What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 September 2020 10:06

ပန်းလှိုင်ဆေးရုံနှင့် Prudential Myanmar AI နည်းပညာသုံး ဒစ်ဂျစ်တယ် ဖြေရှင်းလုပ်ဆောင်ချက်များ လုပ်ဆောင်မည်

အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အများပြည်သူ လက်ထဲ အဆင်သင့်ရယူနိုင်ရန်

Prudential Myanmar နှင့် ပန်းလှိုင်ဆေးရုံတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ပန်းလှိုင်ဆေးရုံနှင့် Prudential Myanmar  AI နည်းပညာသုံး ဒစ်ဂျစ်တယ် ဖြေရှင်းလုပ်ဆောင်ချက်များ လုပ်ဆောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆင့်မြင့် AI နည်းပညာသုံး ဒစ်ဂျစ်တယ် ဖြေရှင်းလုပ်ဆောင်ချက်များဖြင့် ကုန်ကျစရိတ်သက်သာသော အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်သွားမည်။

အာရှထိပ်တန်းအသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar နှင့် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော JCI အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ပန်းလှိုင်ဆေးရုံ (Pun Hlaing Hospitals) တို့သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာမခံလုပ်ငန်းနယ်ပယ်တွင် အသက်အာမခံနှင့် ကျန်းမာရေး အာမခံများ ဖြန့်ဖြူးပေးအပ်ခြင်း၊ နည်းပညာအရ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးဘက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရ ဆရာဝန်များနှင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးနိုင်ခြင်း၊ သတ်မှတ်ထားသည့် နေရာဒေသများတွင် လူထုအခြေပြု အစီအစဉ်များ ပြုလုပ်ခြင်း စသည်ဖြင့် ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်၍ သီးသန့်မိတ်ဖက်အဖြစ် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံရှိ လူမှုစီးပွားကဏ္ဍ အခြေအနေ အမျိုးမျိုးမှ လူတိုင်းအတွက် ကုန်ကျစရိတ် သက်သာသော အရည်အသွေးမြင့် ကျန်းမာရေး စောင့်ရှောက်မှုအား ဖြည့်ဆည်းပေးနိုင်မည့် ဒစ်ဂျစ်တယ် ဖြေရှင်းလုပ်ဆောင်ချက်များကို အကောင်အထည်ဖော် ပေးအပ်နိုင်ရေးနှင့် ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန် မြှင့်တင်ပေးရေးကို အလေးထား လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ Prudential Myanmar ၏ လူသားမှတ်ဉာဏ်တု AI နည်းပညာသုံး Pulse မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြု၍ ကုမ္ပဏီကြီးနှစ်ခုစလုံး၏ သီးသန့်မိတ်ဖက်ဆောင်ရွက်မှု  မှတစ်ဆင့် လူတစ်ဦးချင်းစီနှင့် ကိုက်ညီမှုရှိသော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်း အချိန်မရွေး၊ နေရာမရွေး၊ ကလစ်တစ်ချက် နှိပ်ရုံမျှဖြင့် ရယူနိုင်တော့မည် ဖြစ်ပါသည်။

Pulse ဆိုသည်မှာ အသုံးပြုသူများ၏ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ကိစ္စအဝဝကို အလုံးစုံ ကြိုတင်စီမံခန့်ခွဲနိုင်ရန် ဖန်တီးပေးထားသော လုပ်ဆောင်ချက်အားလုံး စုစည်းပါရှိသည့် ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မလေးရှားနိုင်ငံ၌ Pulse အက်ပလီကေးရှင်း စတင်မိတ်ဆက်ခဲ့ချိန်မှစ၍ အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၁) ခုတွင် ဒေါင်းလုဒ် ရယူမှုပေါင်း (၈) သန်းကျော် ရှိခဲ့ပြီ ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်များ၏ တစ်စိတ်တစ်ဒေသအဖြစ် Pulse အက်ပလီကေးရှင်းနှင့် ပန်းလှိုင်ဆေးရုံ၏ လုပ်ဆောင်ချက်စနစ်များကို ပေါင်းစည်း ထည့်သွင်းသွားမည်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ဆေးကုသမှု ခံယူရန် ရက်ချိန်းရယူခြင်း၊ အွန်လိုင်းမှတစ်ဆင့် ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်းတို့ အပါအဝင် အခြားသော အဆင့်မြင့် ဝန်ဆောင်မှုများကို ရယူနိုင်မည် ဖြစ်ပါသည်။

အထက်ပါ ပူးပေါင်းဆောင်ရွက်မှုများ စတင်သည့် အထိမ်းအမှတ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများ အတွက် Pulse အက်ပလီကေးရှင်းမှတစ်ဆင့် အွန်လိုင်း ကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ထောက်ပံ့ပေးအပ်မည့် ထူးခြားသော လူမှုအကျိုးပြု အစီအစဉ်တစ်ခုကို စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်  Prudential Myanmar နှင့် ပန်းလှိုင်ဆေးရုံတို့ အတူတကွ ပူးပေါင်းပြီး ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အွန်လိုင်း အခမ်းအနားတစ်ခုကို ကြီးမှူးကျင်းပမည်ဖြစ်ပြီး Pulse အက်ပလီကေးရှင်း အပါအဝင် ဒစ်ဂျစ်တယ် ပလက်ဖောင်း အမျိုးမျိုးမှတစ်ဆင့် ကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေးမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုက်ရိုက်ထုတ်လွှင့် သင်ကြားပေးမည့် ကိုယ်လက်လှုပ်ရှားမှုသင်တန်း အပါအဝင် ကျန်းမာရေးနှင့် လူမှုဘဝဆိုင်ရာ ခေါင်းစဉ်များစွာကို ဆွေးနွေး ပြောကြားသွားမည့် အသိပညာပေး webinar ဆွေးနွေးပွဲ စကားဝိုင်းများလည်း ပါဝင်မည် ဖြစ်ပါသည်။

Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က "Prudential Myanmar နဲ့ ပန်းလှိုင်ဆေးရုံတို့ဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် သူတို့လက်လှမ်းမီပြီး ကုန်ကျစရိတ် သက်သာတဲ့ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးအပ်သွားချင်တဲ့ တူညီတဲ့ မျှော်မှန်းချက်တစ်ခု ရှိနေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ "ဒို့တွေတကယ် ကျန်းမာအောင်နေကြတယ်”  ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အကောင်းဆုံး ကာကွယ်မှုတွေနဲ့ အဘက်ဘက်က ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စီမံခန့်ခွဲနိုင်အောင် အလေးထား လုပ်ဆောင်သွားမှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ထိပ်တန်း  AI နည်းပညာကို ပန်းလှိုင်ဆေးရုံရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆေးရုံ ကွန်ရက်အပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစည်းပြီး ဒီနိုင်ငံမှာ ပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပုံစံကို ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ပြောင်းလဲပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်”ဟု ပြောသည်။

ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ဆေးရုံ (၃) ရုံနှင့် ဆေးပေးခန်း (၄) ခု ဖွင့်လှစ်ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။  အထင်ကရ ဆေးရုံတစ်ခုဖြစ်သည့် ပန်းလှိုင် လှိုင်သာယာ ဆေးရုံသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော Joint Commission International (JCI) အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံတစ်ခုဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လူနာဗဟိုပြု ပုံစံကုသမှုပုံစံအတိုင်း ရုပ်ပိုင်းဆိုင်ရာအရသာမက ဘက်ပေါင်းစုံမှ ချဉ်းကပ်ကုသသည့်နည်းဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ အဆိုပါ ထူးခြားသည့် ကုသမှုပုံစံ၏ အသက်သွေးကြောအဖြစ် ပန်းလှိုင်ဆေးရုံရှိ ဝန်ထမ်းများအပြင် (၈၀) ရာခိုင်နှုန်းသော ဆရာဝန်များနှင့် အထူးကုများကို အချိန်ပြည့် ခန့်အပ်ထားရှိပါသည်။

ပန်းလှိုင်ဆေးရုံ၏ CEO ဖြစ်သူ Dr. Gershu Paul က “ပန်းလှိုင်ဆေးရုံအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ရက်တစ်ခု ဖော်ဆောင်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းဖို့၊ အလိုအလျောက် နည်းပညာစနစ်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အလေ့အထတွေကို ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ ရင်းနှီးမြုပ်နှံသွားဖို့ တိကျသေချာတဲ့ လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ထားပါတယ်။ ပန်းလှိုင်ဆေးရုံရဲ့ အဓိကပန်းတိုင်က အကျင့်ပါနေတဲ့ သမားရိုးကျပုံစံကနေ နည်းပညာ လုပ်ဆောင်ချက်တွေ အစုံအလင်ပါဝင်တဲ့ အွန်လိုင်း ဒီဂျစ်တယ်ပုံစံနဲ့ ပေါင်းစည်းပြီး တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီရည်ရွယ်ချက်အရ ကမ္ဘာ့ထိပ်တန်း အသက်အာမခံလုပ်ငန်းဖြစ်တဲ့ Prudential Myanmar နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အခုဆိုရင် Prudential Myanmarရဲ့ နည်းပညာနဲ့ အသုံးပြုသူတွေဟာ ရောဂါလက္ခာတွေကို စစ်ဆေးနိုင်မယ်၊ သူတို့ ခံစားနေရတဲ့ ရောဂါရဲ့ အန္တရာယ်ကို ပိုပြီး သဘောပေါက်နားလည်လာမယ်၊ ပြီးတော့ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ကျန်းမာရေး သတင်းအချက်အလက် တွေကို အချိန်နဲ့တပြေးညီ ရယူနိုင်ကြပါမယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားက ပြည်သူတွေအတွက် မြန်ဆန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာဖြစ်ပြီး ဒီကျန်းမာရေး စောင့်ရှောက်မှုတွေကို ပြည်သူတွေအနေနဲ့လည်း ပိုပြီး အလွယ်တကူ ရယူနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

 

ပုံ (ဝဲမှ ယာသို့) – ပန်းလှိုင်ဆေးရုံ၏ CEO ဖြစ်သူ Dr. Gershu Paul နှင့် Prudential Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Asit Rath တို့က မိမိတို့ ကိုယ်စားပြုသော ကုမ္ပဏီများအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးကြစဉ်

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar သည် Prudential Corporation Asia လက်အောက်ရှိ အပိုင် အသက် အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

Prudential Myanmar သည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်မည် ဖြစ်သည်။ Prudential Myanmar ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်ရန် ကတိကဝတ်ပြုထားသည်။

 အသေးစိတ်ထပ်မံ သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် နှင့် Facebook စာမျက်နှာ  တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential Corporation Asia အကြောင်း

 Prudential Corporation Asia သည် Prudential plc လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး အာရှဒေသ အတွင်းနှင့် အာဖရိကနိုင်ငံရှိ အသက်အာမခံလုပ်ငန်းများနှင့် Eastspring Investments ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲ့မှု လုပ်ငန်းတို့ ပါဝင်သည်။ ရုံးချုပ်မှာ ဟောင်ကောင်တွင် တည်ရှိပြီး Prudential အနေဖြင့် လူအများ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်မည့် ရေရှည် အာမခံစုဆောင်းငွေ ဝန်ဆောင်မှုများ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ အာမခံအမျိုးအစားများကို ပေးအပ်ထားပါသည်။

(Prudential plc သည် လန်ဒန် (PRU.L) ၊ ဟောင်ကောင် (2378.HK) ၊ စင်ကာပူ (K6S.SG) နှင့် နယူးယောက် (PUK.N) စတော့အိတ်ချိန်း ဈေးကွက်များတွင် စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။)

 Prudential သည် ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊  စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့်  အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၃) ခု၏ ထိပ်တန်းအသက်အာမခံ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်သည်။ အာဖရိက တိုက်တွင် ကင်မရွန်း၊ ကုတ်အိုင်ဗွီ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ တိုဂိုနှင့် ယူဂန်ဒါ နိုင်ငံတို့ ပါဝင်သော ဈေးကွက် (၈) ခုကို လွှမ်းခြုံထားပြီးဖြစ်သည်။ Prudential ၏ အာမခံလုပ်ငန်းများအား နေရာမျိုးစုံမှတစ်ဆင့် အလွယ်တကူ ချိတ်ဆက်ရယူနိုင်ရသော ယုံကြည်စိတ်ချရသည့် ပလက်ဖောင်းမှတစ်ဆင့် ကမ္ဘာ့တိုက်ကြီးနှစ်တိုက်မှ customer ပေါင်း (၁၆) သန်းကျော်အတွက် အမျိုးအစား စုံလင်ပြီး တီထွင်ဆန်းသစ်သည့် နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်များကို ပေးအပ်လျက်ရှိသည်။

 Eastspring Investments သည် ကြီးမားကျယ်ပြန့်သည့် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုပ်နှံသူများကိုယ်စား အာရှဒေသ အတွင်းရှိ အကြီးဆုံး ရင်းနှီးမြုပ်နှံမှုများကို စီမံခန့်ခွဲပေးလျက် ရှိပါသည်။ အာရှဈေးကွက်ကြီး (၁၁) ခုအပြင်  မြောက်အမေရိက၊ ဥရောပတို့တွင် လုပ်ငန်းအမြောက်အမြားရှိခြင်းတို့ကြောင့် အာရှအခြေစိုက် ထိပ်တန်းရင်းနှီးမြုပ်နှံမှု ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းသည် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ စာရင်း အရ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံကျော် တန်ဖိုးရှိ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲလျက်ရှိပြီး စတော့ရှယ်ယာများနှင့် ပုံမှန်ဝင်ငွေတို့ အပါအဝင် ငွေကြေး ပိုင်ဆိုင်မှုအမျိုးမျိုးကို စီမံခန့်ခွဲလျက် ရှိပါသည်။

လူတိုင်းအတွက် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဟူသည့် ကုမ္ပဏီ၏ မျှော်မှန်းချက်နှင့်အညီ Prudential မှ မိတ်ဆက်လိုက်သည့် Pulse အက်ပလီကေးရှင်းကို မလေးရှားနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လက စတင်မိတ်ဆက်ခဲ့ပါသည်။  ယနေ့အချိန်တွင် Pulse ကို အာရှတစ်ဝှမ်းရှိ ဈေးကွက် (၁၁) ခုတွင် သုံးစွဲနိုင်ပြီဖြစ်ပြီး၊ မကြာမီ အာဖရိကနိုင်ငံတွင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ အထိ အာရှဒေသတွင် အက်ပလီကေးရှင်း ဒေါင်းလုဒ်ရယူမှုပေါင်း အကြိမ်ရေ (၈) သန်းကျော် အထိ ရှိခဲ့ပြီ ဖြစ်သည်။ အက်ပလီကေးရှင်းအကြောင်း ပိုမိုသိရှိလိုပါက www.wedopulse.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

 

Prudential မှ မိတ်ဆက်လိုက်သည့် Pulse အက်ပလီကေးရှင်းအကြောင်း

Prudential မှ မိတ်ဆက်လိုက်သည့် Pulse ဆိုသည်မှာ အသုံးပြုသူများ၏ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ ကိစ္စအဝဝကို အလုံးစုံ ကြိုတင်စီမံခန့်ခွဲနိုင်ရန် ဖန်တီးပေးထားသော လုပ်ဆောင်ချက်အားလုံး စုစည်းပါရှိသည့် ဒေသတွင်း ပထမဦးဆုံးသော ဒစ်ဂျစ်တယ်အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါသည်။ Pulse အက်ပလီကေးရှင်း၏ Pulse အက်ပလီကေးရှင်း၏ AI နည်းပညာဖြင့် ပံ့ပိုးပေးထားသော အချိန်နှင့်တပြေးညီရယူနိုင်သော သတင်းအချက်အလက်များ၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်အရ ကိုယ်တိုင်ရယူနိုင်သော ပံ့ပိုးမှုများဖြင့် အသုံးပြုသူများအတွက် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကူညီစောင့်ရှောက်ပေးမည့် ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ အဖော်မွန်တစ်ဦး ရှိထားသကဲ့သို့ ရောဂါဘယများ စတင်ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန် ကူညီပေးမည် ဖြစ်ပြီး ပိုမိုကောင်းမွန်၍ အဆင့်မြင့် လုပ်ဆောင်ချက်များ မကြာမီအချိန်တွင် ထပ်မံလုပ်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ Pulse သည် အကောင်းဆုံးအဆင့်အတန်းမီ ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးချ၍ အာရှတစ်ဝှမ်းရှိ လူတိုင်းအတွက် ဈေးနှုန်းချိုသာသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်စေရန် ဟူသည့် Prudential ၏ ဒေသတွင်းဆိုင်ရာ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။

 ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း မလေးရှားနိုင်ငံ၌ Pulse ကို စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ ဈေးကွက် (၁၁) ခုတွင် ရယူ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ Pulse တွင် ရောဂါလက္ခဏာ စစ်ဆေးပေးနိုင်သည့် အဆင့်မြင့် AI နည်းပညာ၊ ကျန်းမာရေးဆိုင်ရာ အကဲဖြတ် စစ်ဆေးမှု၊ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ နည်းပညာလုပ်ဆောင်ချက်များ အပါအဝင် ဆရာဝန်များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးတိုင်ပင်နိုင်ခြင်း စသည့် အဘက်ဘက်မှ ပြီးပြည့်စုံသော လုပ်ဆောင်ချက်များကို ရယူကာ မိမိတို့ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

 စတင်မိတ်ဆက်သည့် အချိန်မှ ယနေ့အထိ Pulse ကို အာရှတွင် ဒေါင်းလုဒ်ရယူမှုပေါင်း အကြိမ်ရေ (၈) သန်းကျော် အထိ ရှိခဲ့ပြီး ဖြစ်သည်။ *လက်ရှိအချိန်(၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့အထိ)တွင် Pulse အက်ပလီကေးရှင်းကို ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊  စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့တွင် Apple နှင့် Google Play stores များမှတစ်ဆင့် ရယူနိုင်ပြီ ဖြစ်ပါသည်။

 အက်ပလီကေးရှင်းအကြောင်း ပိုမိုသိရှိလိုသည်ဖြစ်စေ၊ ဒေါင်းလုဒ်ပြုလုပ်လိုသည်ဖြစ်စေ  
www.wedopulse.com

သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

 

OUE Lippo Healthcare Limited (စင်ကာပူ) အကြောင်း

 စင်ကာပူနိုင်ငံရှိ OUE Lippo Healthcare Limited (“OUELH”) သည် OUE လီမိတက် လက်အောက်ရှိ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။ OUELH သည် နိုင်ငံတကာအဆင့်မီ အရည်အသွေးစံနှုန်းနှင့် စဉ်ဆက်မပြတ် အကောင်းဆုံး ဝန်ဆောင်ပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းလုပ်ဆောင်ချက်များကို ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် ကျွမ်းကျင်သူများ ခန့်အပ်ခြင်း၊ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အုပ်ချုပ်မှုရေးရာ စီမံခြင်း စသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိတွင် OUELH သည် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ် ဝန်ဆောင်မှုများကို ပိုင်ဆိုင်မှု ရရှိရန်၊ လုပ်ငန်းလည်ပတ်ရန် နှင့် စီမံခန့်ခွဲရန် ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ ရင်းနှီးမြုပ်နှံ့မှုများကို အာရှပစိဖိတ်ဒေသတစ်လွှားတွင် တိုးချဲ့လုပ်ကိုင်နိုင်ရန် အစီအစဉ်များ ချမှတ်ပြီး ဆက်လက် ဆောင်ရွက်နေပါသည်။

 

မြန်မာနိုင်ငံရှိ ပန်းလှိုင်ဆေးရုံများအကြောင်း 

 ရိုးမ OUE Healthcare ဆိုသည်မှာ ရိုးမအုပ်စု၏ healthcare ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းစုကြီးအတွက် အမည်နာမ အသစ်တစ်ခု ဖြစ်ပါသည်။ ပန်းလှိုင်ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာ မိတ်ဖက်လုပ်ငန်းများမှာ အွန်လိုင်းနှင့် ပုံမှန် healthcare ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံရှိ FMI (ရိုးမအုပ်စု) နှင့် စင်ကာပူနိုင်ငံရှိ OUE Lippo Healthcare တို့သည် ဆေးရုံလုပ်ငန်းအုပ်စုကို အတူတကွ စီမံခန့်ခွဲလျက် ရှိပါသည်။ 

www.yomaouehealthcare.com

www.punhlainghospitals.com

www.punhlainghospitals.com.mm

 ပထမဦးဆုံး ပန်းလှိုင်ဆေးရုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင်ဖြစ်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အများပိုင်ကုမ္ပဏီလီမိတက် (FMI) နှင့် စင်ကာပူစတော့အိတ်ချိန်း၏ Catalist board စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သော OUE Lippo Healthcare Limited (“OUELH”) တို့၏ ဖက်စပ်လုပ်ငန်းစုတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ပန်းလှိုင်ဆေးရုံသည် Joint Commission International မှ ပေးအပ်ချီးမြှင့်သည့် ဆေးရုံအရည်အသွေးဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု Joint Commission International Accreditation (“JCIA”) လက်မှတ်ကို ရရှိခဲ့ပါသည်။ ပန်းလှိုင်ဆေးရုံသည် နိုင်ငံတကာအဆင့်မီ အရေည်အသွေးစံနှုန်းနှင့် စဉ်ဆက်မပြတ် အကောင်းဆုံး ဝန်ဆောင်ပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်နေသော ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် ကျွမ်းကျင်သူများ ခန့်အပ်ခြင်း၊ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အုပ်ချုပ်မှုရေးရာ စီမံခြင်း စသည့် လုပ်ငန်းစဉ်များမှတစ်ဆင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ပန်းလှိုင်ဆေးရုံ၏ တမူထူးခြားသည့် ဝန်ဆောင်မှုပေးအပ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်မှာ "ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရန်" ဆိုသည့် ဆောင်ပုဒ်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်လျက် ရှိပါသည်။

 

FMI အကြောင်း

 FMI သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အများပိုင်ကုမ္ပဏီဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် ကျွမ်းကျင်သော ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ဆောင်လိုသော ပြည်တွင်းရင်းနှီးမြှုပ်နှံသူ များကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် FMI သည် ရန်ကုန် စတော့ အိတ်ချိန်း၌ ပထမဦးဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်လာခဲ့ပါသည်။

 FMI ၏ အားသာချက်များမှာ ကဏ္ဍအသီးသီးတွင် မပာာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံထားမှုသာမက၊ ကျွမ်းကျင်သော စီမံခန့်ခွဲမူ၊ စည်းကမ်းရှိသော ကုမ္ပဏီအုပ်ချုပ်မူနှင့် ပွင့်လင်းမြင်သာမူရှိခြင်းတို့ ဖြစ်ပါသည်။ FMI ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် ကုမ္ပဏီမှ ချမှတ်ထားသည့် စည်းကမ်းများကို တိကျစွာလိုက်နာပြီး စည်းစနစ်ကျစေရန် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်သည်။

 လက်ရှိတွင် FMI သည် ဘဏ္ဍာရေးဝန်ဆောင်မှု၊ အိမ်ခြံမြေနှင့် ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍတို့တွင် အဓိကထား လုပ်ကိုင်လျက်ရှိပြီး အခြား အခွင့်အလမ်းကောင်း ကဏ္ဍများလုပ်ကိုင်ရန်လည်း အသင့်ရှိနေပါသည်။ စတင်တည်ထောင်ချိန်မှစ၍ အမြတ်အစွန်းနှင့် အမြတ်ဝေစုများကို စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ခဲ့သည့် FMI သည် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည်။

 

 

Read times Last modified on Tuesday, 22 September 2020 10:34
Rate this item
(0 votes)