What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 August 2018 10:35

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၅)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၅) Google.com

ပခုံးဘာကြောင့် ကပ်ရတာလဲ

ပခုံးက လက်ပြင်ရိုး ၊ ညှပ်ရိုး နဲက ပေါ်လက်မောင်ရိုးလို့ခေါ်တဲ့ အရိုးသုံးခုနဲ့ အရိုးသုံးခုနဲ့ ဖွဲ့စည်းထားတယ်။ ပခုံးအစစ်ပတ်လည်မှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေရောင်ရမ်းထူထပ်လာပြီး တောင့်တင်းလာတဲ့ အခါ ပခုံးကပ်တာဖြစ်လာတော့တာပါပဲ။ ပခုံးကို ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းကို ထိခိုက်တာ ၊ ခွဲစိတ်ကုသမှုခံယူတာနဲ့ တခြားကျန်းမာရေး အခြေအနေတွေကြောင့် ပခုံးကပ်တက်ပါတယ်။ ဆီးချိုရောဂါရှိသူ (သိုင်းရွိုက်အလုပ်လွန်တတာ ဒါမဟုတ် သိုင်းရွိုက်အလုပ်နည်းတာ)တွေမှာလည်း ပခုံးကပ်တဲ့ သူတွေရဲ့ ၇ဝ ရာခိုင်းနှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။

ဆေးလိပ်ဖြတ်နေသူများအတွက် အထောက်အကူဖြစ်စေမယ့် အစားအသာက်ပုံစံက ဘာလဲ

ဆေးလိပ်ဖြတ်သူတွေ အစပိုင်းမှာ အခက်အခဲတချို့တွေ့ရပါတယ်။ အဲဒီအထဲမှာ အာဟာရဘက်ကနေ ဖြေရှင်းနိုမယ့် နည်းလမ်းအချို့ရှိပါတယ်။ အဓိက ဆေးလိပ်ဖြတ်နေတုံးမှာ ဗိုက်ပြည့်အောင် အစာစားထားပါ။ ပါးစပါထဲမှာ အာဟာရဖြစ်စေမယ့် အစာအစား တစ်ခု မဟုတ်တစ်ခု စားနေပါ။ အနံ့မွှေးတဲ့ အစာအစားတွေကို ရွေးစားပေးဖို့လိုအပ်ပါတယ်။ ဥပမာ- ပေါင်မုန့်အညို ၊ Oatmeal ၊ စီရီယယ် ၊ အသီးအမျိုးမျိုး ၊ အဆီထုတ်ထားတဲ့ ဒိန်ချဉ် ၊ နွားနို့ ၊ သကြားလျော့ထားတဲ့ ပဲနို့ ၊ အစေ့အဆန်အမျိုးမျိုး(အပေါ့) စတာတွေ ရွေးစားပေးဖို့လိုအပ်ပါတယ်။

ကင်ဆာရောဂါကုသမှုခံယူနေရသူတွေ စားသင့်တဲ့ အစားအစားတစ်ခုက ဘာလဲ

ကီမိုဆေးကုသမှုခံယူနေရသူတွေ အဓိကလိုအပ်တာက ရေပါပဲ။ တစ်နေ့ကို ရေ ၈.၁၂ ဖန်ခွက် အနည်းဆုံးသောက်ပါ။ ကင်ဆာဆေးတွေကြောင့် ပါးစပ်အနာဖြစ်ပါက ရေခဲတုံးအသေးလေတွေကို လျှာပေါ်တင်ပြီး ဝါးမစားဘဲ ရေစုပ်ပါ။လက်ဖက်ရည်နဲ့ ဘာမှမပြုပြင်ထားတဲံ သဘာဝသစ်သီးဖျော်ရည်တွေကိုလည်း သောက်သုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ သိချင်ပါတယ်

အသီးအနှံတွေရဲ့ ကောင်ကျိုးက အလွန်များပြားပါတယ်။ နှလုံးရောဂါ ၊ ကင်ဆာရောဂါစတဲ့ ရောဂါကြီးတွေကိုတောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် သုတေသီတွေက ဟိုအသီးစားရင် ဟိုဟာမဖြစ်ဘူး ၊ ဒီအရွက်စားရင် ဟိုဟာကိုကာကွယ်နိုင်တယ်လို လမ်းညွှန်ကြတာပါ။ ဥပမာ - ကြက်ဟင်းခါးဆိုရင် ခါးတော့ခါးတယ်။ များများစားရင် ရင်သားကင်ဆာဖြစ်တာ အတော်နည်းပါတယ်။

source:ပြည်မြန်မာ

Read:ဘာကြောင့် လက်ဖျား ကျင်ရတာလဲ

ဘာကြောင့် လက်ဖျား ကျင်ရတာလဲ

Read times Last modified on Thursday, 02 August 2018 10:42
Rate this item
(1 Vote)