What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 November 2020 08:30

ပထမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ဆေးကုသရေးပစ္စည်းကိရိယာများ ထပ်မံလှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် နိုဝင်ဘာလ ၂ ရက်နေ့တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံဖြစ်သည့် မြန်မာနိုင်ငံရန်ကုန်မြို့

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ ဆေးကုသရေးပစ္စည်းကိရိယာများ ထပ်မံလှူဒါန်းခဲ့ပါသည်။ ၎င်းပစ္စည်းကိရိယာများမှာ Low Pressure Suction ၊ Oxygen Hood ၊ LED Phototherapy Units ၊ Infant Radiant Warmer ၊ Spot Lamp ၊ Vacuum Extractor ၊ Isoflurane Evaporation Can ၊ Surgical Instrument Cabinet ၊ Medicine Cabinet စသည်တို့ဖြစ်ပြီး လက်ရှိတွင် စတင် အသုံးပြုနေပြီဖြစ်ပါသည်။
ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းယုဇော်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြောကြားပြီး COVID-19 ရောဂါ ဖြစ်ပွားနေသည့်အထူးကာလ၌ ယခုကဲ့သို့ ပစ္စည်းကိရိယာများ လှူဒါန်းခြင်းသည် များစွာအဖိုးတန်ကြောင်း၊ ဆေးရုံမှ အဆိုပါပစ္စည်းကိရိယာများကို ကောင်းမွန်စွာအသုံးချ၍ ဒေသခံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဆေးကုသရေးဝန်ဆောင်မှု ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၁၆ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် တရုတ်နိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့မှ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအား အဆင့်မြှင့်တင် ပြုပြင်မွမ်းမံခဲ့ပါသည်။ ဆေးရုံအဆောက်အအုံ၏ မူလအသွင်ကို မပျောက်ပျက်စေဘဲ လူနာကြည့်ခန်း၊ သားဖွားခန်း၊ ခွဲစိတ်ခန်းနှင့် မွေးကင်းစကလေးများစောင့်ကြပ်ကြပ်မတ်ခန်း စသည်တို့ကို အသစ်တည်ဆောက်ပေးခဲ့ပြီး လူနာအယောက် ၄၀ ထားရှိနိုင်သည့် လူနာဆောင် တစ်ဆောင်ကိုလည်း အသစ်တည်ဆောက်ပေးခဲ့ပါသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဆေးရုံအဆင့်မြှင့်တင်ပြုပြင်မွမ်းမံရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာပြီးစီးခဲ့ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကို ပထမမြောက် တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံဟု အမည်ပေးခဲ့ပါသည်။

 

kk.jpg

 

Read times Last modified on Thursday, 05 November 2020 08:34
Rate this item
(0 votes)