် ရင်သားအဆမတန်ကြီးထွားနေမယ် ဆိုရင် စစ်ဆေးဖို့လိုနေပါတယ်။ ငန်လွန်း၊ အဆီများလွန်း၊ သကြားများလွန်းတဲ့ အစားအစာတွေက ခန္ဓာကိုယ် အတွက်ကော၊ ရင်သားအတွက်ပါ မကောင်းလှပါဘူး။ ဒါကြောင့် သင့်တင့်တဲ့အစားအစာများကို မိမိကိုယ်တိုင် ဆင်ခြင်စားသောက်ခြင်းက အကောင်းဆုံးပါပဲ။

Source: ပြည်မြန်မာ

***Read: လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးဆိုးကျိုးများ***

Read:ဆောင်ရန်၊ ရှောင်ရန် Healthy tips များ(၃)

ဆောင်ရန်၊ ရှောင်ရန် Healthy tips များ(၃)

Read times Last modified on Wednesday, 25 April 2018 11:23
Rate this item
(0 votes)