What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 19:37

Hoverboard ပေါ် မတ်တပ်ရပ်ရင်း သွားနုတ်သည့် သွားဆရာဝန် ထောင် ၁၂ နှစ်ကျ

Hoverboard ပေါ်  ဟန်ချက်ထိန်း၍ မတ်တပ်ရပ်ရင်း မေ့ဆေးပေးထားသော လူနာထံမှ သွားကို နုတ်ယူသော သွားဆရာဝန်တစ်ဦးကို

အမေရိကန်နိုင်ငံရှိ တရားရုံးတော်တစ်ခုက တရားမ၀ င် သွားဘက်ဆိုင်ရာကုသခြင်း၊ လိမ်လည်မှုနှင့် မဆင်မခြင် အန္တရာယ်ပြုမှုများ အပါအ၀င်ပြစ်မှုများအတွက်ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သော Seth Lookhart က သူငယ်ချင်းတွေထံ ဖုန်းဖြင့် ဗီဒီယို ရိုက်ပြီး ပေးပို့ခဲ့ရာ၌ လူနာတစ်ဦး၏ သွားတစ်ချောင်းကို ဘီးနှစ်ဘီးသာပါသည့် hoverboard ပေါ် ဟန်ချက်ထိန်း၍ မတ်တတ်ရပ်ရင်း နုတ်ပြသည်။ ပြီးစီးသွားသောအခါ လက်အိတ်ကို ချွတ်လိုက်ပြီး အောင်ပွဲခံသည့်အနေဖြင့် လက်များကို မြှောက်ပြခဲ့သည်။
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် ဥပဒေဌာနမှ တရားသူကြီး Michael Wolverton က hoverboard အဖြစ်အပျက်သည် အမှု၌ အရေးအကြီးဆုံးအချက် မဟုတ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။

တရားခံ Lookhart သည် ဆေးကုသမှုဆိုင်ရာ သင်တန်းတက်ရောက်လေ့ကျင့်ထားခြင်း မရှိခြင်းနှင့် သူ၏ ကျွမ်းကျင်မှုနယ်ပယ် ပြင်ပရှိ မေ့ဆေးပေးခြင်းကို လူနာများအား ဆောင်ရွက်ခဲ့ရာ လူနာအများအပြား သေဆုံးမည့် အန္တရာယ်ကို ရင်ဆိုင်ကြရသည်။ Medicaid ထံမှ ငွေကို ခိုးယူခဲ့သည်။ ဆေးခန်းပိုင်ရှင်၏ ငွေများကိုလည်း အလွဲသုံးစား လုပ်ခဲ့သည်။

သောကြာနေ့က ထုတ်ဝေသော CNN သတင်းတွင် Lookhart က“ နောက်ကြောင်းပြန်လှည့်တာ၊ ငါဘယ်တုန်းက စပြီး လမ်းကြောင်းလွဲခဲ့သလဲ ဆိုတာကို အတိအကျမပြောနိုင်ဘူး။ စည်းကမ်းလိုက်နာခြင်းနဲ့ အာရုံစူးစိုက်ခြင်းတို့ ပိုကောင်းအောင် ငါ ထိန်းသိမ်းထားသင့်တယ်" ဟု ပြောကြားခဲ့သည်။

အစိုးရကျန်းမာရေးရန်ပုံငွေမှ ရယူထားသော အမေရိကိန်ဒေါ်လာ ၂ သန်းကျော်ကို ပြန်ပေးရန် အစိုးရရှေ့နေများက Lookhart ကို အမိန့်ပေထားသည်။

msn.com

Read times Last modified on Saturday, 19 September 2020 19:39
Rate this item
(0 votes)