What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 04 October 2020 12:45

ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန် Eleven Media Group (၈) ထပ်ရုံး အဆောက်အအုံအား လှူဒါန်း

COVID-19 ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုနှင့် စေတနာ့ဝန်ထမ်းများ အသုံးပြုရန်

Eleven Media Group (၈) ထပ်ရုံးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဧရာဝတီ ဖောင်ဒေးရှင်းသို့ Eleven Media Group က အောက်တိုဘာ ၃ ရက်တွင် လှူဒါန်းခဲ့သည်။ 

ထိုသို့ လှူဒါန်းရာတွင် Eleven Media Group ၏ Executive Director ကိုမင်းသော်ထွဋ်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
Eleven Media Group (၈) ထပ်ရုံးအဆောက်အအုံတွင် ဆရာဝန်၊ သူနာပြုနှင့် စေတနာ့ဝန်ထမ်း အရေအတွက် ၁၀၀ ထားရှိရန် ပြင်ဆင်ထားပြီး ကနေဦး အနေဖြင့် ၆၀ မှ ၈၀ ဦးခန့် ထားရှိသွားမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ရောက်ရှိနေထိုင်တော့မည် ဖြစ်သည်။
Eleven Media Group (၈) ထပ်ရုံး အဆောက်အအုံ၏ (၅) ထပ်မှစတင်၍ (၁)ထပ်အထိ လူနေထိုင်နိုင်ရန် ပြင်ဆင်ထားကာ အထပ်တိုင်းတွင် စောင်၊ ခေါင်းအုံး၊ အိပ်ယာခင်းနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများပါရှိသည့် တစ်ယောက်အိပ် ကုတင်များ၊ တီဗီနှင့်အဲယာကွန်းများ၊ အဝတ်လျှော်စက်များ အပါအဝင် သက်တောင့်သက်သာ ဖြစ်စေရန် ပြင်ဆင်ဆောင်ရွက် ထားရှိထားသည်။
အဆိုပါ ၈ ထပ်ရုံး အဆောက်အအုံသည် အမှတ်(၂၂) တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေမြို့နယ်တွင် တည်ရှိခြင်းဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းတွင် COVID-19 လူနာများကို ထားရှိကုသ ပေးနေသည့် ဧရာဝတီစင်တာများကို တည်ဆောက်ထားပြီး ယင်းစင်တာများက ကနေဦးအနေဖြင့် လူနာ ၅၀၀ ခန့်ကို လက်ခံကုသပေးနေကာ နောက်ပိုင်း လူနာ ၉၀၀ ခအထိ ထားရှိကုသပေးနိုင်ရန်လည်း တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

Read times
Rate this item
(0 votes)