What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 October 2021 11:50

ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံခြားသားခရီးသွားများ quarantine ဝင်ရန်ပြဋ္ဌာန်းချက် ဖိလစ်ပိုင်ပယ်ဖျက်ပေး

COVID-19 ကူးစက်မှုနည်းသော တရုတ်နိုင်ငံနှင့် အခြားနိုင်ငံ နှင့်ဒေသ ၄၀ ကျော်မှ ခရီးသွားများအနေဖြင့်

COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ရာတွင် quarantine လိုအပ်ချက်အား ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ Harry Roque က အောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။
အစိမ်းရောင်စာရင်းတွင် ပါဝင်သော တရုတ်နိုင်ငံနှင့် အခြားနိုင်ငံနှင့် ဒေသများမှ ခရီးသွားများအတွက် ကျင့်သုံးမည့်စည်းမျဉ်းသစ်သည် အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ သက်ရောက်မည်ဖြစ်ကြောင်း Roque ကဆိုသည်။
အပြည့်အဝကာကွယ်ဆေးထိုးနှံထားသော နိုင်ငံခြားသားများအတွက် ဖိလစ်ပိုင်နိုင်ငံသို့ မထွက်ခွါမီ ၇၂ နာရီအတွင်း ပိုးမရှိကြောင်း RT-PCR စစ်ဆေးချက် အားလိုအပ်ကြောင်း Roque ကဆိုသည်။ ဆိုက်ရောက်ချိန်တွင် ၎င်းခရီးသွားများအနေဖြင့် quarantine ဝင်ရန် မလိုအပ်တော့ကြောင်း သို့သော်ခရီးသွားများအနေဖြင့် ၁၄ ရက်မတိုင်မီ မည်သည့်ရောဂါလက္ခဏာမဆို မိမိဘာသာဂရုစိုက်စောင့်ကြည့်ရန်လိုအပ်ကြောင်း ၎င်းကတိုက်တွန်းခဲ့သည်။
ကာကွယ်ဆေးမထိုးရသေးသူများ ၊ တစ်စိတ်တစ်ပိုင်းကာကွယ်ဆေးထိုးထားသူများနှင့် ကာကွယ်ဆေးထိုးထားခြင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသူများနှင့် ကာကွယ်ဆေးထိုးထားပြီး ခရီးမသွားမီလိုအပ်သော ဆေးစစ်မှု မပြုလုပ်ထားသူများအနေဖြင့် ၎င်းတို့သည် ၅ရက်မြောက်တွင် ပိုးမရှိကြောင်း RT-PCR စစ်ဆေးမှုမရမချင်း quarantine ဌာနတွင် သီးခြားနေထိုင်ရန် လိုအပ်သည်ဟု Roque က ဆိုသည်။
အစိုးရအနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လတွင် အသွားအလာကန့်သတ်ချက် lockdown ချမှတ်ချိန်ကတည်းက နယ်စပ်အကာအကွယ်အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်ခြင်းကို တားမြစ်ထားခဲ့သည်။ သံတမန်များအပါအဝင်အထူးဗီဇာရရှိသောနိုင်ငံခြားသားများကိုသာဝင်ခွင့်ပြုကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)