What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 September 2018 17:12

ကင်ဆာရောဂါ မဖြစ်အောင် ဘယ်လိုနေရမလဲ

ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။

ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။ ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင် ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါမယ်။

၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပါ။

၃။ အသားမစားပါနဲ့။

၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။

၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။

၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။

၇။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။

၈။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊ ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့ လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ မလုပ်ပါနဲ့။

၉။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။

၁၀။ ကိုယ်အလေးချိန် ကိုထိန်းပါ။

၁၁။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။

၁၂။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။

Source:မြန်မဝီကီပီးယား

Read: နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အစားအစာ ၇ မျိုး

နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အစားအစာ ၇ မျိုး

Read times Last modified on Friday, 28 September 2018 17:19
Rate this item
(0 votes)