What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 October 2021 21:27

ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသားကျောင်းသူများ ဆေးကြောင့် နောက်ဆက်တွဲလက္ခဏာဖြစ်ပေါ်မှု ရှိ မရှိ စောင့်ကြည့်ပေးမည်

COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး ကျောင်းသားကျောင်းသူများအား ဆေးကြောင့် နောက်ဆက်တွဲ လက္ခဏာဖြစ် ပေါ်မှု ရှိ-မရှိ နာရီဝက်စောင့်ကြည့်ရမည်ဖြစ် ပြီး ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ် ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာ ရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

စောင့်ကြည့်ရန် သီးသန့်အခန်းများထား ရှိပြီး ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက လည်း စောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ထား ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲရောဂါဖြစ်ပွားမှုသည် ၁၅ မိ နစ်မှ မိနစ် ၂၀ အတွင်းဖြစ်ပွားမှုများကြောင်း သိရသည်။

ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် ကျောင်းကားများ စီစဉ် ပေးထားကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် အသက်သုံး နှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းအထိ ထိုးနှံထား သည်ကိုတွေ့ရပြီး ချီလီနိုင်ငံတွင် အသက် ၁၆ နှစ်မှ ၁၇ နှစ်အထိ ကလေးများကို ၈၇ ရာ ခိုင်နှုန်း၊ အသက် ၁၄ နှစ်မှ ၁၅ နှစ်အထိ ကလေးများကို ၈၁ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၃ နှစ်အထိ ကလေးများကို ၅၇ ရာခိုင် နှုန်းအထိ ထိုးနှံထားသည်ကိုတွေ့ရကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း ကျောင်းသားကျောင်းသူများအနေဖြင့် ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါဆိုင်ရာလမ်းညွှန်ချက် များကို လိုက်နာနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

news-eleven.com

Read times
Rate this item
(0 votes)