What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 September 2020 10:31

ပဲခူးပြည်သူ့ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်း ၂၃ ဦး FQ ဝင်

ပဲခူးပြည်သူ့ဆေးရုံကြီးသို့(၁၁-၉-၂၀၂၀)ရက်နေ့၊ ည(၂၃-၁၀)နာရီအချိန်တွင် လက်မောင်းတွင် ရရှိသောဒဏ်ရာကြောင့်

အသက် ၃၄-နှစ်အရွယ် အမျိုးသား တစ်ဦး သွေးထွက်လွန်၍ ရောက်ရှိလာပါသည်။

အရေးပေါ်ဌာနတွင် ခရီးသွားရာဇဝင်မေးသော်လည်း လူနာရှင်များက မပြောကြားဘဲ ပုံမှန်ထိခိုက်မှုသာဖြစ်သည်ဟုဖြေကြားခဲ့ပြီး အရိုးကုသဆောင်တွင် ရောက်ရှိချိန်တွင်မှ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှ ပြန်လာသူဖြစ်ကြောင်း သိရှိရသဖြင့် သီးခြားခွဲထား၍ Swab ယူ စစ်ဆေးခဲ့ရာ(၁၃-၉-၂၀၂၀)ရက်နေ့၊ ညပိုင်းတွင် COVID19 ရောဂါပိုးတွေ့ရှိကြောင်း သိရှိရပါသည်။

၎င်းနှင့်ထိတွေ့ခဲ့သူ ဆရာဝန်၊ သူနာပြု၊ ဆေးရုံဝန်ထမ်း စုစုပေါင်း ၂၃-ဦး(စိစစ်ဆဲ)အား FQ ထားရှိ၍ (၁၄-၉-၂၀၂၀)ရက်နေ့တွင် Swab နမူနာယူ စစ်ဆေးသွားမည်ဖြစ်ပါသည်၊ ၎င်း၏ လူနာစောင့်အား ပဲခူး တက္ကသိုလ် တွင် FQ ထား၍ လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၎င်းသည် သနပ်ပင်မြို့နယ်၊ စဉ့်အိုးဘိုရွာတွင် နေထိုင်သူဟု သိရှိရပြီး အခြား Contact များကိုလည်း ရှာဖွေ၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

Read times
Rate this item
(0 votes)