Monday, 07 February 2022 09:54
Covid -19 ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ Omicron က အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို တဖြည်းဖြည်း ပျံ့နှံ့နေတာကြောင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးကောင်းပါတယ်။
ဖျားနာခြင်း(ချမ်းတုန်ခြင်း)ချောင်းခြောက်ဆိုးခြင်း၊ လည်းချောင်းခြောက်/နာခြင်းခေါင်းကိုက်ခြင်းမောပန်းနွမ်းနယ်ခြင်းနှာစေး၊နှာပိတ်၊နှာရည်ယိုခြင်းကိုယ်ခန္ဓာကြွက်သားများ ကိုက်ခဲခြင်းတို့ ဖြစ်နေပါက Omicron ဖြစ်နိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေပါ။
ကိုဗစ်ဗိုင်းရပ်စ်ဟာ တုပ်ကွေးလက္ခဏာနှင့် ဆင်တူတတ်တာကြောင့် ပေါ့ပေါ့ဆဆ မနေကြဖို့ လိုသလို ဗိုင်းရပ်စ်ကိုရင်ဆိုင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း သေချာလိုက်နာဖို့ မှာချင်ပါတယ်။
တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။ချောင်းဆိုး၊ နှာချေရင် လက်နဲ့အုပ်ပါ ။နှာခေါင်းစည်း (Mask) တပ်ပါ ။ကာကွယ်ဆေးထိုးပါ ။Covid -19 ကာကွယ်ဆေး ထိုးလို့ရနိင်မည့် ဆေးရုံ (၁၀)ခု နှင့် အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။
၁။ Myat Taw Win Hospitalမလေးရှားနိုင်ငံ Pharmaniaga ကာကွယ်ဆေးစက်ရုံမှ ထုတ်လုပ်တဲ့ FDA အသိအမှတ်ပြု Sinovac ကာကွယ်ဆေးဟာ စင်္ကာပူ၊ မလေးရှားနှင့် သြစတေးလျနိုင်ငံတို့တွင် အသိအမှတ်ပြုထားပြီး အသက် (၁၂ )နှစ်အထက်ကလေးများ ထိုးနှံဖို့အတွက် မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ကာကွယ်ဆေး အမျိုးအစားပဲ ဖြစ်ပါတယ်။
ကာကွယ်ဆေးအတွက် တစ်ယောက်လျှင် ( နှစ်ကြိမ်စာ) ကို ၉၀ဝဝဝ ကျပ် ဖြစ်ပြီး Booster ထိုးမည့်သူများ တစ်ကြိမ်စာ ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ကြိုတင်ငွေလွဲ Booking စနစ်ဖြင့်သာ လက်ခံပြီးဖုန်းနံပါတ် - 09969897770, 09969897771 ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်နေ့မှာ မှတ်ပုံတင်မူရင်း (သို့မဟုတ်) Passport မူရင်း ယူဆောင်လာရပါမယ်။ COVID-19 ကာကွယ်ဆေးထိုးနှံပြီး တရားဝင် QR Code ပါရှိသော ဆေးထိုးပြီးကြောင်း လက်မှတ် ကိုလည်း ရယူနိုင်မှာပါ။
၂။ Ar Yu -International Hospitalကာကွယ်ဆေးအမျိုးအစားမှာ "Corona Vac" Vaccine ဖြစ်ပါတယ်။ Corona Vac ဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ SINOVAC Biotech ဆေးဝါးကုမ္မဏီမှ ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေးဖြစ်ပြီး၊ ဆေးထိုးပြီးနောက် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများကိုလည်း နည်းပါးစေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသက် (၁၂)နှစ်မှစတင်၍ အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှာ ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေး တစ်ကြိမ်စာအတွက် ဈေးနှုန်းမှာ - ၄၂,၀၀၀ ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမည့်ရက် - ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့အထိ နံနက် (၉)နာရီမှ ညနေ (၃)နာရီအတွင်း ထိုးနိုင်ပါတယ်။အသေးစိတ် စုံစမ်းရန် နှင့် ကြိုတင် Booking ယူရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
(01) 9376 200၊ (01) 9376 201၊ (01) 9376 202၊ (01) 9376 206၊ (01) 9376 207၊ (01) 9376 208၊ (01) 9376 209အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း(တာမွေဈေးဟောင်းမှတ်တိုင်)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
၃ ။ Victoria Hospital (ဝိတိုရိယ)Sinopharm COVID-19 Vaccine အတွက် တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၀,ဝဝဝ ကျပ်နှင့် Sinopharm အတွက် အသက် 18 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Sinovac COVID-19 Vaccine အတွက်ကတော့ တစ်ယောက်လျှင် ( တစ်ကြိမ်စာ) ကို ၄၂,၅ဝဝ ကျပ်ဖြင့် အသက် 12 နှစ်မှ စတင်၍ ဘိုကင်တင်နိုင်ပါတယ်။ Booking တင်ရန်အတွက် 09750358906 ၊ 09750358901 သို့ ဆက်သွယ်နိုင်ပါတယ်။
၄။ Sakura Hospital ဆာကူရာဆေးရုံကြီး ထိုးပေးတာကတော့မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Sinovac Covid-19 Vaccine (Vero Cell) အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးအား အကြိမ်ရေပြည့် (Full Dose) ထိုးနှံမည်ဆိုပါက (၇၉,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး ထပ်တိုးအကြိမ်ရေ (Booster Dose) ထိုးနှံမည်ဆိုပါက (၄၅,၀၀၀) ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ထိုးနှံလိုပါက 09 400979813 သို့ဆက်သွယ်၍ ဘိုကင်တင်ထားနိုင်ပါတယ်။
၅။ Grand Hantha International Hospitalကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံခွင့်ပြုထားတဲ့ Sinovac Covid-19 Vaccine (Vero Call) အမျိုးအစား၊ တရုတ်နိုင်ငံ Beijing Manufacturing ပဲဖြစ်ပါတယ်။ အသက် (၁၂) နှစ်အထက်မှ စပြီးထိုးနိုင်မှာဖြစ်ပြီး ကာကွယ်ဆေးအား (၄) ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရပါမယ် ။
နှစ်ကြိမ်စာ အတွက် (၉၀,၀၀၀) ကျပ် နှင့်တစ်ကြိမ်စာအတွက် (၄၅,၀၀၀) ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် စာရင်းပေးသွင်းရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။
09-406664001၊ 01-2317617၊ 01-523000၊ 01-523111
၆ ။ Aung Yadana Hospital (အောင်ရတနာဆေးရုံ)Covid-19 Vaccine ထိုးနှံခြင်းကို အသက် ၁၂နှစ်အထက်မှစ၍ ထိုးနိုင်ပြီး Sinovac Vaccine (Malaysia) - ၁ဦးလျှင် 80,000ကျပ် (နှစ်ကြိမ်စာ)၊ Sinovac Vaccine (Beijing) - ၁ဦးလျှင် 80,000 ကျပ် (နှစ်ကြိမ်စာ)၊ Sinopharm ၁ဦးလျှင် 90,000 ကျပ် (နှစ်ကြိမ်စာ) ဆေး ၂ ကြိမ် ထိုးနှံပြီးပါက QR Code ပါရှိသည့် Certificate ရရှိနိုင်မှာဖြစ်ပါတယ်။ 09-408097722 သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။
၇။ Thukha Gabar Hospital (သုခကမ္ဘာ ဆေးရုံ)သုခကမ္ဘာဆေးရုံမှာ အသက် (၁၂) နှစ် အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအနေနဲ့ Careme bot booking စနစ်မှအပြင် ဖုန်းနဲ့လည်းစာရင်းသွင်း ထိုးနှံနိုင်ပါပြီ။ ကာကွယ်ဆေးကို ၄ ပတ်ခြားပြီး ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး Full Dose နှစ်ကြိမ်အတွက် ၈၅၀၀၀ ကျပ်နဲ့ Booster Dose တစ်ကြိမ် အတွက် ၄၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်စာရင်းပေးသွင်းရန် နေ့စဉ်မနက် ( ၈ ) နာရီမှညနေ ( ၅ ) နာရီ အထိ 09-404040850၊ 09-40404086 သို့ဆက်သွယ်နိုင်ပါပြီ။
၈။ Pun Hlaing HospitalsPan Hlaing ဆေးရုံတွင် Beijing Institute မှာ ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင်တော့ Full Doses (1st & 2nd Dose) -62000 mmk၊ 3rd Dose (Booster Dose) - 31000 mmk ကျသင့်မှာဖြစ်ပြီး Vaccine Certificate ကိုလည်း ပန်းလှိုင်ဆေးရုံမှ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်စုံစမ်းမေးမြန်းရန် Pun Hlaing Hospitals FB page Messenger (သို့) Hotline: 01 23 99 222 (မနက်၈နာရီ မှ ညနေ၅နာရီအထိ) ဆက်လို့ရပါတယ်။
၉။ OSC Hospital ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ အသိအမှတ် ပြုထားပြီး မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကာကွယ်ဆေးများ ဖြစ်တဲ့ Sinovac Vaccine ကို အသက် (၁၂) နှစ်မှ စတင်ထိုးနိုင်ပြီး Covexin Vaccine ကိုတော့ အသက် (၁၈) နှစ်မှ စတင် ထိုးနှံနိုင်ပါတယ်။ ဈေးနူန်းတွေကတော့ Sinovac Vaccine တစ်ကြိမ်စာ ကို 42,500 ks နှင့် Covexin Vaccine တစ်ကြိမ်စာ ကို 45,000 ks၊ Booster (တတိယအကြိမ်) ထိုးနှံလိုသူများအနေနဲ့ ယခင်ထိုးနှံထားသော Vaccination Certificate ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါမည်။ အသေးစိတ်သိရှိလိုပါက Ph. 01- 4706622၊ 09-43208326 ကို တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
၁၀။ Chan Myae Myittar Hospitalချမ်းမြေ့မေတ္တာ ဆေးရုံမှာတော့ Sinopharm Vaccine အတွက် တစ်ယောက်လျှင် နှစ်ကြိမ်စာကို (90,000), တစ်ကြိမ် (45,000) ကျပ် နှင့် Sinovac Vaccine အတွက် နှစ်ကြိမ်စာကို (80,000), တစ်ကြိမ် (40000)ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ 09-420123047၊ 09-696685770၊ 09-768199677၊ 056-21769, 056-22600၊ 056-21055 တို့မှ တဆင့် Booking တင်ထားနိုင်ပါတယ်။ အမှတ်(၅၃) ၊ ကျိုက်ခေါက်ဘုရားလမ်း ၊သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့ တွင် သွားရောက် ထိုးနိုင်ပါတယ်။
COVID-19 ကာကွယ်ဆေးထိုးပြီးနောက် -လက်မောင်းနာခြင်း၊- ဖျားခြင်း၊ ကိုယ်ပူခြင်း- ပင်ပန်းနွမ်းနယ်ခြင်း- ခေါင်း (သို့) ကြွက်သားများနာကျင်ခြင်း- ဝမ်းပျက်ခြင်း စတဲ့အပျော့စားလက္ခဏာများကို ခံစားရခြင်းဟာ ပုံမှန်ဖြစ်တာကြောင့် ကြုံတွေ့ရနိုင်သော အပျော့စားလက္ခဏာများဟာ ရက်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီလက္ခဏာတွေကို လူတိုင်းမခံစားရနိုင်ပေမယ့် စတင်ခံစားနေရပါက သင့်ခန္ဓာကိုယ်က ကိုဗစ်ရောဂါကို ကာကွယ်မှုစတင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ COVID-19 ရဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခွင့် ရတာနဲ့ ချက်ချင်းသွားရောက် ထိုးနှံသင့်ပါတယ်။