What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 March 2018 10:37

ချောင်းဆိုးခြင်း ဖြစ်လာပုံ အဆင့်ဆင့်

ချောင်းဆိုးခြင်း ဖြစ်လာပုံ အဆင့်ဆင့် google.com

Cough (ချောင်းဆိုးခြင်း) ကဘာလဲ။

လေပြွန်တစ်လျှောက်မှ ဆဲလ်များလှုံ့ဆော်ခံရ သောအခါ ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒီလိုလှုံ့ဆော်မှုကြောင့် အဆုတ်ဟာ လေတွေကို ဖိအားပြင်းပြင်းနှင့် အပြင်သို့ထုတ်ပါတယ်။ ချောင်းဆိုးသည့်ကြာချိန်ပေါ် မူတည်ပြီး ရုတ်တရက်ချက်ချင်း ဖြစ်သောချောင်းဆိုး၊ နာတာရှည်ချောင်းဆိုးနှင့် ရုတ်တရက်လည်းမဟုတ် နာတာရှည်လည်းမဖြစ်သေးသော ချောင်းဆိုး အစသဖြင့်ရှိပါတယ်။

Cough (ချောင်းဆိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ချောင်းဆိုးတယ်ဆိုတာ သင့်အဆုတ်ကို ကာကွယ်ပေးတဲ့ပုံမှန် သဘာဝအလိုအလျောက် တုံ့ပြန်မှုဖြစ်ပါတယ်။ ၎င်းတုံ့ပြန်မှုကသင့်ရဲ့ လေပြွန်မှ မီးခိုးနှင့် ဖုန်ကဲ့သို့သေးငယ်သော အမှုန်စတဲ့ လှုံ့ဆော်ပစ္စည်းများကို သန့်ရှင်းပေးပြီး ပိုးမွှားများမဝင်အောင် ကာကွယ်ပေးပါတယ်။ အချိန်ကြာကြာ ချောင်းဆိုးခြင်းဟာ မနှစ်မြို့စရာ ဘေးထွက်ဆိုးကျိုးတွေကို ဖန်တီးတဲ့အပြင် မစစ်ဆေးပဲနေပါက အရမ်းကို အန္တရာယ်ရှိလာနိုင် ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။

Cough (ချောင်းဆိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ချောင်းဆိုးခြင်းဟာ အခြားသော အခြေအနေတစ်ခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ ရုတ်တရက် (သို့) နာတာရှည် ဖြစ်နိုင်ပါတယ်။ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် အောက်ဖော်ပြပါတို့ဟာ ချောင်းဆိုးခြင်းရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
• ဖျားခြင်း၊
• ချမ်းတုန်ခြင်း၊
• ကိုယ်လက်ကိုက်ခဲခြင်း၊
• လည်ချောင်းနာခြင်း၊
• ပျို့ခြင်း (သို့)
• အန်ခြင်း၊
• ခေါင်းကိုက်ခြင်း၊
• ညဘက်ချွေးထွက်ခြင်း၊
• နှာရည်ယိုခြင်း၊
• လည်ချောင်း(သို့) နှာခေါင်းနောက်တွင် အချွဲပိုများစုခြင်း စတာတွေ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အအေးမိခြင်း (သို့) တုပ်ကွေးကြောင့်ဖြစ်သော ချောင်းဆိုးခြင်းအများစုမှာ ဘာမျှမလုပ်ရပဲ မြန်မြန် ပျောက်ကင်းတတ်ကြပါတယ်။ သို့သော် သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
• ချောင်းဆိုးပြီးနောက် နုန်းသွားခြင်း၊
• ချောင်းဆိုးလျှင်သွေးပါခြင်း၊
• ရင်ဘတ်အောင့်ခြင်း၊
• ညဘက်တွင် အဆက်မပြတ်ချောင်းဆိုးခြင်း၊
• ဖျားခြင်း၊
• တစ်ပတ်ကျော်သည်ထိ ချောင်းဆိုးမသက်သာခြင်း၊
• မောလာခြင်း (သို့) အသက်ရှုရခက်ခဲလာခြင်းစတာတွေ ဖြစ်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

Cough (ချောင်းဆိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သင့်အဆုတ်ထဲမှာ လှုံ့ဆော်ပစ္စည်းရှိတဲ့အခါ ချောင်းဆိုးပြီး သည်လှုံ့ဆော်ပစ္စည်းကို ထုတ်ဖို့ ခန္ဓာကိုယ်က သဘာဝအရ တုံ့ပြန်ပါတယ်။ အအေးမိခြင်း(သို့) တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ် အစရှိတဲ့အရာတွေဟာ သင့်အဆုတ်ကို လှုံ့ဆော်နှိုးဆွနေတဲ့ အရာအများစုပဲ ဖြစ်ပါတယ်။ သင်ဖျားနေတဲ့အချိန်မှာ ချောင်းဆိုးခြင်းဖြင့် ဗိုင်းရပ်စ်တွေကို အဆုတ်အပြင်ကို ထုတ်လိုက်ပါတယ်။ နောက်ထပ်ပြောမှာကတော့ ဓာတ်မတည့်ခြင်း နှင့် ပန်းနာရင်ကြပ်ရှိခြင်း ဖြစ်ပါတယ်။ သင့်ကိုယ်ကို အနှောင့်အယှက်ပေး နေသမျှ အရာတွေကို အဆုတ်က ချောင်းဆိုးပေးခြင်းဖြင့် အပြင်ကို ထုတ်ဖို့ ကြိုးစားပါလိမ့်မယ်။ လေအေး၊ စီးကရက်ငွေ့၊ မီးခိုး (သို့) အမွှေးနံ့ပြင်းပြင်း တွေဟာလည်း ချောင်းဆိုးစေဖို့ နှိုးဆွတဲ့အရာတွေ ဖြစ်ပါတယ်။ အဆုတ်ရောင်ခြင်း၊ အိပ်နေရင်း အသက်ရှုမမှန်ဖြစ်ခြင်း၊ စိတ်ကျဝေဒနာရှိခြင်း နှင့် ဆေးအချို့၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ချောင်းဆိုးတတ်ပါတယ်။

ပတ်ဝန်းကျင်မှ လှုံ့ဆော်ပစ္စည်းတွေဟာ ချောင်းဆိုးခြင်းကို ပိုဆိုးစေပါလိမ့်မယ်။ ဥပမာဆိုလျှင် ဓာတ်မတည့်သောအရာများ နှင့် နေထိုင်နေတဲ့ လူတွေဟာ ဓာတ်မတည့်မှုအတွက် ဆေးသောက်ပြီး ချောင်းဆိုးကုနေရပါလိမ့်မယ်။ အကယ်၍ ဆေးလိပ်သောက်ပြီး ချောင်းဆိုးနေသူဖြစ်ပါက ဆေးလိပ်ဖြတ်မှသာ သက်သာမည်ဖြစ်ပြီး ဆက်သောက်သော် ပိုဆိုးမှာ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ် (သို့) နာတာရှည် အဆုတ်ရောင်ရောဂါ ကဲ့သို့ နာတာရှည်လူနာဖြစ်ပါက လှုပ်ရှားသွားလာ နေထိုင်မှုနှင့် အချို့သောအခြေအနေများတွင် အဆက်မပြတ်ချောင်းဆိုး သောကြောင့် ခံစားလာရပေမည်။ angiotensin converting enzyme (ACE) ကဲ့သို့ အချို့ဆေးများဟာ ချောင်းဆိုးစေပါတယ်။ သို့သော် ချောင်းခြောက်သာဖြစ်ပြီး ဆေးရပ်လျှင် သက်သာသွားပါတယ်။

Source: Hello sayarwon

Read times Last modified on Wednesday, 28 March 2018 17:01
Rate this item
(0 votes)