What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 21 November 2020 10:30

Public Health Laboratory Mandalay(Bio Safety Level 2 +) ဓာတ်ခွဲခန်းအသစ်ဖွင့်လှစ်

Public Health Laboratory Mandalay(Bio Safety Level 2 +)ဓာတ်ခွဲခန်းသည် နိုင်ငံတကာအဆင့်

Bio Safety Level 2+ အဆင့်ဖြင့် တည်ဆောက်ထားသည်။ Bio Safety Level ဖြင့် တည်ဆောက်ထားသည့် ဓာတ်ခွဲခန်းဖြစ်ခြင်းေကြာင့် Function များသည်။

Bio Safty အဆင့် စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်၍ ဗိသုကာပုံစံထုတ်ရပါသည်။Sample Receiving, Ante Room, Master Mix, Extraction Room, PCR Room, Auto Clave Room, Reagent Room, PPE, Post PPE Room, Data Room များတွင်မ များမြောင်လှသည့် လုပ်ငန်းဆောင်တာလမ်းကြောင်း ဖြင့် သွားရာလမ်းကြောင်းများ မှန်ကန်ရန် အဓိကထား၍ Planning လုပ်ခဲ့သည်။
လုပ်ငန်းစဉ်တချို့တွင် အတွင်းမှ ရောဂါပိုးမွှားများ အပြင်မထွက်စေရန် Negative Pressure တွေပေးဖို့၊ လက်နှင့် အထိအတွေ့နည်းနိုင်သမျှနည်းစေရန် Motion Sensor တံခါးများ၊ ရေခေါင်းများတပ်ဖို့အထိပါ ဒီဇိုင်းကို စဉ်းစားရသည်။
နံရံ၊ ကြမ်းခင်းနှင့် မျက်နှာကြက်များတွင်ရောဂါ ပိုးမွှားမတွယ်ကပ်စေရန် Coving များ၊ PU Panel များ၊ Vinyl ကြမ်းခင်းများမှအစ Material Specification များအထိ ဂရုစိုက်၍ Design Detail တွေ ထုတ်ခဲ့ရသည်။
Negative Pressure ပေးရန် (AHU) Mechanical Ventilation စနစ်များအပြင်
Water Cool Chiller Line များ၊ High Plume
Fan၊ Pass Box များအတွက် နေရာပေးရန်
Consultant များနှင့် အကြိမ်ကြိမ် အခါခါညှိနှိုင်းတိုင်ပင်ပြီးမှ Duct Line နှင့် Spaceအမြင့်များကိုပါ သတ်မှတ်ရေးဆွဲခဲ့သည်။
ထိုအပြင် ထွက်ရှိလာမည့် Bio Hazard စွန့်ပစ်ပစ္စည်းများကို Safety ဖြစ်အောင်အထိ ဒီဇိုင်း ထဲမှာ ပါဝင်ရန်အရေးကြီးသည်။
တည်ဆောက်ရာတွင် Civil Work ကို(၃) လဖြင့် ဗိသုကာဒီဇိုင်း၊ MEP Design၊ Structure Designများနှင့် ထပ်တူ လွယ်လွယ်ကူကူ အမှားအယွင်းမရှိဘဲ အပြီးသတ်တည်ဆောက်နိုင်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းအသစ်တွင် Covid-19 ရောဂါ စစ်ဆေးမှုများကို နိုဝင်ဘာ ၁၆ ရက်မှစတင် စစ်ဆေးနေပြီးဖြစ်ကာ နေ့စဉ် COVID-19 နမူနာပေါင်း တစ်ထောင်ကျော် စမ်းသပ်စစ်‌ဆေးနိုင်မည်ဖြစ်သည်။
Public Health Laboratory Mandalay RC ၂ ထပ်ခွဲ ဓာတ်ခွဲခန်း အဆောက်အအုံအသစ်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ လမ်းညွှန်မှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စံချိန်စံညွှန်းများနှင့်အညီ မန္တလေးမြို့ပြ ဖွံဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ ငွေကျပ်သိန်းပေါင်း ၁၂,၀၀၀ ခန့် အကုန်အကျခံလှူဒါန်းခဲ့ခြင်းဖြစ်ပြီးအဆိုပါ ဓာတ်ခွဲခန်း အဆောက်အအုံအသစ်ကို အချိန်ကာလ (၄ လ)နှင့် အပြီး သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့ အညီ New StarLight Construction Co.,Ltd မှ ကြီးကြပ်စီမံခန့်ခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory-MDY) အဆောက်အဦသည် နိုင်ငံတကာအဆင့်မီ Bio Safty Level(+2)အဆင့်ရှိ RC အမျိုးအစား နှစ်ထပ်ခွဲဖြစ်ပြီး အလျား ၆၉ ပေ × အနံ ၅၉ ပေ၊ စတုရန်း ပေ ၁၀၆၃၁ ခန့် ဖြစ်ကာ နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ၊ နည်းပညာဖလှယ်ရန်သင်တန်းခန်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းများကဲ့သို့ Sensor Air Lock တံခါး များ၊ Negative Pressure စနစ်ဓာတ်ခွဲခန်းများ ပါဝင်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ရှာဖွေရေးကော်မတီက ဆောက်လုပ်လှူဒါန်းသော နိုင်ငံတကာ အဆင့်မီ Public Health Laboratory Mandalay(Bio Safety Level 2 +) ဓာတ်ခွဲခန်း အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၆၅လမ်းနှင့် ၆၆လမ်းကြား အဆိုပါရုံးတည်ရှိရာနေရာ၌ နိုဝင်ဘာ ၆ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

Transcom News Journal

Read times Last modified on Saturday, 21 November 2020 10:30
Rate this item
(0 votes)