What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 24 July 2021 09:37

OUELH မြန်မာဆေးရုံ အရေးပေါ်ဌာန ယာယီပိတ်

OUE Lippo Healthcare (OUELH) က ရန်ကုန်မြို့တွင် ၎င်းလုပ်ကိုင်နေ‌သော ဆေးရုံမှ အရေးပေါ်ဌာနကို မြန်မာနိုင်ငံတွင် Covid-19 ကူးစက်မှု များပြားလာနေခြင်းကြောင့် ယာယီပိတ်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

OUELH က ပြောကြားသည်မှာ ၎င်း၏ လှိုင်သာယာဆေးရုံရှိ အရေးပေါ်ဌာနကို ယာယီပိတ်ထားလိုက်ရသည်မှာ ဝန်ထမ်းအင်အား၊ အောက်ဆီဂျင်၊ ဆေးပစ္စည်းနှင့် ဆေးဝါး မလုံလောက်မှုများကြောင့် ဖြစ်သည်။ အဆိုပါဆေးရုံမှ အခြားဌာနများသည် ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။

OUE Lippo Healthcare (OUELH) သည် First Myanmar Investment Public Company Limited နှင့် ဖက်စပ်လုပ်ကိုင်လျက် ရှိပြီး ဆေးရုံ သုံးရုံ၊ ဆေးခန်း သုံးခုနှင့် medical centre တစ်ခုတို့ကို စီမံလုပ်ကိုင်သည်။

ယာယီပိတ်ထားသော အရေးပေါ်ဌာနကို လူနာများအား ကုသစောင့်ရှောက်ရန်အတွက် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများဖြင့် ဆက်လက်ပေးအပ်နိုင်ရန်အတွက် ဝန်ထမ်းအင်အား၊ အောက်ဆီဂျင်၊ ဆေးပစ္စည်းများနှင့် ဆေးဝါးများ လုံလုံလောက်လောက် တည်တည်ငြိမ်ငြိမ်ဖြင့် ရရှိနိုင်သည့်အခါ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

Source: businesstimes.com.sg

 

Read times
Rate this item
(0 votes)