What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 March 2018 14:12

သုတေသီများ တီထွင်လိုက်တဲ့ စမတ်ဖုန်းထဲက သွေးဖိအားတိုင်း App

သုတေသီများ တီထွင်လိုက်တဲ့ စမတ်ဖုန်းထဲက သွေးဖိအားတိုင်း App google.com

သုတေသန ပညာရှင်များက Smartphone Case ကနေ သွေးပေါင်ချိန်ကို တိုင်းတာပေးနိုင်တဲ့ နည်းလမ်းကို

ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၇ ရက်နေ့မှာ Science Translational Medicine ဂျာနယ်မှာ ကြေငြာခဲ့ပါတယ်။ ဒီလို တိုင်းတာနိုင်ဖို့အတွက် လက်ချောင်းကို Phone Case မှာ ဖိနှိပ်ပေးရမှာပါ။ ဒီသုတေသနကို တက္ကသိုလ် ၃ ခုမှ သုတေသနပညာရှင် ၆ ဦးတို့က ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ နည်းလမ်းမှာ ဖိအားကို တိုင်းတာပေးတဲ့ ဆန်ဆာကို ဖုန်းထဲမှာ ထည့်သွင်းထားတာပါ။ User က သင့်တော်တဲ့ လက်ဖိအားကို သက်ရောက်စေဖို့အတွက် Smartphone Application ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သုတေသနပညာရှင်များက သူတို့ရဲ့ လေ့လာတွေ့ရှိမှုဟာ အနာဂတ်မှာ သွေးပေါင်ချိန် တိုင်းတာတဲ့အခါမှာ အလွန်လွယ်ကူစေမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ အောင်မြင်သွားရင် လူသားသန်းပေါင်းများစွာကို အကျိုးပြုမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပညာရှင်များဟာ ဒီနည်းပညာကို အောင်မြင်စွာ တီထွင်နိုင်ဖို့ ဆက်လက် ဖန်တီးဖို့ လိုအပ်နေပါသေးတယ်။

သမားရိုးကျအားဖြင့် လက်မောင်းပတ် ကိရိယာကို အသုံးပြု၍ သွေးပေါင်ချိန်ကို တိုင်းတာနေကြပါတယ်။ ဒီလို ကိရိယာများ မလိုအပ်ဘဲ စမတ်ဖုန်းကနေ သွေးပေါင်ချိန် တိုင်းတာနိုင်မယ်ဆိုရင်တော့ အလွန် လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ သွေးပေါင်ချိန်ဟာ နှလုံး အခြေအနေကို တွက်ချက်ဖို့အတွက် ဆရာဝန်များရဲ့ အဓိက သတင်းအချက်အလက် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သွေးပေါင်ချိန်ကို တိုင်းတာရာမှာ အမြဲတမ်း မမှန်ကန်တတ်ပါဘူး။ သုတေသနစစ်တမ်းများအရ သွေးပေါင်ချိန်ကို တိုင်းတာရာမှာ မှားယွင်းနေတယ်လို့ သိရပါတယ်။ အဲဒီအတွက် သွေးပေါင်ချိန်ကို မှန်ကန်တိကျစွာ တိုင်းတာနိုင်တဲ့ နည်းလမ်းများ၊ ကိရိယာများကို တီထွင်ရဦးမှာ ဖြစ်ပါတယ်။

Source: Digital Time

(အောက်ပါ လင့်ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်)

Read: သတိပြုသင့်တဲ့ သွေးပေါင်ကျခြင်းလက္ခဏာရပ်များ

https://www.healthproducts.com.mm/articles/item/442-blood-pressure-loss.html

headache warning signs thumb

Read times Last modified on Friday, 09 March 2018 15:35
Rate this item
(0 votes)