What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 September 2018 15:00

အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့အသည်းရောဂါတစ်မျိုးဖြစ်ပါတယ်။ အသည်းတဝိုက်မှာ အဆီပိုတွေစုလာတဲ့အခါ အသည်းရဲ့လုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီး ရောင်ရမ်းမှုတွေဖြစ်စေတာဖြစ်ပါတယ်။ 

ဒီအခြေအနေကို အစားအသောက်ဆင်ခြင်ပြီး နေထိုင်မှုပုံစံပြောင်းလဲတဲ့နည်းနဲ့ ကုသလို့ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေထိုင်ရင်းနဲ့ အစားဆင်ခြင်တဲ့နေရာမှာ အသည်းအဆီဖုံးခြင်းအတွက် အကောင်းဆုံးအသီးအနှံတွေကို သိထားတယ်ဆိုရင် ပိုအထောက်အကူဖြစ်ပါလိမ့်မယ်။

(၁) သံပရာသီး

အဆီတွေလျော့ပါးစေဖို့က သံပရာသီးကအကောင်းဆုံးဓာတ်စာပါပဲ။ ရေတစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်းသောက်ပေးတာက အသည်းမှာစုနေတဲ့အဆီတွေကိုအမြန်ဆုံးကျဆင်းစေပါတယ်။ သံပရာသီးက အဆိပ်အတောက်ဖယ်ရှားရာမှာအစွမ်းထက်သလို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။သံပရာသီးကြောင့် အစာခြေစနစ်ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။

 

(၂) မန်ကျည်းသီး

ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေရှိနေတယ်ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှုမြင့်မားလို့ အဆီကြောင့်သွေးကြောထူသွေးကြောကျဉ်းရောဂါ( arteriosclerosis) ကိုကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကို အညစ်အကြေးဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိလို့ အစာခြေစနစ်ကိုကောင်းစေပြီး အဆီတွေကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကိုသန့်စင်စေပြီး ကိုလက်စထရောတွေကျစေတဲ့အပြင် အသည်းမှာဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။

 

(၃) သစ်တော်သီး

သစ်တော်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အပြင် ချိုမြတဲ့အရသာကြောင့် လူကိုလန်းဆန်းစေပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။ ဗီတာမင်စီအပြင် ဗီတာမင်ဘီအုပ်စုနဲ့ ဗီတာမင် အီးတို့ပါဝင်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုကျစေပြီး အစာခြေစနစ်ကိုပုံမှန်ဖြစ်စေပါတယ်။ဒီအချက်တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာဖြစ်ပြီး ပန်ကရိယနဲ့အသည်းကိုသန့်စင်စေပါတယ်။

 

(၄) ဖရဲသီးနဲ့ သင်္ဘောစေ့

ဖရဲသီးနဲ့သင်္ဘောစေ့တို့က သဘာဝဆေးဖက်ဝင်ပစ္စည်းတွေဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကိုရောကြိတ်ဖျော်စပ်ထားတဲ့အချိုရည်တစ်ခွက်ဟာ အသည်းကိုသန့်စင်စေပြီး အသည်းမှာစုနေတဲ့အဆီတွေကို လျော့ပါးစေနိုင်စွမ်းရှိပါတယ်။ တစ်နေ့တစ်ခွက်သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။ ဖရဲသီးအစိတ်သေးနှစ်စိတ်၊ရေသန့်တစ်ခွက်၊သင်္ဘောစေ့နှစ်စေ့ကို ကြိတ်ပြီးဖြည်းဖြည်းချင်းသောက်ပါ။

 

(၅) စတော်ဘယ်ရီ

ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ သွေးတိုးကိုကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊သံပရာသီးလေးနည်းနည်းထည့်ပြီးသောက်ရင် detox အဖြစ် သောက်လို့ရပါတယ်။

source:hellosayarwon

 

 

{Zawgyi}

======

အသည္းအဆီဖံုးျခင္းကို ေလ်ာ့ပါးေစမယ့္ အေကာင္းဆံုးအသီး (၅) မ်ိဳး

 

အသည္းအဆီဖံုးျခင္းက အျဖစ္မ်ားတဲ့အသည္းေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ အသည္းတဝိုက္မွာ အဆီပိုေတြစုလာတဲ့အခါ အသည္းရဲ႕လုပ္ေဆာင္ခ်က္ေတြကိုထိခိုက္ေစျပီး ေရာင္ရမ္းမႈေတြျဖစ္ေစတာျဖစ္ပါတယ္။ ဒီအေျခအေနကို အစားအေသာက္ဆင္ျခင္ျပီး ေနထိုင္မႈပံုစံေျပာင္းလဲတဲ့နည္းနဲ႔ ကုသလို႔ရပါတယ္။ ဆရာဝန္ညႊန္ၾကားတဲ့အတိုင္းေနထိုင္ရင္းနဲ႔ အစားဆင္ျခင္တဲ့ေနရာမွာ အသည္းအဆီဖံုးျခင္းအတြက္ အေကာင္းဆံုးအသီးအႏွံေတြကို သိထားတယ္ဆိုရင္ ပိုအေထာက္အကူျဖစ္ပါလိမ့္မယ္။

 

(၁) သံပရာသီး

အဆီေတြေလ်ာ့ပါးေစဖို႔က သံပရာသီးကအေကာင္းဆံုးဓာတ္စာပါပဲ။ ေရတစ္ဖန္ခြက္ထဲ သံပရာရည္ညွစ္ထည့္ျပီး ေန႔တိုင္းေသာက္ေပးတာက အသည္းမွာစုေနတဲ့အဆီေတြကိုအျမန္ဆံုးက်ဆင္းေစပါတယ္။ သံပရာသီးက အဆိပ္အေတာက္ဖယ္ရွားရာမွာအစြမ္းထက္သလို ဗီတာမင္ စီလည္း ၾကြယ္ဝပါတယ္။သံပရာသီးေၾကာင့္ အစာေျခစနစ္ပိုေကာင္းေစတဲ့အျပင္ အသည္းကိုလည္း အကာအကြယ္ေပးနိုင္ပါတယ္။

 

(၂) မန္က်ည္းသီး

ဟင္းခ်က္တဲ့အခါ ထည့္ခ်က္ေနက် မန္က်ည္းသီးမွာ အစြမ္းသတၱိေတြရွိေနတယ္ဆိုတာ သင္သိပါသလား။ မန္က်ည္းသီးဟာ အမွ်င္ဓာတ္နဲ႔ မျပည့္ဝဆီေတြပါဝင္မႈျမင့္မားလို႔ အဆီေၾကာင့္ေသြးေၾကာထူေသြးေၾကာက်ဥ္းေရာဂါ( arteriosclerosis) ကိုကုသရာမွာ အေထာက္အကူေပးပါတယ္။ အစာအိမ္နဲ႔အူလမ္းေၾကာင္းကို အညစ္အေၾကးဖယ္ရွားသန္႔စင္ေပးနိုင္စြမ္းရွိလို႔ အစာေျခစနစ္ကိုေကာင္းေစျပီး အဆီေတြက်ေစပါတယ္။ အဲဒီလို မန္က်ညး္သီးဟာ ေသြးကိုသန္႔စင္ေစျပီး ကိုလက္စထေရာေတြက်ေစတဲ့အျပင္ အသည္းမွာဖံုးေနတဲ့ အဆီေတြကို ေလ်ာ့ပါးေစနုိင္ပါတယ္။

 

(၃) သစ္ေတာ္သီး

သစ္ေတာ္သီးမွာ က်န္းမာေရးနဲ႔ညီညြတ္တဲ့အာဟာရဓာတ္ေတြအမ်ားၾကီးပါဝင္တဲ့အျပင္ ခ်ိဳျမတဲ့အရသာေၾကာင့္ လူကိုလန္းဆန္းေစပါတယ္။ ေရဓာတ္ပါဝင္္မႈမ်ားျပီး အမွ်င္ဓာတ္ပါဝင္မႈမ်ားလို႔ ဝမ္းခ်ဳပ္ျခင္းကိုကာကြယ္ေပးပါတယ္။ ဗီတာမင္စီအျပင္ ဗီတာမင္ဘီအုပ္စုနဲ႔ ဗီတာမင္ အီးတို႔ပါဝင္ပါတယ္။ ေသြးတြင္းကိုလက္စထေရာကိုက်ေစျပီး အစာေျခစနစ္ကိုပံုမွန္ျဖစ္ေစပါတယ္။ဒီအခ်က္ေတြေၾကာင့္ပဲ သစ္ေတာ္သီးက အသည္းကို အက်ိဳးျပဳေနတာျဖစ္ျပီး ပန္ကရိယနဲ႔အသည္းကိုသန္႔စင္ေစပါတယ္။

 

(၄) ဖရဲသီးနဲ႔ သေဘၤာေစ့

ဖရဲသီးနဲ႔သေဘၤာေစ့တို႔က သဘာဝေဆးဖက္ဝင္ပစၥည္းေတြျဖစ္ေနတာ သင္သိရဲ႕လား။ ဒီႏွစ္မ်ိဳးကိုေရာၾကိတ္ေဖ်ာ္စပ္ထားတဲ့အခ်ိဳရည္တစ္ခြက္ဟာ အသည္းကိုသန္႔စင္ေစျပီး အသည္းမွာစုေနတဲ့အဆီေတြကို ေလ်ာ့ပါးေစနိုင္စြမ္းရွိပါတယ္။ တစ္ေန႔တစ္ခြက္ေသာက္ျခင္းအားျဖင့္ အသည္းအဆီဖံုးျခင္းကို သက္သာေလ်ာ့ပါးေစပါတယ္။ ဖရဲသီးအစိတ္ေသးႏွစ္စိတ္၊ေရသန္႔တစ္ခြက္၊သေဘၤာေစ့ႏွစ္ေစ့ကို ၾကိတ္ျပီးျဖည္းျဖည္းခ်င္းေသာက္ပါ။

 

(၅) စေတာ္ဘယ္ရီ

ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ စေတာ္ဘယ္ရီသီးေလးေတြက အသည္းနဲ႔ခႏၶာကိုယ္တြင္းကို သန္႔စင္ေပးနုိင္တဲ့အာနိသင္ရွိပါတယ္။ စေတာ္ဘယ္ရီမွာ အမွ်င္ဓာတ္၊ဗီတာမင္စီနဲ႔ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြပါဝင္လို႔ ကိုယ္ခံအားကိုေကာင္းမြန္ေစပါတယ္။ ေသြးတိုးကိုက်ေစျပီး ယူရစ္အက္စစ္ကို ေလ်ာ့က်ေစပါေသးတယ္။ ေရထဲမွာ စေတာ္ဘယ္ရီထည့္၊သံပရာသီးေလးနည္းနည္းထည့္ျပီးေသာက္ရင္ detox အျဖစ္ ေသာက္လို႔ရပါတယ္။

 

source:hellosayarwon

Read times Last modified on Tuesday, 07 January 2020 13:55
Rate this item
(3 votes)