What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 11:07

မင်းဓမ္မလမ်းရှိ MCC တွင် ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား COVID- 19 စစ်ဆေးပေးမည်

ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများကို 

ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCC တွင် ယနေ့ ၄.၁၀.၂၀၂၀ ရက်နေ့မှ စတင်ဆောင်ရွက်မည် ။

မြန်မာနိုင်ငံ COVID -19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များ သို့ ကုန်စည်ဖြတ်ကျော်ပို့ဆောင်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ကုန်တင်ယာဥ်၊ ကုန်တင်ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအားCOVID- 19 ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ယနေ့(၄.၁၀.၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ယခုကဲ့သို့ COVID-19 ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီလမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်တိုင်းကျန်းမာရေးအဖွဲ့တို့မှတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးမည့်အချက်များ
========
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ ညွှန်ကြားချက် SOP အရ ယာဥ်မောင်း ယာဥ်နောက်လိုက်များ covid - 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာ စစ်ဆေးရရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ UMFCCI, မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း တို့မှ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရာ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ MCC ခန်းမတွင် ကုန်တင်ထွက်ခွာမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Covid 19 ဆေးစစ်ပေးမည်ဖြစ်ပါသည်။
ထို့ကြောင့် ကုန်တင်ထွက်ခွာမည့် ကုန်တင်ယာဉ်များသည် Covid 19 ဆေးစစ်ရန်

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း၊

‌ခေတ္တာလမ်း၊ ဈ/၃၇ အဝေးပြေးကုန်စည်အသင်းရုံး


သို့ စာရင်းလာရောက်ပေးသွင်း၍ အသင်းထောက်ခံစာနှင့် သွားရောက်စစ်ဆေးရမည်ဖြစ်ပါသည်။


covid test ကို UMFFCCI မှ ညီနောင်အသင်း ( ကွန်တိန်နာအသင်း၊ စားသုံးဆီအသင်း၊ ဆန်စပါးအသင်းများ) နှင့် ကုန်တင်ယာဥ်မောင်းများခွဲဝေ စစ်ဆေးရမည်ဖြစ်သဖြင့် ယခု လက်ရှိတင်ထားပြီးသား အရေးကြီးကုန်စည် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ဦးစားပေးစစ်ဆေးပေးမည်ဖြစ်ပါသည်။
အသင်းဝင်ဂိတ်များသည် မိမိဂိတ်မှထွက်သော ယာဉ်များ ယာဉ်အမှတ်၊ ထွက်ခွာရန်မြို့၊ တင်‌ဆောင်ထားသည့်ကုန်၊ တင်ဆောင်သည့်ဂိတ်/ ယာဉ်ပိုင်ရှင် လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်း/ နောက်လိုက်အမည်၊ လိုင်စင်အမှတ်၊ ပတ်စပို့စ် ဓါတ်ပုံများနှင့် တာဝန်ယူ၍ မှန်ကန်တိကျစွာ စာရင်းပေးရပါမည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ဝင်/ထွက်ရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်တိုဘာလ (၄) ရက်နေ့တွင် ကျန်းမာရေး စစ်ဆေးပေးမည်။

 

 

Read times
Rate this item
(0 votes)