What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 June 2018 10:29

ဆီးချို ၊ သွေးချိုဖြစ်နိုင်ခြေ လျော့ကျစေတဲ့ သစ်ကြံပိုး

ဆီးချို ၊ သွေးချိုဖြစ်နိုင်ခြေ လျော့ကျစေတဲ့ သစ်ကြံပိုး Google.com

သစ်ကြံပိုးဟာ ကျန်းမာရေးအတွက် စူပါအစားအစာများစာရင်းထဲမှာ ပါဝင်ပါတယ်။

သစ်ကြံပိုးမှာ ပေါ်လီဖီနောလ်ဒြပ်ပေါင်းများ ပါဝင်တာကြောင်း သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရာမှာ အထောက်အကူပြုကြောင်း သိရပါတယ်။

လေ့လာမှုများအရ သစ်ကြံပိုးကို လက်ဖက်ရည်ဇွန်း တစ်ဝက်စာကို နေ့စဉ် စားပေးပါက ခန္ဓာကိုယ်တွင်းရှိ ကလာပ်စည်းများက အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်ခံစားမှု အားကောင်းလာစေနိုင်ကြောင်းတွေ့ရှိထားပါတယ်။

ရလဒ်အနေနဲ့ သွေးတွင်းမှ ဂလူးကို့စ်သကြားဓာတ်ကိုကလာပ်စည်းများထဲသို့ ရွှေ့ပြောင်းရန်အတွက် ခန္ဓာကိုယ်ကနေ အင်ဆူလင် ပမာဏမြင့်မားစွာ ထုတ်လုပ်စရာ မလိုတော့ပါဘူး။ 

ထိုသို့ ဖြစ်တဲ့အခါ သွေးတွင်း သကြားဓာတ် ပမာဏတည်ငြိမ်လာပါတယ်။ 

အင်ဆူလင်ကို ဓာတ်တုံ့ပြန်မှု အားလျောံလာခြင်းမဖြစ်အောင် ကာကွယ်ပေးတာမို့ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ လျော့ကျစပေါတယ်။

ဒါကြောင့် ဟင်းချက်တဲ့ အခါ အနံ့ ၊ အရသာအတွက် သစ်ကြံပိုးထည့်ချက်ပေးနိုင်သလို ကော်ဖီ ၊ လက်ဖက်ရည်သောက်တဲ့ အခါ သစ်ကြံပိုးမှုန့် အနည်းငယ်ထည့်သွင်းပေးနိုင်ပါတယ်။

 

source:"HealthDigestjournal"

 

Read:မနက်စောစော အိပ်ယာထတာနဲ့ ရေနွေးသောက်ပေးခြင်းရဲ့ကောင်းကျိုး (၇) ခု

မနက်စောစော အိပ်ယာထတာနဲ့ ရေနွေးသောက်ပေးခြင်းရဲ့ကောင်းကျိုး (၇) ခု

Read times
Rate this item
(1 Vote)