What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 03 October 2021 21:35

အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အခြေခံပညာကျောင်းသားများအား COVID-19 ကာကွယ်ဆေး Sinovac ကို နေပြည်တော်တွင် ကနဦးစီမံချက်ဖြင့် စတင်ထိုးနှံပေးမည်

အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အခြေခံပညာကျောင်းသားများကို နေပြည်တော်တွင် ကနဦးစီမံချက်ဖြင့် COVID-19 ရောဂါ ကာကွယ်ဆေး Sinovac ကို စတင်ထိုးနှံ ပေးမည်ဖြစ်ကြောင်း

အောက်တိုဘာ ၁ ရက်က နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံရန်အတွက် ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားသည်။

COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရာ၌ ရောဂါကူးစက်ခံရမှုအန္တရာယ်မှ ဘေးကင်းလုံခြုံစွာဖြင့် ဖွင့်လှစ်နိုင်ရန် လိုအပ်‌ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အသက် ‌၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အခြေခံပညာ ကျောင်းသားများကို COVID-19 ကာကွယ်ဆေး Sinovac ကို နေပြည်တော်တွင် ကနဦးစီမံချက်ဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံတကာတွင်လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် နိုင်ငံများရှိနေပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် WHO ၏ အရေးပေါ်အသုံးပြုခွင့်စာရင်း (Emergency Use List) တွင် ပါဝင်သည့် Covishield ၊ Sinovac ၊ Sinopharm သုံးမျိုးကို လတ်တလော ထိုးနှံပေးလျက်ရှိသည့်အနက် ကလေးငယ်များတွင် ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့် Sinovac ကာကွယ်ဆေးကို အခြေခံပညာကျောင်းများတွင် ကျောင်းတက်ရောက်မည့် ကျောင်းသားဦးရေအရ အဆင့်လိုက်ရရှိနိုင်ရေးအတွက် ကြိုတင်စီစဉ်ထားကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထပ်မံလှူဒါန်းသည့် Sinovac ကာကွယ်ဆေး နှစ်သန်းသည်လည်း မကြာမီ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိထိုးနှံနိုင်မှုသည် ကာကွယ်ဆေးထိုးနှံရမည့် ရည်မှန်းဦးရေ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ယင်း ၃၆ ဒသမ ၉ သန်းတွင် တစ်ကြိမ်ထိုးပြီး၊ နှစ်ကြိမ်ထိုးပြီး ထိုးနှံပြီးသည့် လူဦးရေ ၇ ဒသမ ၈ သန်းရှိကာ ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်းအနေဖြင့် ၁၅ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိထိုးနှံပေးနေသည့် ကာကွယ်ဆေးများသည် တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး Sinopharm နှင့် Sinovac ကာကွယ်ဆေးနှစ်မျိုးသည် WHO အရေးပေါ် အသုံးပြုခွင့်ပေးထားသော ကာကွယ်ဆေး အမျိုးအစားများဖြစ်ကြောင်း သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)