What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 October 2018 17:15

ကျန်းကျန်းမာမာ နေနိင်ဖို့က လွယ်လွယ်လေးပါ

လူတိုင်း ကျန်းမာစွာနဲ့ အသက်ရှင် နေထိုင်လိုကြပါတယ်။

ဒါကြောင့် ပိုက်ဆံမကုန်ပဲ ကျန်းကျန်းမာမာ နေထိုင်နိုင်မယ့် နည်း ( ၅ ) နည်းကို ဖော်ပြလိုက်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဒီနည်းတွေကို ABCDE ဆိုပြီး အလွယ်မှတ်ပြီး လိုက်နာ ကျင့်သုံးကြပါတယ်၊

၁။ အရက်ကို ရှောင်ပါ ( Avoid Alcohol )
တစ်ခါတစ်လေ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အတူသောက်တာကလွဲလို့ အမြဲတစေ သောက်တတ်တယ်ဆိုရင် ဒါဟာ သင့်ရဲ့ ကျန်းမာရေးကို သင်ကိုယ်တိုင် ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

၂။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ ( Be Physically Active )
တကူးတက Gym သွားမှ မဟုတ်ပါဘူး။ မနက်ပိုင်းလေး အနီးအနား ခဏတဖြုတ် ထပြေးတာတို့၊ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကန်တာတို့၊ တင်းနစ်ရိုက်တာတို့၊ နောက်ဆုံး လမ်းလျှောက်တာတောင်မှ သင်ဟာ သက်လုံကောင်းပြီး ကျန်းမာသန်စွမ်းနေမှာပါ။

၃။ ဆားနဲ့ သကြား စားသုံးမှု လျှော့ချပါ ( Cut Down on Salt and Sugar )
အားဖြည့်အချိုရည်တွေ၊ ရေခဲမုန့်နဲ့ ဆီကြော်မုန့် အပါအ၀င် ဆားနဲ့ သကြား ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသုံးမှု မဖြတ်ပစ်နိုင်ရင်တောင် လျှော့ချပစ်လိုက်ပါ။ သင့်ရဲ့ ကျန်းမာရေး သိသိသာသာ ပိုကောင်းလာပါလိမ့်မယ်။

၎။ ဆေးရွက်ကြီး ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုပါနဲ့ ( Don’t use Tobacco Products )
အဓိကကတော့ ဆေးလိပ်ပါ၊ နောက် မြန်မာနိုင်ငံမှာဆိုရင် ကွမ်းအစားများကြတယ်။ ကွမ်းထဲမှာ ဆေးရွက်ကြီးကို ထည့်သွင်း စားသုံးကြတာကြောင့် ကွမ်းယာနဲ့ ဆေးလိပ်ကို ဖြတ်ပစ်ကြဖို့ လိုပါတယ်။ ဒါတွေဟာ ကင်ဆာနဲ့ အသည်းရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပါ ( Eat Plenty of Vegetables and Fruits )
အသားဟာ အာဟာရအတွက် ကောင်းမွန်ပေမဲ့ အသားချည်းပဲ အလွန်အကျွံ စားသုံးမယ်ဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကိုလည်း နေ့စဉ် မျှတစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။

ဒီအချက်လေးတွေအတိုင်း နေ့စဉ် လုပ်ဆောင်ပေးနိုင်မယ်ဆိုရင်တော့ သင်ဟာ ရောဂါဘယတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် မဟုတ်ပါလား။

Writing by: S.MO (Health Products Directory)

 

ဘယ်အချိန်မှာ အသည်းအစားထိုး ဖို့လိုအပ်သလဲ

ဘယ်အချိန်မှာ အသည်းအစားထိုး ဖို့လိုအပ်သလဲ

Read times Last modified on Tuesday, 16 October 2018 17:21
Rate this item
(1 Vote)