What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 August 2018 15:21

အူလမ်းကြောင်း ကျန်းမာရေး ကောင်းစေတယ်ဆိုတဲ့ အစားအစာကဘာလဲ

အူလမ်းကြောင်း ကျန်းမာရေး ကောင်းစေတယ်ဆိုတဲ့ အစားအစာကဘာလဲ Google.com

စပီရူလိုင်းနား - အသားဓာတ်နဲ့ အမိုင်နိုအက်စစ်၊ သံဓာတ်၊ကယ်လ်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ အများကြီးပါပါတယ်။ အနံ့ပြင်းပေမယ့် ကျန်းမာရေးအတွက် အကျိုး များပါတယ်။

ကာဖီယာ (Kefir) ဒိန်ချဉ်၊ ရိုးရိုး ဒိန်ချဉ် - ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ ကာဖီယာဒိန်ချဉ်(ဒါမှမဟုတ်) ရိုးရိုးဒိန်ချဉ်ကို ပုံမှန်စားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

ကွန်ဘူချာလက်ဖက်ရည် - ဗီတာမင်ဘီ၊ စီကြွယ်ဝတဲ့ အချဉ်ဖောက်ထားတဲ့ လက်ဖက်ရည်ဟာလည်း ကိုယ်ခံစွမ်းအား ကောင်းစေဖို့အတွက်ပါ အကျိုးပြုပါတယ်။

တမ်ပါပဲပြား - အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော်အစားအစာ ဖြစ်တဲ့ အချဉ်ဖောက်ထားတဲ့ ပဲပိစပ်ပဲပြားဟာ မဂ္ဂနိစ်၊ကြေးနီ၊ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင်ဘီ ၁၂ တို့ ကြွယ်ဝပါတယ်။

မီဆိုဟင်းချို - ဂျပန်နိုင်ငံရဲ့ ရိုးရာ အစားအစာဖြစ်တဲ့ မီဆိုဟင်းချိုဟာလည်း ရိုင်းဂျုံ၊ ပဲ(ဒါမှမဟုတ်) ဘာလီကို အချဉ်ဖောက်ပြီးလုပ်ထားကာ အာဟာရဓာတ်များစွာ ပါရှိပါတယ်။

ဂေါ်ဖီထုပ်ချဉ် - ဂျာမနီ၊ ပြင်သစ်နဲ့ ဥရောပနိုင်ငံတွေက ရိုးရာစားစရာတစ်မျိုးဖြစ်တဲ့ အချဉ်တည်ထားတဲ့ ဂေါ်ဖီချဉ်မှာ ဗီတာမင်စီ၊ ဘီ၊ ကေနဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီ ဆီယမ်၊ပိုတက်ဆီယမ်၊ သံဓာတ် တွေပါပြီး ကင်ဆာဖြစ်ပွားမှုလည်းကာကွယ်ပေးပါ တယ်။

ဟင်းသီးဟင်းရွက်ချဉ်ဖတ်များ - ရှလကာရည် (ဒါမှဟုတ်) ဆားရည် စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက ကိုယ်တိုင်လည်းလုပ်နိုင်သလို ရယ်ဒီမိတ်တွေလည်း ၀ယ်လို့ရနေပါပြီ။

ကင်မ်ချီချဉ်ဖတ် - ကိုရီးယားနိုင်ငံရဲ့ ရိုးရာအစားအစာဖြစ်တဲ့ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ မုန်ညင်းထုပ်တွေနဲ့ လုပ်ထားတဲ့ ကင်မ်ချီမှာ ဗီတာမင်စီ၊ အေ၊ ဘီဝမ်း၊ ဘီတူး၊ သံဓာတ်စတာတွေ ကြွယ်ဝပါတယ်။

 

source:7daydaily

Read:ကျန်းမာရေး အက်ပလီကေးရှင်းများကို မျက်စိစုံမှိတ်အားမကိုးကြရန် ဆရာဝန်များ သတိပေး

ကျန်းမာရေး အက်ပလီကေးရှင်းများကို မျက်စိစုံမှိတ်အားမကိုးကြရန် ဆရာဝန်များ သတိပေး

Read times Last modified on Friday, 10 August 2018 15:28
Rate this item
(1 Vote)